Thursday, 9 August 2012
ရာသီရိုင်းတို့ရဲ့ အထဲမှာ
ရာသီရိုင်းတို့ရဲ့ အထဲမှာ
by Ye Yint Thet Zwe on Thursday, August 9, 2012 at 9:28am ·
ရာသီရိုင်းတို့ရဲ့ အထဲမှာကောင်းကင်တခွင်လုံးညို့ညို့ မှိုင်းမှိုင်းရာသီရိုင်းမှာတမ်းတ ကြေမွကြွေကျ မျက်ရည်နေညိုပြီဆို အမေငိုပြီလေ ။မတ်လ တဆယ့်သုံး အရေးတော်ပုံမှာကျဆုံးခဲ့တဲ့ရဲဘော်ဖုန်းမော်ရဲဘော် စိုးနိုင် တို့ရေမတ်လ တဆယ့်ခြောက်တံတားနီ အရေးတော်ပုံမှာအသက်ပေးခဲ့ကြတဲ့ရဲဘော် ရဲမေ အပေါင်းတို့ ရေဇွန် နှစ်ဆယ့်တစ် မြေနီကုန်းမီးပွိုင့်အနီးမှာအသက်ပေးသွားတဲ့ (အကသ)ကညီငယ် ညီမငယ်အပေါင်းတို့ရေသြဂုတ်လ ၈၊ ၉၊ ၁၀၊ ၁၁၊ ၁၂ ရက်တွေမှာအသက်စွန့်သွားခဲ့ကြတဲ့ရဟန်းရှင်လူကျောင်းသား ပြည်သူအပေါင်းတို့ရေစက်တင်ဘာ တဆယ့်ကိုးရက်နေ့မှာ ကျဆုံးခဲ့တဲု့ညီမလေး ၀င်းမော်ဉီး ရေသွေးအလူးလူ အလိမ်းလိမ်းကြားကအဲဒီလိုမျိုး စိမ်းကားတဲ့အကြည့်နဲ့ ကြည့်တဲ့အခါငါတို့မှာ ဖြေရှင်းစရာဘာသာဗေဒ ဆွံ့အ ရှားပါးငါတို့ ဟာ အသက်ရှင်ခြင်းတရားမှာအကြိမ်ကြိမ် သေဆုံးခဲ့ကြတို့ခေတ်ကျမှ ညံ့ချက်က ကမ်းကုန်အောင်ပါပဲ ၊တကယ်တမ်းကျတော့ အတိတ်နဲ့ အနာဂတ် ဆက်စပ်ဖို့ရာ အလင်းနှစ် သန်းပေါင်းများစွာမလိုနှစ်ဆယ့်လေးနှစ်ဆိုတဲ့ အချိန်တိုလေးဟာမှန်ထဲ ကိုယ့်ဒဏ်ရာ ကိုယ်ပြန်မြင်ရသလိုမျိုးနာကျည်းမှုတို့  ရှင်ပြန်ထမြောက်ရာသွေးညှီနံ့တွေ လွှမ်းခြုံနေတဲ့ လမ်းများထက်မှာငါတို့ အခုအချိန်အထိ ရင်ကွဲပက်လက် တိုက်ပွဲဆက်ဆဲ ။ရင်ကွဲပက်လက် တိုက်ပွဲဆက်ဆဲ ။
ရဲရင့်သက်ဇွဲ
Subscribe to:
Post Comments (Atom)


No comments:
Post a Comment