Monday 27 August 2012

စိုးထိတ်မိတယ်...ဧရာဝတီရေ


စိုးထိတ်မိတယ်...ဧရာဝတီရေ 

စောစောစီးစီးသိလိုက်ရတာ

သက်ရှိအရာများ

နိုးမထသေးခင်

သူ့အသည်းကြားတစ်နေရာက

သယံဇာတတွေခန်းခြောက်ရတော့မယ်တယ်လေ.....။



ငါတို့အမြတ်တနိုးထားနေရတဲ့

သူ့မွေးဖွားလာခဲ့ရတဲ့ မြစ်ဆုံဟာ

အခုဆို

မျက်ရည်ဥတို့တွဲခိုလို့

အတ္တ တရားရဲ့

ရမ္မက်လောင်ကျွမ်းမှု့တွေနဲ့ခြောက်ခြားခံနေရတယ်လေ.....။



ငါတို့သိတဲ့ ဘ၀ဆိုတာ

အချိန်ဆိုတဲ့ပိုင်နက်ထဲ

ဆန့်သောလက်တို့မကွေးမီ

ကွေးသောလက်တို့မဆန့်ခင်

သင့် ရေစီးသံလေးခံစားရင်း

ငါတို့မသိတဲ့တစ်နေ့မှာ

သင့်

ရင်ခွင်မှာသွေးတွေစီးဆင်းနေမှာစိုးထိတ်မိတယ်...ဧရာဝတီရေ.....။ ။

By Yannyein Thu

No comments:

Post a Comment