ဘယ်တော့မှ မမေ့နိုင်တဲ့၂၄ နှစ်ရှစ်လေးလုံး နေ့ .....
ကျနော့်ရင်ထဲက ရှစ်လေးလုံးအကြောင်းပြောပြချင်လို့ ဒီစာကိုရေးလိုက်မိပါတယ်။
ငယ်ငယ်တံုးကရှစ်ဆယ့်ရှစ်ရဲ့ တစိတ်တပိုင်းလေးပါ..။နိုင်ငံရေးကို ဘာမှမသိတဲ့ ကျနော် ကျောင်းတက်နေရင်း ကျောင်းထဲမှာဘဲအဖမ်းခံခဲ့ရပါတယ်။ သိသလာက်ပေါ့ဗျာ ကျွန်တော့်ငယ်ချစ် ရှစ်ဆယ့်ရှစ် က ကျောင်းသားရဲဘော် အများစုမှာ
သွေးကြွေးတွေကိုဆွေးနွေးချင်လွန်းလို့ ယနေ့ အထိရိုးရိုးသားသား
ကြိုးစာပြီးတောင်းဆိုနေဆဲပါဘဲ။ဘယ်တော့မှမမေ့နိုင်တဲ့
အာဏာရှင်စနစ်ဖြုတ်ချရေးကအရေးကြီးတာမို့  မဆလ အား
လူထုအားဖြင့်
ကြိုးဝိုင်းထဲမှာဒိုင်ပွဲရပ်ဖြင့်
အလဲထိုးအနိုင်ယူခဲ့ကြပါတယ်။စစ်ဖိနပ်အောက်မှာ ဒူးမထောက်လက်မမြှောက် ကြပါနဲ
့.။အဲ့ဒီအချိန်မှာ
ကိုမင်းကိုနိုင် ကိုကိုကြီး တို့  ဒို့ ကျောင်းသားတွေက ကျောင်းသားခေါင်းဆောင်တွေအဖြစ်
ဟိန်းထပြီး ထိန်းမရနိုင်အောင် ယနေ့ အထိပေါ်ပေါက်လာခဲ့ကြပါတယ်။အားကျစရာပါဘဲ။အားကိုးမိခဲ့ပါတယ်။
အခု ၂၄နှစ်ပြည့်ပြီ...ဦးသိန်းစိန် အစိုးရ တဲ့ ဘာမှမပြောင်းလဲသေးဘူး ပါးပါးလေးနဲ့ အချိန်ဆွဲပြီး လိမ်နေတုံးပါဘဲ။
လေဖမ်းတရားနာမနေကြပါနဲ့ ပြောင်းလဲတာက ပြည်သူမွဲနေတယ်
ရှစ်လေးလုံး ပစ္စုပ္ပန်ကို သေချာကြည့်ရင် မတည်မြဲခြင်းနဲ့ မပိုင်ဆိုင်ခြင်းတွေကို
ကိုယ်တိုင် တိုက်ရိုက် သိနိုင်ပါလိမ်မယ်။ အဲဒါ 8888..ပါဘဲ
အခုလည်း ခေတ်သစ်8888ကို ကိုမင်းကိုနိုင်နဲ့ ရှစ်လေးလုံး
မျိုးဆက်သစ်ခေါင်းဆောင်တွေရဲ့ နောက်ကို
ပုံမှန်သာလိုက်သွားပါ..ဘာမှမဖြစ်စေရဘူး စိတ်ချနေ
ဖမ်းမှာကိုဘာမှ ကြောက်စရာမလိုပါဘူး..အခုအစိုးရက ပါးပါးလေးနဲ့ နိုင်ငံတကာနဲ့ လွှတ်တော်ထဲမှာ လိမ်နေအုံးမှာဘဲ.
ကျောင်းသားဘ၀တွေကို ပစ်စလတ်ခတ် ဖျက်ဆီးပစ်ခဲ့၈၈၈၈ ၊ ကျောင်းသားဘ၀တွေ မျက်လုံးတွေ မမြင်ရအောင် ဖောက်ထုတ်ပစ်လည်း ဂရုမစိုက်ကြနဲ့ 
ကျောင်းသားဘ၀တွေတကိုယ်လုံးကို ရိုက်ချိုးပစ်လည်း ဂရုမစိုက်ကြနဲ့ 
ကျောင်းသားဘ၀တွေပါးစပ်ကို ဘာမှ ပြောလို့ မရအောင် ပိတ်ပစ်ထားလည်း ဂရုမစိုက်ကြနဲ့ 
ကျောင်းသားဘ၀တွေရဲ့ နားနှစ်ခုစလုံးကို ထိုးဖောက်ပစ်လည်း ဂရုမစိုက်ကြပါနဲ့ 
ကျောင်းသားဘ၀တွေရဲ့ နှလုံးသားကို ခံစားလို့ မရအောင် နင်းချေပစ်လည်း ဂရုမစိုက်ကြပါနဲ့ 
လဲကျနေရင် ပြန်ထပြီး ဆက်လျှောက်ကြရပါမယ်... အရှုံးမပေးကြပါနဲ့ ..လို
့တမ်းတရင်း ဘယ်တော့မှ မမေ့နိုင်တဲ့၂၄ နှစ်ရှစ်လေးလုံး နေ့ ကိုဂုဏ်ပြု
ကြို ဆိုရင်းရေးလိုက်မိပါတယ်.
ကိုထွန်းဝေ

No comments:
Post a Comment