Wednesday, 8 August 2012

ချစ်ခြင်းနှင့်ထိမ်းမြားခြင်း


by Victor Tan on Wednesday, August 8, 2012 at 5:35am ·




ချစ်ခြင်းနှင့်ထိမ်းမြားခြင်း

တူစုံအပ်နှင်း “ချစ်ခင်ခြင်း”သည်
“ထိမ်းမြားခြင်း”၏အရုဏ်ဦး…။

တူစုံပေါင်းသင်း ထိမ်းမြားခြင်းသည်
“ချစ်ခင်ခြင်း”၏နေ၀င်ချိန်တဲ့…။

ဤအဆိုကို ဆီးကြိုကန်းဆင့် လက်မခံလင့်…။

ထိမ်းမြားပြီလျှင် ချင်ခင်မလျှော့
ချစ်မပျော့အောင် ရော့ရော့ရဲရဲ မနေပါဘဲ
အမြဲတစေ မေတ္တာရေနှင့်
မသွေဖြန်းပက် ချစ်စုံမက်၍
ပျိုးလျက်သြဇာ မြေဆွကာဖြင့်
မေတ္တာပန်းပွင့် လန်းလန်းစွင့်လျက်
ဖူးရင့်သီးလွင် အပင်ရွှင်အောင်
ချစ်ခင်ကာစ မြင်စ တနှုန်း
နှလုံးလဲခုန် ရင်လဲတုန်အောင်
ယမ်းကုန်မီးကုန် ချစ်အဟုန်ဖြင့်
ချစ်ပုံ မတိမ် ချစ်နေ၀င်ချိန်မရှိ
ချစ်မိချစ်ရာ ချစ်မေတ္တာတွင်
သစ္စာဖြိုးဝင် ကြိုးတမျှင်နှင့်
တိုးငင်ပေါင်းသင်းကြကုန်လော့…။

တက္ကသိုလ်ဘုန်းကြွယ်(ဇူလိုင် ၃၁ ၂၀၁၂)

ကြင်ကာစ ဇနီးမောင်နှံ မခင်မာနှင့် မိုက်လင်းသို့.....။

မင်္ဂလာပွဲမှာ
ရွှင်ပျော်စွာနွှဲလာ
ကိတ်ပါမနှေး ချကာကျွေး
ရှေးရေး လင်းလက်
သွေးချင်း ရင်းဆက်ပြီး
မွေးချင်း တသီတတန်း
ရည်မှန်းပြီး မွေးနိုင်ပါစေ…

ချစ်ခရီးလမ်း ဖြောင့်တန်းပျော်မြူးနိုင်ပါစေ...။

တက္ကသိုလ်ဘုန်းကြွယ်

No comments:

Post a Comment