Thursday 30 October 2014

ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည် တို. အောက်တိုဘာလ(၃၀) တွင် တွေ.ဆုံမည်။

သုံးပွင့်ဆိုင် ( ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည် တို. အောက်တိုဘာလ(၃၀) တွင် တွေ.ဆုံကြတော့မည်။
တိုင်းပြည်ပဲတကယ်ပြောင်းလဲးမလား ဆိုတာကြည့်ရတော့မယ်

နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့အပါအဝင် ထိပ်တန်းခေါင်းဆောင် များ လာမည့်အောက်တိုဘာ ၃၁ ရက် တွင် သမ္မတ အိမ်တော်
၌ ပထမဦးဆုံး တွေ့ဆုံကြမည်ဖြစ်သည်။



ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော် သမ္မတ၊ ဒုတိယသမ္မတ ၂ ဦး၊ ပြည်သူ့ လွှတ်တော်
ဥက္ကဋ္ဌ၊ အမျိုးသားလွှတ် တော်ဥက္ကဋ္ဌနှင့် ကာကွယ်ရေးဦးစီးချုပ်တို့က ဖိတ်ကြားထား
သူတို့နှင့် လက် ခံတွေ့ဆုံမည်ဖြစ်သည်။ တပ်မတော် ပိုင်းက ကာကွယ်ရေးဦးစီးချုပ်နှင့်
အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ်လည်း ပါဝင်မည်ဖြစ်သည်။
နိုင်ငံတော်သမ္မတ၏ ဖိတ်ကြား စာတွင် ဒေါ်အောင်ဆန်းစုကြည်သာမက ပြည်ခိုင်ဖြိုး
ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ ရှမ်းပါတီကြီးနှစ်ခု တို့မှ ခေါင်း ဆောင်များ လည်းပါဝင်
သည်ဟု ဖိတ်ကြားလွှာအရသိရသည်။ ေ
ဒေါ်အောင်ဆန်းစုကြည်နှင့် ကာချုပ်တို့ တွေ့ဆုံမှုကို နိုင်ငံတော်အကြီးအကဲသမ္မတက
ဦးဆောင် မည်ဖြစ်ပြီး ဆွေးနွေးသွားမည့် အကြောင်းအရာတို့ကိုမူ နိုင်ငံတော်သမ္မတ
ရုံးနှင့် တပ်ပိုင်း ဆိုင်ရာကအသေးစိတ် မပြောသေးပေ။
လက်ရှိတွင် နိုင်ငံရေးဆိုင်ရာ အကျပ်အတည်းဖြစ်နေချိန်၊ ငြိမ်းချမ်း ရေးဆိုင်ရာ ပြသာနာ
ရှိနေချိန်၊ ဖွဲ့စည်း ပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုံးပန်း နေချိန်၊ ရွေးကောက်ပွဲ
ကျင်းပရေးဆိုင် ရာစနစ် အငြင်းပွားနေချိန်၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အရှိန်မြင့်လာချိန်နှင့် အလွတ်တန်းသတင်းထောက် ကိုပါကြီး သေဆုံးမှုဖြစ်စဉ် စသည်တို့ဖြစ်နေချိန် တွင် ယခုကဲ့သို့တွေ့ဆုံမှုက ကောင်းမွန် သည့် အဖြေတစ်ခုရှိလာရန် အခွင့်အရေးတစ်ခု
ဟု မြန်မာ့နိုင်ငံရေး လေ့လာနေသူတစ်ဦးက ပြောသည်။
မြန်မာ့နိုင်ငံရေး အကျပ် အတည်း ကို ကျော်လွှားနိုင်ရန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဒေါ်အောင်ဆန်းစုကြည် က သမ္မတကြီး၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး အပါအဝင်
ကာကွယ်ရေးဦးစီးချုပ် တို့နှင့် တွေ့ဆုံရန်လွန်ခဲ့သောလများက တောင်းဆို
ခဲ့ဖူးသည်။

Credit : DVB

No comments:

Post a Comment