Monday 11 November 2013

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ


“လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ - မဲလ်ဘန်းမြို့ ” – နေ့ ရက်၊ အချိန်၊ နေရာ ကြေညာချက်။ တွေ့ ဆုံပွဲ တက်ရောက်ရန် ကြိုတင်စာရင်းပေးခြင်းဆိုင်ရာ အသိပေးကြေညာချက်အား ဆက်လက်ဖတ်ရှူနိုင်ပါသည်။ သြစတြေးလျနိုင်ငံ မဲလ်ဘန်းမြို့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ဆုံပွဲကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်၊ တနင်္ဂနွေနေ့ နံနက် (၉း၃၀) နာရီ မှ နံနက် (၁၀း၃၀) နာရီထိ Melbourne မြို့ရှိ Dendenong Stadium - No. 270 Stud Road, Dandenong North VIC 3175 (Mel Ref – 90 G1) တွင် ကျင်းပပါမည် ဖြစ်ပါသည်။ ဤတွေ့ဆုံပွဲကို မပျက်မကွက် တက်ရောက်ကြမည့်သူများအနေဖြင့် ကြိုတင်စာရင်းပေးထားရန် မဖြစ်မနေ လိုအပ်ပါသည်။


 နေရာအရေအတွက် ကန့်သတ်ချက်ကြောင့် ကြိုတင်စာရင်းပေးသွင်းထားသည့်သူများသာလျှင် တွေ့  ဆုံပွဲခန်းမကြီးအတွင်းသို့  ၀င်ရောက်ခွင့် ရရှိမည် ဖြစ်ပါသည်။ တွေ့ ဆုံပွဲ တက်ရောက်ကြမည့်သူများမှ တစ်ဦးချင်းစီ မိမိ၏ အမည်၊ နေရပ်လိပ်စာနှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်၊ Email လိပ်စာများအား ကြိုတင် စာရင်းပေးထားရမည် ဖြစ်ပါသည်။ ဤတွေ့ဆုံပွဲသို့  တက်ရောက်ကြမည့်သူများအနေဖြင့် မိမိတို့ ၏ မိသားစုဝင် ကလေးသူငယ်များအား တစ်ပါတည်းခေါ်ဆောင်လာပါက ကလေးသူငယ်များနေထိုင်ရန် သီးသန့် အခန်းကြီးတစ်ခုအား စီမံထားရှိပြီး၊ တွေ့  ဆုံပွဲအချိန်ကာလအတွင်း ကလေးသူငယ်များအတွက် ဖြော်ဖြေရေးအစီအစဉ် သီးသန့်  ထားရှိထားမည် ဖြစ်ပါသည်။

တက်ရောက်ရန်စာရင်းပေးမှု (Registration) အား နောက်ဆုံးပိတ်ရက်ဖြစ်သည့် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်နေ့ နောက်ဆုံးထား၍ ပြုလုပ်ရမည်ဖြစ်ပါသည်။ သို့ သော် အဆိုပါ နောက်ဆုံးရက်မတိုင်မှီ သတ်မှတ်ထားသော နေရာအရေအတွက် ပြည့်သွားပါက တက်ရောက်ရန် စာရင်းပေးမှု (Registration) အား ရပ်ဆိုင်းကြောင်း အသိပေးကြေညာမည် ဖြစ်ပါသည်။ “တွေ့ ဆုံပွဲ တက်ရောက်ရန်အတွက် ကြိုတင်စာရင်းပေးရန်” အင်တာနက်စာမျက်နှာတွင် စာရင်းကြိုတင်ပေးပါရန် - www.welcome-dassk-to-melbourne.blogspot.com Email သို့  ပေးပို့ ပါရန် - welcome.daw.aung.san.suu.kyi@gmail.com ဖုန်းနံပါတ်များသို့  ပေးပို့ ပါရန် - ဦးမျိုးအေး (0458 838 883)၊ ဦးတင်စိုး (0420 732 466)၊ ဦးကျော်စိုးမိုး (0432 711 294)၊ ဦးကြည်လွင် (0422 885 456)၊ ဒေါ်မီးမီး (0432 065 265)။ “လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ အခမ်းအနား ကျင်းပရေး စီစဉ်မှုကော်မီတီ - မဲလ်ဘန်းမြို့ ”။ သတင်းအချက်အလက်များနှင့် ကြေညာချက်များအား အင်တာနက်စာမျက်နှာ www.welcome-dassk-to-melbourne.blogspot.com နှင့် ဖေ့စ်ဘွတ်စာမျက်နှာ https://www.facebook.com/welcome.melbourne.9 တို့  တွင် ပုံမှန် ဖေါ်ပြပေးနေမည် ဖြစ်ပါသည်။ ပြန်လည်မျှဝေပေးပါတယ် မဟာမိုးဇက် ကိုထွန်းဝေ 11.11.2013

No comments:

Post a Comment