Wednesday, 8 August 2012

မပြီးသေးတဲ့ အတိတ်ပန်းချီကားချပ် ( ၂၄ နှစ်ပြည့် ၈၈၈၈ လေးလုံးနေ့ အမှတ်တရ ကဗျာ )


by Ko Baloi on Wednesday, August 8, 2012 at 7:28am ·

စုတ်ချက်ကြမ်းကြမ်းနဲ့ ရေးဆွဲခဲ့ကြတဲ့
အတိတ်ပန်းချီကားချပ်ဟာ
၂၄ နှစ်ပြည့်လို့ မှုန်ဝါးနေဦးမယ်ဆိုရင်...
အတိတ်ကိုလှည့်ကြည့်လိုက်တော့
မညီသံစဉ်တွေရောပြီး
စိတ်ကူးပုံစံမျိုးစုံနဲ့ ရေးချယ်ထားတဲ့
အတိတ်ပန်းချီးကားချပ်ဟာ အရောင်အဆင်းတွေပျက်ပျယ်ပြီး
ငါတို့ကို ပျက်ရယ်ပြုနေသလိုပဲ..။
အရှေ့ဆီမှာ ရောင်နီမသန်းသေးပေမယ့်
၂၄ နှစ်တာ ရေဆန် လေထန်ခရီးမှာ
မလျှော့သောဇွဲလုံးလနဲ့  ခရီးဆက်နေသူတွေဟာ
ခရီးတထောက်တော့ရောက်ခဲ့တယ်လို့ ဆိုရမှာပဲ..။
ဒါပေမယ့်....ခရီးဆုံးပန်းတိုင်ရောက်ဖို့
စိတ်သစ်အားတွေလောင်းပြီး ခရီးဆုံးကိုဆက်ဖို့တော့လိုတယ်။


ကဲ....ငါတို့တတွေရဲ့ စိတ်သစ်အားမာန်နဲ့
မပြီးသေးတဲ့ မှုန်ဝါးဝါးဆေးရောင်စုံ အတိတ်ပန်းချီကားချပ်
ရုပ်လုံးတွေပေါ်ကြွလာအောင် တထပ်တည်းကျတဲ့ စိတ်ကူးနဲ့
ဒီမိုကရေစီရဲ့ သင်္ကေသရုပ်ပုံတွေ ညီညီညာညာနဲ့ ပြိုင်တူရေးဆွဲကြပါ...စို့။
( ကိုဗလိုင် )


၂၄ နှစ်ပြည့် ၈၈၈၈ လေးလုံးဒီမိုကရေစီ ပြည်သူ့အရေးတော်ပုံ
အထိမ်းအမှတ်နေ့အား ဤကဗျာဖြင့် ဂုဏ်ပြုအပ်ပါသည်။

No comments:

Post a Comment