Wednesday 6 November 2013

ပညာရေးအမြင်တစ်ခု


ပညာရေးအမြင်တစ်ခုပါ။ ၀ိုင်းဆွေးနွေးလို့ ရပါတယ်။ လုံးဝ ကန့် ကွက်တယ် အရေးမပါတာတွေ အမေစုကကန့် ကွက်တယ် အားလုံးကန့် ကွက်ရမယ်။ ဖတ်ကြည့်ပါ -------------------------------------------------------------------------------------- စက်တင်ဘာ ၅ ရက် - လွှတ်တောင်ဝန်၊ ဇမ္ဗူသီရိဆာင်၊ အစီးအဝေးခန်းမ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ အစည်းအဝေး ရန်ကုန်တက္ကသိုလ်ကို ယခုနှစ် ၂၀၁၃ မှာ ဘာသာရပ်တစ်ခုကိုကျောင်းသား ၁၅ ယောက်စီသာ လက်ခံ၍ ဖွင့်လှစ်မည့် အပေါ် ဒေါ်အောင်ဆန်းစုကြည်က ကန့်ကွက်ခဲ့ပါတယ်
။ ဒေါ်အောင်ဆန်းစုကြည် က ဒီလိုလုပ်ရပ်ဟာ ဗန်းပြ သက်သက်ဖြစ်ကြောင်း ၊ ဒီလိုလုပ်ရပ်တွေကို ရပ်တန်းက ရပ်ဖို့လိုကြောင်း ဒီကနေ့ နေပြည်တော် ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ ရဲ့ အမျိုးသားပညာရေးဥပဒေ(မူကြမ်း)ဆွေးနွေးပွဲမှာ ယခုလိုပြောဆိုလိုက်ပါတယ် " ကျမတို့ ဗန်းပြလုပ်တဲ့ အလုပ်မျိုးကို မလုပ်သင့်ဘူးလို့ထင်ပါတယ် ။ ဘွဲ့ကြိုကျောင်းသားတွေဌာနတစ်ခုမှာ ၁၅ ယောက် ၁၅ယောက် ဟာ ဗန်းပြမဟုတ်လို့ဘာလဲလို့ ကျမ မေးရမယ် ။ ဘွဲ့ကြိုကျောင်းသား ၁၅ယောက်နဲ့ ဘယ်လိုလုပ် ကျမတို့က ဘွဲ့ကြိုတက္ကသိုလ်ကျောင်းတစ်ခုကို ထူးထောင်မှာလဲ ။ ဒီလိုဟာမျိုးတွေကတော့ ရပ်တန်းကရပ်သင့်ပြီလို့ ကျမထင်ပါတယ် ။ " ဒေါ်အောင်ဆန်းစုကြည် ========================================= တဲ့ စဉ်းစဉ်းစားစား လဲ လုပ်ကြပါဦး ဒီထက်ပိုင်တဲ့  အကွက်တွေရှိသေးလား ချီပြီးတုပ်ပြီး ရိုက်တာ ပါးပါးလေးနဲ့ လှော်တာ ဒါအရာမပေးတာ ဆိုလိုတာကအရေးမပါတာ ခပ်ပြင်းပြင်းလေး ကြပ်ပေးတာ အပီကစ်တာဆိုရမယ်။ စနစ်တစ်ခုမှာ ပညာရေးကိုသတ်ရင် နိုင်ငံကိုအမှောင်ထဲချတာဘဲ နိုင်ငံက နဂိုထဲကမှ အမှောင်ထဲကလွတ်အောင်ကြိုးစားနေရတာ အမှောင်ထုထဲက ငါတို့ တိုင်းပြည်ကို ဘာလို့  ရုန်းမထွက်နိုင်အောင် ဂျောင်ပိတ်ရိုက်ရတာလဲ လို့ မေးစရာမဖြစ်ပေဘူးလား..စတဲ့ လားပေါင်းများစွာ တွေမေးခွန်းတွေက ဆီးကြိုနေမယ်ဆိုတာကော။ မစဉ်းစားမဆင်ချင်ဘဲ ဘောက်လုံးတွေနဲ့  အပီကစ်တာ ပညာနည်းတယ်လို့  ဆိုရမလောက်ပါဘဲလား တကယ်ဆို ပြုပြင်ပြောင်းလဲတယ်ဆိုရင် ပညာရေးကို နိုင်ငံတကာအဆင့်မှီ ဖွင့်ပေးရမယ် အစိုးရမင်းတွေ သဘောထားကြီးကြီးထားရမယ်။ ပညာမြင့်မှ တိုင်းပြည်မြင့်မယ်။ ပညာမရှိရင်တိုင်းပြည်က ဖွတ်တိုင်းပြည် ဘ၀ကလွတ်မှာမဟုတ်ဘူး အသိတရားလေးဘာလေးထားပြီး စေတနာရှိရှိနဲ့  လုပ်သွားကြရင် ကျနော်တို့ တိုင်းပြည် တိုးတက်မှာပါ.။ ဒါကြောင့် တကယ်သိတကယ်တတ်တဲ့ သူတွေနဲ့  တကယ်ပြည်သူကိုအကျိုးပြုတဲ့ ဒေါ်စုရဲ့  အရိပ်အာက်ကနေလျောက်လှမ်းကြဖို့  ပါဘဲ။ ။ မိမိတစ်ဦးတည်းရဲ့ အမြင်ဖြစ်ပါတယ်။ ပြန်လည်မျှဝေပေးပါတယ်။ ကိုထွန်းဝေ 6.11.2013

No comments:

Post a Comment