Friday 10 August 2012

မေတ္တာတုံးတွေ

ဘာကြောင့် ကမ္ဘာ့ မီဒီယာ မျက်နှာစာမှာ မြန်မာတွေ အရေးနိမ့်နေတာလဲ



မောင်းတော အဓိကရုန်း ကာလ က မြင်ကွင်း တခု 


အင်တာနက်စာမျက်နှာပေါ် ရောက်လာတဲ့ ဗီဒိယို ကလစ်တခုပါ။ မောင်းတောမြို့က အဓိကရုန်းမှာ ဘင်ဂါလီတွေက ရခိုင်တွေကို ၀ိုင်းပြိး ရိုက်သတ်နေတာကို ရိုဟင်ဂျာတယောက်က တယ်လီဖုန်းနဲ့မှတ်တမ်း တင်ထားတာ ဖြစ်ပါတယ်။

နှလုံး မကောင်းသူများ မကြည့်သင့်ပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။








ယခု ရုပ်သံကလစ်ကို ဖော်ပြလိုက်ခြင်းကတော့ ဘာသာရေး၊ လူမျိုးရေး အဓိကရုန်းတွေကို အမုန်းမီးပွားစေ ဖို့ မဟုတ်ပဲ အဖြစ်မှန် သိစေရေးကို ရည်ရွယ်ပါတယ်။ 

 ကမ္ဘာ့မီဒီယာ မျက်နှာစာမှာတော့  မြန်မာအစိုးရဟာ ရိုဟင်ဂျာတွေကို မတရား သတ်ဖြတ်နေတဲ့ သတင်းတွေ ပလူပျံနေပါတယ်။ နိုင်ငံတကာ သတင်းမီဒီယာတွေကို မြန်မာသတင်းသမားတွေ မတုံ့ပြန် တတ်ခဲ့တော့ အခုလို အရေးနိမ့်နေတယ်လို့လည်းမြင်ပါတယ်။ 

တဖက်က သတင်းမီဒီယာတင်ပြမှုအပိုင်းမှာ မြန်မာအစိုးရထက် သာလွန်တာ ငြင်းမရပါဘူး။ ဘာကြောင့် မြန်မာအစိုးရနဲ့ မြန်မာနိုင်ငံသားတွေ သတင်းမီဒီယာမျက်နှာစာမှာ မြန်မာရဲ့ အဖြစ်မှန်တွေ ကို နိုင်ငံတကာ သတင်းရေစီးကြောင်းထဲကို မတင်ပြနိုင်ခဲ့တာလည်းဆိုတဲ့အဖြေက ရှင်းပါတယ်။ 

အခုမှ မြန်မာဟာ သတင်းမီဒီယာဆိုတာကို နည်းနည်း အသိအမှတ်ပြုလာပြီး စာနယ်ဇင်း သမားတွေဟာ တိုင်းပြည်အတွက်တင်သာမက လူ့အဖွဲ့အစည်းအတွက် သိပ်အရေးကြီးတယ်ဆိုတာ သိလာကြတာပါ။ 

တလျှောက်လုံး သတင်းသမားဆိုရင် အတင်းသမား မဟုတ်မမှန် လုပ်ကြံပြောသူ၊ စသဖြင့် ရန်သူကြီးတွေလို သဘောထားပြီး ပိတ်လှောင်ထားတော့ မြန်မာ့လူ့အဖွဲ့အစည်းက သတင်းသမားကောင်းတွေ အားနည်း 
ပြီး နိုင်ငံတကာ မီဒီယာ မျက်နှာစာထဲကို ၀င်ဆံ့အောင် ယှဉ်နိုင်သူက နည်းပါးလာတာပဲ။ 

သတင်းသမားတွေကို ပိတ်ဆို့ကန့်သတ်မှုတွေများလာတော့ သတင်းသမားတွေကို အ အောင်၊ မ ထက်အောင် မစွမ်းအောင် လုပ်ထားတဲ့ အာဏာရှင်များကြောင့် အခုတော့ မြန်မာ့ လူ့အဖွဲ့အစည်းကပါ ခံစားနေရတာပါ။ 

စစ်ဗိုလ် တွေနဲ့ စစ်ဗိုလ် လူထွက် ဘောင်းဘီချွတ်တွေက စစ်ယူနီဖောင်း ၀တ်ပြီး စစ်ကျောင်းက ဆင်း လိုက်တာနဲ့ အဌာရသ ၁၈ ရပ် ပညာ အကုန်တတ်ပြီမှတ်ပြီး လူ့အဖွဲ့အစည်းကို ငါတို့ အကုန်သိ၊ အကုန် တတ်တယ် ထင်နေတဲ့ ပြဿနာကို မဖြေရှင်းသေးသရွေ့တော့ မြန်မာတွေ ခံကြရပေအုံးမယ်။
သတင်း ဂိုက်တင်းစတား

1 comment:

  1. ရခိုင်တွေက သတ်တာလည်း တင်ပေးပါ၊

    ReplyDelete