Friday 26 July 2013

အဓမ္မ ယူဆောင်သွားသော ဗိုလ်ချုပ်အောင်ဆန်း လက်ရေးစာမူ ကိစ္စအတွက် အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ ) ၏ သဘောထား.

The First Weekly Journal ( 26 – 7 – 2013 )
အဓမ္မ ယူဆောင်သွားသော ဗိုလ်ချုပ်အောင်ဆန်း လက်ရေးစာမူ ကိစ္စအတွက် အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ ) ၏ သဘောထား.........................

ဒီစာအုပ်ပြန်မရမချင်း ဦးဇင်းရေနံချောင်းကိုလုံးဝမလာတော့ ဘူး၊ ရေနံချောင်းနဲ့ပတ်သက်ပြီး ဘာမှမလှူတော့ဘူး၊ အဘိုးမရှိတော့တဲ့ မြို့ကို မြေးတစ်ယောက်အနေနဲ့ လုံးဝမလာချင်တော့လို့ပါ
ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးမူစာအုပ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ
ယူဆောင်သွားခြင်းနှင့်ပတ်သက်၍ လုံးဝသဘောမတူကြောင်း၊
အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ကြောင်း အဆိုပါကျောင်းမှ
ဘာသာစုံဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ပြီး မြန်မာတစ်နိုင်ငံလုံး
ဒုတိယအဆင့်ဖြင့်အောင်မြင်ခဲ့ပြီးမှ သာသနာ့ဘောင်သို့ဝင်ရောက်ခဲ့သည့် နိုင်ငံကျော်တရားဟောဓမ္မကထိက ဆရာတော်အရှင်ဆန္ဒာဓိကမှမိန့်ကြား


ဇူလိုင်(၁၉)ရက်နေ့က ရေနံချောင်းမြို့၊ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းမှ ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်း သားဘ၀လက်ရေးမူမှတ်စုစာအုပ် (၁၉၃၃)ကို အမျိုးသားလွှတ် တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ယူ ဆောင်သွားခြင်းနှင့်ပတ်သက်၍ ရွှေပါရမီတောရဆရာတော် အရှင် ဆန္ဒာဓိကက လုံးဝသဘောမတူ ကြောင်း၊ အပြင်းအထန်ဆန့်ကျင် ကန့်ကွက်ကြောင်း မိန့်ကြားတော် မူသည်။

“ဒီစာအုပ်က ရေနံ ချောင်းအထက(၁)ရဲ့ မျိုးဆက် ဟောင်း၊ မျိုးဆက်သစ်အားလုံးနဲ့ မြို့သူမြို့သားအားလုံး ပိုင်ဆိုင်တဲ့ စာအုပ်ပါ။ ပိုင်ရှင်ဖြစ်တဲ့ မြို့သူမြို့ သားရဲ့ သဘောထားဆန်္ဒကိုမခံ ယူဘဲ ပိုင်ရှင်မဟုတ်တဲ့ ကျောင်း အုပ်ဆရာမကြီးဆီက တောင်းယူ သွားတာဟာ လုံးဝမလုပ်သင့်တဲ့ ကိစ္စပါ။ ကိုယ့်အိမ်မှာ အမြတ် တနိုးသိမ်းဆည်းထားတဲ့ပစ္စည်းကို ကိုယ့်ကိုခွင့်မတောင်းဘဲ သူများ ယူသွားရင်ကိုယ်ကျေနပ်ပါ့မလား၊ ကိုယ်ချင်းစာကြည့်စေချင်ပါတယ်။ ဒီမိုကရေစီစနစ်ဆိုတာ ကိုယ်ချင်း စာနာစိတ်လို့ပြောလို့ရတယ်၊ ဘာပဲ လုပ်လုပ် ကိုယ်ချင်းစာတရားနဲ့ တစ်ဖက်သားဆန္ဒကို ထည့်တွက် ငဲ့ကွက်ပြီးမျှမျှတတညှိညှိနှိုင်းနှိုင်း လုပ်တဲ့စနစ်ဟာ ဒီမိုကရေစီစနစ် ပါပဲ။ ကိုယ်ချင်းစာတတ်တဲ့သူ ဟာ သူတစ်ပါးရဲ့စိတ်ဆန္ဒနဲ့ ခံစား ချက်ကိုတန်ဖိုးထားတယ်၊လေးစား တယ်။ ဒီစာအုပ်ကို နှစ်ပေါင်း (၅၀)ကျော် မပျက်စီးအောင် သေသေချာချာ ထိန်းသိမ်းစောင့် ရှောက်လာခဲ့တဲ့ မြို့သူမြို့သား တွေရဲ့မျိုးချစ်စိတ်ဓာတ်နဲ့ ကျေးဇူး တရားကိုအလေးအနက်ထားသင့် တယ်။
ဒီမိုကရေစီစနစ်ကို ဦးဆောင်ပုံဖော်နေပါတယ်ဆိုတဲ့ အကြီးအကဲပုဂ်္ဂိုလ်တစ်ယောက်က မှ ဒီမိုကရေစီစိတ်ဓာတ်ကို မမွေး မြူ၊ဒီမိုကရေစီကျင့်ထုံးကိုမကျင့် သုံးဘူးဆိုရင် တိုင်းသူပြည်သား တွေကဒီမိုကရေစီစိတ်ဓာတ်နဲ့ ဒီမို ကရေစီကျင့်ထုံးကို ဘယ်လိုလုပ် လိုက်နာ ကျင့်သုံးပါတော့မလဲ။ တိုင်းပြည်ကို ဒီမိုကရေစီနိုင်ငံဖြစ် စေချင်တဲ့စိတ် အမှန်တကယ်မှ ရှိရဲ့လားဆိုတာ သံသယဖြစ်စရာ ဖြစ်နေတာပေါ့”” ဟု စာအုပ်ယူ ဆောင်သွားသူ အမျိုးသားလွှတ် တော်ဥက္ကဋ္ဌနှင့်ပတ်သက်၍ ဆရာ တော်အရှင်ဆန်္ဒာဓိက ကမိန့်ကြား သည်။
ယူသွားရန်တောင်း၍ ပေးလိုက်ရသော ကျောင်းအုပ် ဆရာမကြီးနှင့်ပတ်သက်၍လည်း ဆရာတော်က “တစ်ဖက်က ယူ သွားမယ်လို့ တောင်းတဲ့အချိန်မှာ ကျောင်းအုပ်ဆရာမကြီးက “ဤစာ အုပ်ကကျွန်မပိုင်ဆိုင်တဲ့ပစ္စည်းမဟုတ် ပါဘူး၊ ကျွန်မတစ်ဦးတည်းရဲ့သဘော နဲ့ပေးလို့မရပါဘူး၊ ဆရာဆရာမတွေနဲ့ မြို့သူမြို့သားတွေရဲ့ သဘောထား ဆန္ဒကို အရင်မေးမြန်းကြည့်ပါရစေ၊ အများသဘောတူမှလှူပါရစေ” လို့ ပြန်ပြောသင့်တယ်၊ အဲဒီလိုမပြော တာကိုက ဆရာမကြီးရဲ့အမှားပဲ။ အဲဒီ လိုပြောလိုက်ဖို့ စိတ်ကူးထဲမှာပေါ်သွား ပေမယ့် မပြောရဲလို့ မပြောဖြစ်လိုက် ဘူးလို့ဆရာမကြီးက ဦးဇင်းကိုပြော တယ်။ ပြောသင့်ပြောထိုက်ပါလျက်၊ ပြောလည်းပြောချင်ပါလျက် မပြောရဲ ဘူး၊ မပြောဖြစ်ဘူးဆိုတာ အကြောက် တရားလွှမ်းမိုးနေလို့ပေါ့။ အာဏာ ရှင်ခေတ်အဆက်ဆက်က သွတ်သွင်း ပေးခဲ့တဲ့ အကြောက်တရားဟာ တိုင်း သူပြည်သားအများစုရဲ့ နှလုံးသားထဲ မှာ စွဲစွဲမြဲမြဲအမြစ်တွယ်ပြီး နက်နက် ရှိုင်းရှိုင်းလွှမ်းမိုးနေတယ်ဆိုတာသိသာ ထင်ရှားနေပါတယ်။ ဟိုက တောင်း တဲ့အချိန်မှာ ဘေးနားမှာရှိနေတဲ့ မြို့ နယ်ပညာရေးမှူးနဲ့ ဆရာ၊ ဆရာမ တချို့ကိုလှမ်းကြည့်ပြီး သဘောထား တောင်းတဲ့ အမူအရာပြလိုက်တော့ အားလုံးက ခေါင်းညိတ်ပြကြတယ်လို့ ဆရာမကြီးကပြောတယ်။ အကြောက် တရားတွေကြောင့် ခေါင်းညိတ်ပြကြ တာပေါ့။ လက်ညှိုးထောင်ခေါင်း ညိတ်တဲ့အစဉ်အလာကြီးဟာ ခုချိန် ထိရှင်သန်နေဆဲပဲဆိုတာ တွေ့ရလို့ တိုင်းပြည်ရဲ့အနာဂတ်အတွက်အတော့် ကိုရင်လေးမိပါတယ်။
ဒီမိုကရေစီခေတ်မှာ ဘာ ပဲလုပ်လုပ် လုပ်ဆောင်သူဘက်က လည်း အာဏာရှင်စိတ်ဓာတ်နဲ့မလုပ် ဆောင်သင့်သလို အလုပ်ဆောင်ခံသူ ဘက်ကလည်း အကြောက်တရား လွန်ကဲတဲ့စိတ်ဓာတ်နဲ့ လုပ်ဆောင် မခံသင့်ပါဘူး။လုပ်ဆောင်သူကလည်း အသိဉဏ်ပညာနဲ့ မေတ္တာကရုဏာ ကိုလက်ကိုင်ထားပြီး လုပ်ဆောင် သင့်သလို အလုပ်ဆောင်ခံသူဘက် ကလည်း အမှန်တရားနဲ့ရဲစွမ်းသတ်္တိကို လက်ကိုင်ထားပြီး လုပ်ဆောင်ခံသင့် ပါတယ်။ တိုင်းသူပြည်သားတွေကို အကြောက်တရားသွတ်သွင်းမပေး တော့ဘဲ အမှန်တရားသွတ်သွင်းပေးဖို့ အချိန်တန်နေပါပြီ”ဟု မိန့်ကြားတော် မူသည်။
စာအုပ်ယူဆောင်သွားခံ ရ၍၀မ်းနည်းကြေကွဲနေကြသော ရေနံ ချောင်းမြို့သူမြို့သားများကိုလည်း ဆရာတော်က “ဒီစာအုပ်မူရင်းနေရာ ပြန်ရောက်ဖို့အတွက် မြို့လုံးကျွတ် ဆန္ဒဖော်ထုတ်ပွဲလုပ်ဖြစ်အောင်လုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ မြို့သူမြို့ သားတွေကို မေတ်္တာစိတ်၊ ပရဟိတ စိတ်၊ မျိုးချစ်စိတ်ဓာတ်၊ တိုင်းကျိုး ပြည်ပြုစိတ်ဓာတ်တွေ ရှင်သန်နိုးကြား နေအောင် မမြင်ရတဲ့စွမ်းအင်တွေနဲ့ အနီးကပ်နှိုးဆော်တိုက်တွန်းနေတဲ့ ဒီ စာအုပ်လေးဟာ ဗိုလ်ချုပ်နေထိုင်ခဲ့တဲ့ ဒီမြို့မှာပဲ ထာဝရရှိရမယ်၊ စာအုပ် ပိုင်ရှင်တရားဝင်လှူဒါန်းထားခဲ့တဲ့ ဒီ ကျောင်းမှာပဲ ပျက်စီးပျောက်ကွယ် သွားတဲ့အထိအမြဲရှိနေရမယ်။ အဖရဲ့ အမွေ၊ အဘိုးရဲ့အမွေကို သားသမီး တွေ၊ မြေးမြစ်တွေက အသက်နဲ့လဲပြီး ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ရမယ်၊ ဒီစာအုပ်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ မရရ အောင်ပြန်ယူပါ၊ ဒီစာအုပ်ပြန်မရမချင်း ဦးဇင်းရေနံချောင်းကိုလုံးဝမလာတော့ ဘူး၊ ရေနံချောင်းနဲ့ပတ်သက်ပြီး ဘာ မှမလှူတော့ဘူး၊ အဘိုးမရှိတော့တဲ့ မြို့ကို မြေးတစ်ယောက်အနေနဲ့ လုံးဝ မလာချင်တော့လို့ပါ၊ ဒီစာအုပ် မြို့မှာ ရှိနေတာဟာ အဘိုးမြို့မှာရှိနေတာပဲ” ဟု တိုက်တွန်းတော်မူသည်။
စာအုပ်ယူဆောင်သွား သော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အားဆရာတော်က“ဒီစာ အုပ်လေးဟာ ဦးဇင်းတို့ရဲ့အသည်းနှလုံးပါ၊ မြို့သူမြို့ သားအားလုံးရဲ့ အသည်းနှလုံးအားလုံး ကို ပေါင်းစပ်စုစည်းထားတဲ့ တစ်ခု တည်းသောအသည်းနှလုံးပါ။ဒီစာအုပ် လေးရဲ့ပတ်ဝန်းကျင်မှာ ဗိုလ်ချုပ်ရဲ့ မြင့်မြတ်တဲ့စိတ်ဓာတ်တွေ အမြဲ တမ်းပျံ့လွင့်နေပါတယ်၊ ဒီစာအုပ် ကနေတစ်ဆင့် ဗိုလ်ချုပ်ရဲ့စိတ် ကောင်းစိတ်မြတ်တွေ၊ ဓာတ် ကောင်းဓာတ်မြတ်တွေ ဦးဇင်းတို့ မြို့သူမြို့သားတွေရဲ့အသွေးအသား ထဲကိုအချိန်နဲ့အမျှ အမြဲတမ်းစိမ့် ၀င်စီးဆင်းနေပါတယ်။အသက်နဲ့ ထပ်တူတန်ဖိုးထားတဲ့ ဦးဇင်းတို့ ရဲ့အသည်းနှလုံး ဒီစာအုပ်လေးကို အလိုရှိသလိုအသုံးပြုပြီးရင် ဦးဇင်း တို့ရဲ့ရင်ခွင်ထဲ အမြန်ဆုံးပြန်ပို့ပေး ပါလို့ အနူးအညွတ် မေတ္တာရပ်ခံ တောင်းပန်ပါတယ်”ဟုတောင်းပန် စကားမိန့်ကြားတော်မူသည်။
“မပျက်မစီး ရေရှည် တည်တံ့ဖို့နဲ့ အများပြည်သူ ကြည့် ရှုလေ့လာနိုင်ဖို့ ဗိုလ်ချုပ်ပြတိုက်မှာ ပဲထားတော့မယ်ဆိုရင်လည်း မြို့ သူမြို့သားတွေကို တလေးတစား ခွင့်တောင်းသင့်ပါတယ်။ “ဗိုလ် ချုပ်၏လက်ရေးမူစာအုပ်ကို ရေနံ ချောင်းမြို့သူမြို့သားများက ဗိုလ် ချုပ်ပြတိုက်သို့ လှူဒါန်းပွဲအခမ်း အနား” ဆိုပြီး နိုင်ငံတော်အခမ်း အနားအနေနဲ့ တရားဝင်ခမ်းခမ်း နားနား ကျင်းပပေးသင့်ပါတယ်၊ တစ်ယောက်ယောက်ကနေ တစ် ဆင့်လှူတာမျိုးမဟုတ်ဘဲ မြို့သူ မြို့သားတွေကပဲ ကြည်ကြည်ဖြူ ဖြူနဲ့တိုက်ရိုက်လှူတာမျိုးဖြစ်သင့် တာပေါ့၊ အခမ်းအနားကိုလည်း ရေနံချောင်းမြို့မှာပဲလုပ်သင့်တယ်။ ဒါကလည်း ဗိုလ်ချုပ်ရဲ့လက်ရေး မူ တခြားစာအုပ်တစ်အုပ်မှမရှိမှဘဲ လုပ်သင့်တာပါ။ ဒီစာအုပ်ကို ဒီ ကျောင်းမှာထားတာကိုက ဗိုလ် ချုပ်ပြတိုက်မှာထားတာပါပဲ။ ဗိုလ် ချုပ်စာအုပ်ရှိတဲ့ကျောင်းဖြစ်လို့ ဒီကျောင်းကိုက ဗိုလ်ချုပ်ပြတိုက် တစ်ခုပဲပေါ့။ တိုင်းသူပြည်သား အကျိုးအတွက် မလွှဲမရှောင်သာ စွန့်လွှတ်လှူဒါန်းလိုက်ရမယ်ဆိုရင် တောင်မှ ၂၀၁၅ ခုနှစ်၊ ရေနံ ချောင်း အထက(၁)ရာပြည့်ပွဲပြီး တဲ့အချိန်ထိလေးတော့ ကျောင်းရဲ့ မျိုးဆက်ဟောင်း၊ မျိုးဆက်သစ် တွေနဲ့ မြို့သူမြို့သားတွေကို တစ် သက်စာအလွမ်းပြေတ၀ကြီးကြည့် ရှုခွင့်ပေးပါလို့ ရေမြေ့ရှင်များကို နှလုံးသားကလာတဲ့ စကားနဲ့ အသနားခံတောင်းပန်ပါတယ်” ဟု ဆရာတော်အရှင်ဆန္ဒာဓိကက သက်ဆိုင်သူအားလုံးကို အသနား ခံစကားမိန့်ကြားတော်မူသည်။
ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကသည်၁၉၆၈ ခုနှစ်၊ ဇန်န၀ါရီလ (၉)ရက်နေ့တွင် ရေနံ ချောင်းမြို့၌ မွေးဖွားတော်မူပြီး အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း၌ပဉ္စမတန်းမှ ဒသမ တန်းအထိပညာသင်ယူခဲ့ကြောင်း သိရသည်။
Credit - The First Media Group

26.7.2013

No comments:

Post a Comment