Friday, 24 August 2012

နိုင်ငံတော် သမ္မတမှ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့သော သ၀ဏ်လွှာ

By Popular Myanmar News Journal   မှ ကူးယူဖော်ပြပါတယ်..။




နိုင်ငံတော် သမ္မတမှ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့သော သ၀ဏ်လွှာနှင့်ပူးတွဲပါရှိသည့် သတင်းသုံးသပ်ချက်မှတ်တမ်းပါ အချက်အချို့ကို ရခိုင်တိုင်းရင်းသားများတိုးတတ်ရေးပါတီမှ ဒေါက်တာ အေးမောင် နှင့် ရခိုင်တိုင်းရင်းသားများအပါအ၀င် လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦးက ကန့်ကွက် ထားကြောင်း၂၃ ရက်နေ့တွင် ကျင်း ပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးအပြီးတွင် ပြောကြားခဲ့သည်။

အဆိုပါ သ၀ဏ်လွှာသည် ၂၂ ရက်နေ့က အမျိုးသား လွှတ်တော် တွင် ကြိုတင် ဖြန့်ဝေထားပြီးဖြစ်ကာ ၂၃ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုတွင် နာယကမှ ဖတ်ကြားရန်စီစဉ်ထား သော်လည်း ယင်းကဲ့သို့ကန့်ကွက်မှုကြောင့် ဖတ်ကြားခဲ့ခြင်းမရှိခဲ့ပေ။

နောက်ဆက်တွဲ သတင်းများအရ ကန့်ကွက်သည့်ကိုယ်စားလှယ် ၁၇ ဦးရှိကြောင်းသိရသည်။ယင်းကိစ္စတွင် အဓိကအားဖြင့် သတင်းသုံးသပ်ချက်မှတ်တမ်းတွင်ပါဝင်သောရခိုင်တိုင်းရင်းသာ စီးပွားရေးလုပ် ငန်းရှင် အချို့သည် ပဋိပက္ခကြောင့် ရပ်ဆိုင်းနေသည့် ဘင်္ဂါလီများ၏ ရပ်ဆိုင်းထားသော စီးပွားရေးလုပ်ငန်းများကို အချောင်ရယူရန် ကြိုး ပမ်းလာကြောင်းတွေ့ရှိရသည် ဟူသော စာသားကို လက်မခံနိုင်သည့် အကြောင်းအရာများပါဝင်ကြောင်းသိရသည်။
သတင်း  ...        ပေါ်ပျူလာဂျာနယ်

No comments:

Post a Comment