Friday 15 November 2013

မြင့်‌မြတ်‌တဲ့နှလုံသားပိုင်‌ရှင်‌




လူတိုင်းလူတိုင်းမှာ ကိုယ်‌ချင်းစာစိတ်‌‌လေး‌တွေ ကိုယ်‌စီကိုယ်‌စီ ရှိ‌နေကြပြီဆိုရင်‌‌ သိပ်ကောင်းမှာဘဲ
ဘယ်သူဘယ်ဝါဘဲ ဖြစ်စေ ပေါ့
ဒီလိုပုံလေး က သိပ်စကားပြောခဲ့ပါတယ်။
.မြင့်‌မြတ်‌ပါတယ်‌ဆိုတဲ့ လူသား‌တွေ ဟာ စိတ်‌ဓာတ်‌‌တွေကမြင့်မြင့်မားမားထားတတ်ကြရပါတယ်။
အသားဖြူတာ ၊ အသားမည်းတာ ၊ ရုပ်‌‌ချောတာ ၊ ရုပ်‌ဆိုးတာ ၊ကြီးတာ ၊ငယ်‌တာ ၊ချမ်းသာတာ ၊ဆင်းရဲတာ စသဖြင့်‌ ကွဲပြား‌နေကြ‌ပေမယ့်‌ နောက်ဆုံးကြတော့လူဟာလူပါပဲမဟုတ်ပါလား။

ကိုယ့်စိတ်ကိုချမ်းသာအောင်မထားတက်သေးရင် ဘွဲ့ထူးဂုဏ်ထူးတွေဘယ်လောက်ရရ ဘာပညာမှမရှိသေးဘူးလို့မှတ်လိုက်ပါ။


အချိန်ကအတော်ကြာခဲ့ပေမယ့် မတော်မတရားတွေ အနိုင်ကျင့်ခံရခဲ့တဲ့ အချိန်မို့ လို့  ဒီလိုတော်ဝင်မိသားစုလေးရဲ့ ပုံတွေက အခုအချိန်မှာ ရွှေလိုရှားနေပြီပေါ့။
  ဒေါ်အောင်ဆန်းစုကြည်နှင့် မိုက်ကယ်တို့ ရဲ့ပုံရိပ်က
ပြဿနာကို ဥပက္ခာပြု နိုင်လောက်အောင် နှလုံးသားမဲ့ သံပတ်ပေး စက်ရုပ် မဟုတ်ပါဘူး

 လူဖြစ်ရှုံးမှုမှာ အပူလှိုင်းလုံးအောက် မသိကျိုးကျွန်ပြုမှုများနဲ့  အစမ်းသပ်ခံ တဲ့ မြင့်မြတ်တဲ့သူတွေမို့ လို့ ပြည်သူပြည်သားတို့ ၏ နှလုံးသားတိုင်းကို ဖြတ်စီးခဲ့နေတုံးပါဘဲလား။

 ဒီလိုဘဲပေါ့ဗျာ
လူတိုင်းလူတိုင်းဟာမိမိမိသားစုလေးနဲ့ ဘဲ နေလိုကြတာဓမ္မတာဘဲဖြစ်ပါတယ်။နေမ၀င်တော့မယ့်တော်ဝင်အမေကတော့ ဘယ်နေရာ ဘယ်အရပ်ရောက်ရောက်ပန်းပန် နေအုံးမှာဘဲ ။ဘယ်လိုဘဲ တိုက်ကြခိုက်ကြပါစေ ဘာမှမှုစရာမရှိပါဘူး.။ကမ္ဘာသိ မြန်မာတွသိ လူသိ နတ် တွေသိတဲ့ သူတော်ကောင်းတွေသိတဲ့ ပင်တိုင်စံ ဂန္တ၀င်ထဲက အမေစုလို ကိုယ်ကျင့်တရားမြင့်မြတ်တဲ့ ခေါင်းဆောင်ကောင်းအရည်အသွေး မြှင့်တဲ့ တော်ဝင်သဇင်ပန်း ဒီရွှေ မိသားစုလေး ကတော့ ပြည်သူတွေရင်ထဲမှာအစဉ်အမြဲ ရင်ထဲမှာ အချိန်တိုင်းအမြဲဆိုသလိုဖူးပွင့်ဝေဆာနေအုံးမှာအသေချာလို့ ဆိုရဲပါတယ်။

အမေ ဒီနေ့ ဒီရက် ဒီလ ဒီနှစ်မှစ၍ စိတ် ချမ်းသာကိုယ်ကျန်းမာပါစေ။ မြန်မာပြည်သူ ပြည်သားဘက်ပေါင်းစုံမှလူတန်းစားတို့ဘက်မှရပ်တည်နား လည်နိုင်သော ခေါင်းဆောင်ကောင်း ပဲ့ ကိုင်ရှင် မီးအိမ်ရှင် ဖြစ်ပါစေလို့ ဆန္ဒပြုရင်း

မိတ်ဆွေတို့ လဲ
မြင့်‌မြတ်‌တဲ့နှလုံးသားများ ပိုင်‌ဆိုင်‌နိုင်‌ကြပါ‌စေ...


လေးစားလျက်
ကိုထွန်းဝေ
 

No comments:

Post a Comment