Showing posts with label နှိုးဆော်ချက် ဓါတ်ပုံဖိုင်များ. Show all posts
Showing posts with label နှိုးဆော်ချက် ဓါတ်ပုံဖိုင်များ. Show all posts

Sunday, 28 October 2012

လက်ပန်းတောင်းဆည်တဲရွာမှာရွာသူ ၃ဦးကို ရဲများကရိုက်နှက်


                                  မီဒီယာသမားများအတွက် မြန်မာ ၀မ်ပေါင်ရဲ့လိပ်စာကဒ်တခု
                                   ကိုယ့်မြေ ကိုယ့်ယာ ကို ဒိလိုပဲ လာသိမ်းရင်ဘယ်သူကကျေနပ်နိုင်မလဲ။
                                          လက်ပန်းတောင်းဆည်တဲရွာမှာရွာသူ ၃ဦးကို ရဲများကရိုက်နှက်
အဆောက်အဦးဆောက်တာကို တားဆီးနေကြပုံဆည်တဲရွာ က ၂၇-၁၀-၁၂ မြင်ကွင်း

လက်ပန်းတောင်းဆည်တဲရွာက ကိုကျော်နိုင်ပိုင်တဲ့လယ်မြေမှာ စိမံကိန်းက နေကြေးနီသန့်စင်တဲ့စက်ရုံလာဆောက်တဲ့အတွက် လယ်သမားတွေက တားဆီးခဲ့ပြိး တရုပ်လူမျိုးဆောက်လုပ်ရေးဝန်ထမ်းတဦးကို ဦးပိုင်ကုမ္မဏီကိုခေါ်ပေးဖို့ တောင်းဆိုခဲ့ပါတယ် ။

ဝန်ထမ်းနဲ့စကားပြန်က ဖုန်းမပါဘူးဆိုတာကြောင့် ရွာသားတွေက သူတိုဖုန်းနဲ့ဆက်သွယ်ခိုင်းတဲ့အခါ ဆက်မသွယ်ပေးတာကြောင့် ဦးပိုင်ကုမဏီကမလာမချင်း မပြန်သေးဖို့တားခဲ့တယ်လို့ဆိုပါတယ် ။

ရွာသားတွေပိုင်တဲ့လယ်တွေပေါ်မှာကုမ္မဏီက အဆောက်အဦးတွေဆောက်ချင်သလို ဆောက်နေတဲ့ကိစ္စကို ဘယ်သူမှဖြေရှင်းပေးခြင်းမရှိ တာကြောင့်ရွာသားများက အဆောက်အဦးတွေလာဆောက်တိုင်းအချိုန်ကုန်ခံပြိး ဆန္ဒပြရ တားဆီးရလုပ်နေတာဟာ တလထဲမှာအကြိမ်ပေါင်းမနည်းရှိပြီလို့ဆိုပါတယ် ။

တရုပ်ဝန်ထမ်းကိုမပြန်သေးဖို့ပြောဆိုတဲ့ ဒေသခံတောင်သူတွေကိုလုံခြုံရေးရဲများကရွာသားတွေကိုအကြမ်းဖက်တယ်ဆိုပြိး ၀င်ရောက် ရိုက်နှက်တဲ့အတွက် ဆည်တဲရွာက ရွာသူ အမျိုးသမီး ၃ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ် ။

ဒီအတွက်ဆားလင်းကြီး ရဲစခန်းမှာနာကျင်စေမူနဲ့အမူဖွင့်တိုင်ကြားထားပါတယ်။

လုပ်စားစရာမြေမရှိလို့ သူတို့ လယ်မြေတွေပေါ်မှာအဆောက်အဦးဆောက်တာကို တားဆီးနေကြပုံ ဆည်တဲရွာ က ၂၇-၁၀-၁၂ မြင်ကွင်း
Photo.aye mar Facebook

Monday, 15 October 2012

တိုက်ပွဲခေါ်သံ (သို့မဟုတ်) သာကီမျိုးတို့နိုးထချိန်





မျိုးချစ်ပုဂ္ဂိုလ် ရဟန်းရှင်လူ၊ပြည်သူတို့ ရဲ့ တိုက်ပွဲဝင်မယ့်နေ့ သို့မဟုတ် အမျိုး၊ဘာသာ၊သာသနာအတွက်

ခံတပ်ထိုးမယ့်နေ့ .. ဒါဟာ ရှေ့ဆုံးကခံတပ်တံတိုင်းထိုးလိုက်ခြင်းပဲ .. သာသနာအတွက်၊ဘာသာအတွက်၊

နိုင်ငံအတွက်၊လူမျိုးအတွက် တိုင်းတစ်ပါးသားဘာသာခြားတို့ ငါတို့ရဲ့ အသွေးအသားနဲ့တည်ဆောက်ထား

တဲ့ခံတပ်တံတိုင်းတွေ၊ငါတို့ရဲ့အသက်ဝိညာဉ်နဲ့တည်ဆောက်ထားတဲ့ခံတပ်တံတိုင်းတွေ အဆင့်ဆင့်ကျော်

ဖြတ်ပြီးမှ ငါတို့မြေကို ငါတို့ဘာသာကို မင်းတို့ဖြိုခွဲခွင့်ရမယ် ..

Saturday, 6 October 2012

ကိုမြင့်အေးရေ (၃)


တိုင်းပြည်ထာဝရ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေး အတွက် ဆုတောင်းခြင်း.. တောင်းဆိုခြင်း.. လှုပ်ရှားမှုတခု(photo @U Saw Hlaing -Inndaw)



 ခေါင်းအရိုက်ခံရတဲ့အမှုတိုင်း.. ရဲစစ်ချက်နဲ့-အမှုဖွှင့်ရပါတယ်။  ဆေးရုံမှာအနည်းဆုံး တရက်တင်ပြီး သေချာကြတ်မတ်ရပါတယ်။ လူနာ ဦးနှောက်တွင်းတစိမ့်စိမ့် သွေးယိုစီးမှုနဲ့  တပတ်ကြာမှကွယ်လွန်ဆုံးပါးတဲ့ ဆေးမှတ်တမ်းတွေလည်း အများကြီးပါ။
  မလဲ့… ခင်ဗျားကမိန်းမသားတယောက်ထဲ ခင်ပွန်းသည်အသက်အတွက် အပူမီးတောက်နေချိန် မှာ ရဲနဲ့စစ် ထောက်လှမ်းရေးတွေက အချိန်ပြည့်လာရောက်စောင့်ကြပ်နေတယ်ဆိုတဲ့သတင်း-ကျွန်တော်တို့ရတယ်။

Thursday, 27 September 2012

ကိုဌေးနိုင် သေသွားပြီးနောက် သားသတ်သမားများ မှ ရှင်းတမ်းစာ

မိုးသီးဇွန် ရိုးသားခဲ့ရင် ဘာလို့ လုပ်ရတာလဲ ။

ကိုဌေးနိုင်ကို စဖမ်းတော့လဲ ရိုးသားမှု မရှိခဲ့ဖူး ။
အဖွဲ့ အင်အားပြိုင်ရင်း ဖမ်းတယ်
နိုင်အောင် သတင်းပေးလို့ ဖမ်းတယ်
ကရင်ဖိအားပေးလို့ ဖမ်းတယ် ။

စစ်ဆေးတော့လဲ မြစ်တဖက်ကမ်း လူမသိအောင် စစ်ဆေးခဲ့တယ် ။
ကိုဌေးနိုင် ထောက်လှမ်းရေးပါလို့ ဝန်ခံတဲ့ အထိ နှိပ်စက်ခံရတယ် ။
ကိုဌေးနိုင် ဝန်ခံတဲ့ ဗီဒီယို ရှိနေတယ်