Thursday 25 July 2013
နှစ်ထောင့်ဆယ့်ငါးဆီသို့ 
နှစ်ထောင့်ဆယ့်ငါးဆီသို့ 
ဖြစ်ဖြစ်သမျှ သင်္ခါရမို့ 
ရင်မှာကြည်နူး အမေ ပုံရိပ်ဝယ်
အဟောင်းတွေကျော်ရင်း
အကောင်းတွေ မျှော်ရင်း
မပြောင်းမလဲ ခေါင်းဆောင်နှင့်အတူ
နှစ်ဟောင်းတွေကြွေ
ရွက်သစ်တွေဝေပြီ
ဒို့တတွေလည်းတနှစ်တခြား
အသက်ကြီးသွားပြီ
ရေးရင်းရေးရင်း
ဖွရင်းဖွရင်း
သတင်းတွေချာချာလည်
ဘုန်းကြီးများလည်း
အတာစားလာတယ်
ဦးတည်မသွားနဲ့ 
စေတနာဥာဏ်နဲ့ 
ပြောပြချင်ရဲ့ 
ဖေ့ဘုတ်ကြီးလဲ
ချာချာလည်။
အဝေမတည့်တဲ့ဒီသတင်း
ရေးသူကရေး
ဖတ်သူကဖတ်
ရှယ်သူကရှယ်
လိုချင်တာတွေမရ
like လေးတချက်လုပ်
ရင်ထဲဝင်ကြည့်
ခုထိမအေးသေး
2015ဆို ဝေလာဝေး
ဖြေစရာရယ်မရှိ
နေစရာကခက်၏ဆိုသလို
ထွက်ချင်သူထွက်
ဖေါက်ချင်သူဖေါက်
စစ်ပွဲသတင်း
အတင်းတုပ်လို့ 
ရန်ကုန်မှာဆန္ဒပြပွဲတွေ
ခေတ်စားလာရ
ဆန္ဒပြတာတဗြုံးဗြုံး
စားဝတ်နေရေးကခက်
အစရှာတာမလွယ်
အောက်လုံးတွေနဲ့ 
ဝင်ကာရေးလို့ 
ဖေ့ဘုတ်ကြီးလဲ
ယောင်လည်လည်။
ဒေါ်စုကိုအကြောင်းပြု
သတင်းတင်သူတွေ
ပေါက်ကရလုပ်နေ
ဟိုအရေးလဲဒေါ်စု
ဒီအရေးလဲဒေါ်စု
အဖော်ပြုဖို့ စဉ်းစားကြ
ဒဲ့ပြောပြမယ်
ပေါက်ကရမတွေးနဲ့ 
အတိမ်းအစောင်းမခဲတဲ့
နှစ်ထောင့်ဆယ်ငါး
မဖွကြနဲ့  လက်မစောနဲ့ 
ဖေ့ဘုတ်ကြီးက အီလယ်လယ်။
တနှစ်ပြီးတနှစ်
မနှစ်သက်လဲဒီသတင်း
အဖြစ်အပျက်ကို ဖောက်ထွက်
ထွက်ပေါက်ကယ်ဖြေစရာ
အရောင်ပြောင်းထားတဲ့
ဒီအစိုးရ
ဘာမှမထူးခြား
ပြည်သူတွေကို
အချဉ်ဖမ်းတဲ့
ပြသနာအသစ်တွေနဲ့ 
အကွက်တုံးတွေ
လာထားလာထား
အသပြာအရေး
တစစနဲ့တွေးကြ
စနစ်ဆိုးတဲ့ အဖြစ်ပျက်တွေကို
ရင်မှာပိုက်ပြီး
အပျက်အပျက်
နှာခေါင်းသွေးထွက်
အသစ်စက်စက်ဒီမိုကရေစီမှာ
အမှန်ပြောလိုက်မယ်
ဗေဒင်မမေးနဲ့ 
ဒေါ်စုနဲ့  NLD ကို စံပြုပြီး
၂၀၁၅ နှစ်သစ်ဆီသို့
ညီညီညာညာချီတက်ကြပါစို့။
ကိုထွန်းဝေ
25.7.2013
ရင်တွင်းဖြစ်တင်ပြလိုက်ပါတယ်။
မေတ္တာဖြင့် ချစ်သဒ္ဒါများထားလျက်မျှဝေယူနိုင်ပါတယ်။
No comments:
Post a Comment