Sunday, 26 August 2012

"ဤစည်းကိုကျော်လျှင် ပစ်မည်။"




"ဤစည်းကိုကျော်လျှင် ပစ်မည်။"

မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ပညာရှင်တွေ အကြံပေးတွေက ပြည်သူတွေကို စိုးရိမ်သောကအပြည့်နဲ့ သတိပေးလေ့ရှိပါတယ်။ " နောက်ပြန်လှည့်သွားလိမ့်မယ်။ အရမ်း Radical မဆန်ကြပါနဲ့။" စသဖြင့်ပေါ့လေ။

မြင်ရသလောက်တော့ အတိုက်အခံအင်အားစုအပါအဝင် ပြည်သူတွေဟာ လက်ရှိအုပ်ချုပ်သူတွေအပေါ်သဘောထားကြီးပါတယ်။ ဆရာသမားတို့ထင်သလို လောမကြီးပါဘူး။ အရှိန်သတ်စရာရှိရင်သတ်ပါတယ်။ အလုပ်သမား လယ်သမားတွေလဲ ဖြစ်သ
င့်ဖြစ်အပ်တဲ့ လိုလားတောင်းဆိုမှုများသာပြူပါတယ်။နောက်ပြီး မြို့ပြလူထုရဲ့ ဆန္ဒဖော်ထုတ်မှုတွေကို ကြည့်ပါ။ ရယ်ဒီကယ် ဆန်တယ်လို့ ခင်ဗျားတို့ ကောက်ချက်ချထားတဲ့ပြည်တွင်းက လွှတ်တော်တွင်း/ပြင် အတိုက်အခံတွေလည်း ဆိုရင်လဲ ပြေလည်အောင် အကျယ်မဖြစ်ရအောင် ထိန်းသိမ်းပေးတာသာ တွေ့ရပါတယ်။

အကြောက်အကန် ငြင်းဆန်မှုတွေ ရှိနေတာ ရှေ့မတိုးတာက ဆရာသမားတို့ ရှေ့နေလိုက်နေတဲ့ အာဏာလက်ဝယ်ရှိသူတွေပါ။ လယ်သိမ်းမြေသိမ်းကာ ပြည်သူကို ဆက်လက် ခြိမ်းခြောက် အနိုင်ကျင့်နေမှူတွေ၊ လွှတ်တော်နဲ့ အစိုးရ အာဏာပြိုင်မှူတွေ၊ ကချင်စစ်ပွဲမှာ စစ်တပ်ကို အစိုးရက မနိုင်မနင်းဖြစ်နေတာတွေ၊ ရိုဟင်ဂျာ ပြသနာမှာ ခိုင်မာတဲ့ မူဝါဒမရှိဘဲ ကသမ်းကရမ်းဖြစ်နေတာတွေဟာ သာဓကတွေ ပါ။ ရှေ့ခရီးကို အတူ လက်တွဲလျှောက်ချင်ပေမဲ့လည်း ထိပ်ကပိတ်ပြီး တုတ်ပြ ခဲပြ လုပ်နေတာ ကြည့်မကောင်းတော့ပါဘူး။အချင်းချင်းလဲ ပြသနာတွေတက်ပြီးရင်းတက်ကာ နောက်ပြန်ဂီယာထိုးဖို့ပြင်ပြီး ကျောက်ချရပ်ကာ ရွှေရည်စိမ် ဒီမိုကရေစီနဲ့ ချွေးသိပ်ချင်တဲ့ ပုဂ္ဂိုလ်ကြီးတွေကိုလဲ နည်းနည်းတော့ ရှေ့တိုးဖို့ အရဲလေးကိုးပြီးပြောကြပါဦး။နင်းပြား ပြည်သူတွေကို အချိန်ပေးပါ၊ မလောပါနဲ့လို့ လဲ လက်ချာဆက်ရိုက်တာ လဲရိုက်ပေါ့လေ။ နည်းနည်းတော့ များနေသလားလို့ပါ။

No comments:

Post a Comment