ရွေးကောက်ပွဲ ကော်မရှင်ကရော ပြည်ထောင်စုအဆင့်လား ၊ မဟုတ်ဘူးဆိုရင် ရွှေးကောက်ပွဲ ရလဒ်တွေကို ပယ်ဖျက်လိုက်ရမှာလား ....
မည်သို့ပင် လွှဲချော်နေသည့် အခြေခံဥပဒေဖြစ်စေ ယခုအချိန်မှာ လွတ်တော်က ဖွဲ့စည်းတဲ့ ကော်မရှင်တွေဟာ ပြည်ထောင်စု အဆင့်မဟုတ်ဘူးလို့ ကြေငှာခြင်းဟာ အခုလို နိုင်ငံရေး အကျပ်အတည်းကြီးကို ဖြစ်ပေါ်စေတာပဲ ....
ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် လွတ်တော်ကြီး ရှေ့တက်လို့ မရနိုင်အောင် ဖြစ်နေရတဲ့ အတွက် ပြည်သူ

လူထုကို
များစွာထိခိုက်စေပါတယ် ၊ အမေစု ရေးဆွဲမယ်လို့ ကြံစည်ထားတဲ့ ပညာရေးအက်ဥပဒေ ၊
FDI ဥပဒေ ၊ မီဒီယာဥပဒေ အားလုံးဟာ ရှန့်တိန်းဖြစ်နေရတယ် ....
ခုံရုံးအနေနဲ့ ပြည်သူ့မျက်နှာကို ထောက်ထားသင့်ပါတယ် .... ကျနော်တို့မှာ ဘယ်ဥပဒေမှ လောက်လောက်လားလား မပေါ်ပေါက်သေးပါဘူး ၊ တိုင်းရင်းသားတွေလည်း အကာအကွယ်
မဲ့နေဆဲ ပါပဲ ....
မီဒီယာများ အားလုံးလဲ ပွဲဆူရုံ ရောင်းကောင်းလောက်သာ မကြည့်ကြပဲ တိုင်းပြည်နဲ့ ပြည်သူ့ မျက်နှာကို ထောက်ထားပြီး ခုံရုံးကို အလျော့ပေးရန်ဆိုတဲ့ အာဘော်ကိုပဲ သုံးသင့်ပါတယ် ၊
ဒါမှမဟုတ်ရင် တိုင်းပြည်ရဲ့ ထွက်ပေါက်က ပို၍ ပို၍သာ ကျဉ်းကျပ်လာပါလိမ့်မယ် ....

No comments:
Post a Comment