by Kamar Nilar on Sunday, August 26, 2012 at 5:47pm ·
ဂျပန်ရဲ့ နွေရာသီလတွေဟာ ပူပြင်းပြီး အိုက် စပ်စပ်နိုင်လှ သလို နွေရာသီရဲ့ နောက်ဆုံးလဖြစ်တဲ့ သြဂတ်စ်လဟာ ဂျပန်နိုင်ငံရဲ့နေရာတော်တော်များများမှာ အပူဒဏ်ကြောင့် စိတ်ပျက်ငြီးငွေ့ ဖွယ်ကောင်းတဲ့ နေ့တွေကိုဒီအတိုင်း ခြောက်သွေ့စွာ ဖြတ်သန်းမယ့်အစား odori(အိုဒိုရိ) လို့ခေါ် တဲ့ နွေရာသီရိုးရာအကတွေ၊ မီးပန်းဖောက်ပွဲတွေနေရာအတော်များများမှာ ကျင်းပလေ့ရှိကြပါတယ်။
အဲဒီအထဲမှာမှ တိုကျိုက ထူးခြားတဲ့ နိုင်ငံခြားယဉ်ကျေးမူ အကတခုကလည်း ပါဝင်နေပြီး သြဂတ်စ်လရဲ့ နောက်ဆုံးပတ် စနေနေ့လိုနေ့မျိုးမှာ တိုင်းတိုးခုမြို့နယ်ကအစကုစ(Asakusa)ရပ်ကွက်က နှစ်စဉ် ဦးစီးကျင်းပတဲ့ ဘရာဇီးရိုးရာ ယဉ်ကျေးမူအကတခုဖြစ်တဲ့ sambaအက ကလည်း တိုကျိုမှာ တော်တော်လေးကို နာမည်ကြီးလှပါတယ်။
အစကုစ(Asakusa) ဆိုတာကတော့ ဂျပန်ရဲ့ ရှေးအကျဆုံး နတ်ဘုရားကျောင်းတခု တည်ရှိနေပြီး ယခုအသစ်ဆောက်လိုက်တဲ့ sky tree towerနဲ့ လည်း အနီးမှာတည်ရှိနေတာမို့ နိုင်ငံခြားသားခရီးသွားတွေနဲ့ အမြဲစည်ကားနေတဲ့ နေရာတခုပါ။
တိုကျိုရဲ့ တခြားမြို့နယ်တွေမှာလည်း ဘရာဇီးရိုးရာယဉ်ကျေးမူအက(samba)ကို ကျင်းပပြုလုပ်ပေမယ့် အစကုစ(Asakusa) မှာလုပ်တဲ့ ဆမ်ဘ (samba)ပွဲတော်ကတော့ အကြီးကျယ်ဆုံးနဲ့ နာမည်ကြီး လူသိများလှပါတယ်။ နှစ်စဉ် ပွဲတော်ကိုလာရောက်သူပေါင်း ငါးသိန်းကျော်ရှိပြီး ပွဲတော်အတွင်းမှာ ပါဝင်ကပြဖျော်ဖြေ ကြသူတွေမှာ ဘရာဇီးနိုင်ငံက ဆမ်ဘ အကအဖွဲ့ အကျော်အမော် တွေကအစ လာရောက်ဖျော်ဖြေကပြကြသလို ဂျပန်မှာနေထိုင်နေကြတဲ့ ဘရာဇီးလူမျီုးတွေအပါအ၀င် ဂျပန်ရဲ့ လှပျိုဖြူလေးတွေကလည်း ကပြအသုံးတော်ခံကြတာကို တွေ့မြင်ရမှာပါ။
ဂျပန်မှာ ဆမ်ဘလို့ခေါ်တဲ့ ဘရာဇီးရိုးရာအကကို အစကုစ(asakusa)မှာ ၁၉၈၁ခုနှစ် သြဂတ်စ်လ၊ ၂၉ ရက်နေ့က စတင်ကျင်းပပြုလုပ်ခဲ့ကြတာဖြစ်ပြီး၊ ယခုနှစ် ၂၀၁၂ ခုနှစ် သြဂတ်စ်လ ၂၆ ရက်နေ့ မှာဆိုရင် ၃၁ ကြိမ်မြောက် တိုင်ခဲ့ပါပြီ။ ဒီဘရာဇီးရိုးရာ ဆမ်ဘအကရဲ့ မူရင်းက အာဖရိကလူမျိုးတွေရဲ့ အကပါ။ ဒီအကဟာ ဘရာဇီးနိုင်ငံကိုရောက်ရှိလာပြီး ရိုးရာယဉ်ကျေးမူအကတခုအဖြစ် ထင်ပေါ်ကျော်ကြား လာခဲ့ရာကစလို့ ဆမ်ဘအက(samba)လို့ ကမ္ဘာမှာကျော်ကြားလာခဲ့တာပါဘဲ။
ဆမ်ဘအကဟာ မြူးကြွတဲ့ တေးသွားသီချင်းတွေနဲ့အတူ သွက်သွက်လက်လက်ကပြဖျော်ဖြေမှသာ အသက်ဝင်မူရှိပြီး ကပြဖျော်ဖြေသူတွေဟာ ပုံစံအမျီုးမျီုးအ၀တ်အစားတွေနဲ့ ကပြဖျော်ဖြေမူရှိသလို အဓိကကတော့ ရောင်စုံငှက်မွေးအတောင် ဦးဆောင်းနဲ့ ခန္ဓာကိုယ်မှာ ငှက်အတောင်ပုံစံတပ်ဆင်ပြီး မလုံတလုံ အ၀တ်အစားတွေနဲ့ sexy ဆန်ဆန် ခန္ဓာကိုယ်အလှကို အချိုးကျကျ လှုပ်ရမ်းကပြရတာမို့ အကိုကာလသားတွေရဲ့ အသည်းစွဲအကဖြစ်နေတော့တာပါဘဲ။
ဂျပန်ကို(samba)အက ဘယ်လိုရောက်
၁၉၀၈ခုနှစ်၊ ဂျွန်လမှာ ဂျပန်အိမ်ထောင်စု(၁၆၅) စုတွေဟာ ဘရာဇီးနိုင်ငံ Sao Paulo ဆိုတဲ့မြို့မှာ သွားရောက်ပြီး ကော်ဖီစေ့လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုခဲ့ရာကစလို့ ဘရာဇီး ယဉ်ကျေးမူ အကဖြစ်တဲ့ ဆမ်ဘ(samba) ဂျပန်ကို ၀င်ရောက်လာခဲ့တာဖြစ်ပါတယ်။
Sao Paulo မြို့နဲ့ Parana မြို့နှစ်မြို့ဟာ ယခုဆိုလျှင် ဂျပန်လူမျိုးတွေနဲ့ ပြည့်နေတာမို့ ဘရာဇီးနိုင်ငံက တိုကျိုမြို့လို့တောင် ဂျပန်တွေက တင်စားခေါ်ဝေါ်နေကြပါတယ်။ ၁၉၈၁ခုနှစ်မှာတော့ Taitoku မြို့နယ်က လူကြီးတွေနဲ့ မြို့မျက်နှာဖုံးဖြစ်တဲ့ junzaburo ban (ဂျွန်ဇဘုရိုဘမ်း) တို့ကဦးစီးပြီး samba (ဆမ်ဘ) အကပွဲတော်ကို ကျင်းပပြုလုပ်ခဲ့ကြတာ ဖြစ်သလို၊ အဲဒီပွဲတော်မှာ ဘရာဇီးရိုးရာအကတွေ အပါအ၀င် အခြားအနုပညာ ဖျော်ဖြေတင်ဆက်မူ တွေကိုပါ ပူးတွဲတင်ဆက်ဖျော်ဖြေတာမို့ အစကုစ(Asakusa)လမ်းမကြီးတလျှောက်မှာ နေ့လည်(၁)နာရီမှ စတင်တဲ့ အကအဖွဲ့တွေဟာ ညနေ(၆)နာရီအထိ စီတန်းကပြ လှည့်လည်ဖျော်ဖြေနေကြတာ မျက်စီတဆုံး ငေးမဆုံး နိုင်လှသလို အကိုကာလသားတွေအတွက် ရင်ခုန်သံအပြင်းထန်ဆုံး ပွဲတပွဲဖြစ်တဲ့အတွက် ကမာကောင်တယောက်လည်း လမ်းမမှာရှေ့ဆုံးကနေရာရဖို့အရေး နံနက်၁၀နာရီကတည်းက နေပူကျဲကျဲအောက်မှာ လက်စွဲတော် ကင်မရာစွဲ၇င်း သွားရောက် ရင်ခုန်ခဲ့တယ်ဆိုတဲ့အကြောင်း။
ကမာနီလာ
( ရိုက်ကူးခဲ့တဲ့ပုံတွေ ထဲက အများကြည့်လို့အဆင်ပြေမယ့် ပုံတချို့ကိုမျှဝေပေးလိုက်ပါတယ်၊ ဓာတ်ပုံတွေထဲမှာ တချို့အမြင်ရိုင်းတာ တွေပါကောင်းပါမယ်၊ ဂျပန်ရဲ့ ရိုးရာယဥိကျေးမူ တွေနဲ့ ဒေသန္တရ ဗဟုသုတတွေကို မျှဝေပေးတဲ သတင်းဆာင်းပါး တစ်ပုဒ်သာဖြစ်တာကြောင့် ကွန်မန့်တွေမှာ အများဖတ်ရန်မသင့်တော်တဲ့ စကားလုံးတွေရေးလျှင် ဖျက်ပစ်မှာဖြစ်ကြောင်း ........)
No comments:
Post a Comment