Monday 15 July 2013

ပထမအကြိမ် မြန်မာ့ငြိမ်းချမ်းရေးပွဲတော်

15 July 2013

ပထမအကြိမ် မြန်မာ့ငြိမ်းချမ်းရေးပွဲတော် ၂၀၁၃ ကို ဇူလိုင်လ ၂၇ ရက် နဲ့ ၂၈ ရက်တို့မှာ သုဝဏ မိုးလုံလေလုံအားကစားကွင်းမှာ ကျင်းပ ပါမယ်။၂၇ ရက်နေ့မှာ ဒါရိုက်တာ ကျော်ဇောလင်းစီစဉ်တဲ့မြေဇာပင်ပြဇာတ်(မင်းမော်ကွန်း၊ပြေတည်ဦး၊အိန္ဒြာကျော်ဇင်)နန်းဝင်း စီစဉ်တဲ...့ ငြိမ်းချမ်းရေးရောဟိဏီဇာတ်ထုပ်(နန်းဝင်း၊သိန်းဇော်၊ချမ်းသာ၊တင်မောင်ဆန်းမင်းဝင်း၊လင်းဇာနည်ဇော်။မိုးပြည့်ပြည့်မောင်၊နန်းခင်မွှေး)မိုးဝင်း၊မိုးမင်း၊ဟန်ဇာမိုးဝင်းတို့ရဲ့ ငြိမ်းချမ်းရေးလိုတယ် အော်ပရာ၊ဖိုးချစ်ရဲ့ ငြိမ်းချမ်းရေးနှစ်ပါးသွား။စောဖိုးခွားနဲ့တိုင်းရင်းသားများရဲ့ ချစ်ကြပါ တေးသီချင်းစုဖျော်ဖြေမှု။လင်းထက်စီစဉ်တဲ့ခေတ်ပေါ်ငြိမ်းချမ်းရေးသံစဉ်(ဇော်ပိုင်၊မီးမီးခဲ၊ချမ်းချမ်း၊ဒယ်နီရယ်စော)နီနီခင်ဇော်။အယ်လ်လွန်းဝါတို့ရဲ့ ငြိမ်းချမ်းရေးတေးသံ၊လင်းလင်း၊ချစ်သုဝေ၊ကျားပေါက်၊project-one,Cyclone,Fire cracker တို့ရဲ့ ငြိမ်းချမ်းရေးတေးသီချင်းအသစ်များ ပါဝင်မှာပါ။ဒေါ်မာမာအေး၊ဦးမောင်မောင်ကြီး၊ဦးမင်းနောင်၊ဦးခင်မောင်လွင်တို့ရဲ့ ငြိမ်းချမ်းရေးအဖွင့်တေး၊နိုင်မြန်မာရေးပြီးရန်ပိုင်စိုး၊ဖိုးသင်္ကြန်၊ကျော်ကျော်ဟန်၊ထက်မြက်တင့်တယ်၊စိမ်းလဲ့လဲ့၊သူဇာအောင်တို့သီဆိုပြီး ၀င်းသပြေထွန်း ကပြမဲ့ စစ်မီးငြိမ်းစည်တော်သံ ပဏာမ တေး ကို လဲ နားဆင်ရမှာပါ။၂၈ ဇူလိုင် ည မှာတော့ IC အဖွဲ့ကို အားပါးတရ ရှုစားရင်းမြန်မာ့ငြိမ်းချမ်းရေးအတွက် ဆုတောင်းကြပါစို့။

Maung Thura's Face Book

No comments:

Post a Comment