Sunday 2 June 2013

လည်လှီးသတ်ခံရတဲ့သတင်း (မြန်မာအစိုးရ နှင့် ဖေ့ဘုတ်ပေါ်က ဦးရဲထွတ်သို့ )



                          မသေဘဲထွက်ပြေးလွတ်မြောက်လာသူ
လည်လှီးသတ်ခံရတဲ့သတင်း (မြန်မာအစိုးရ နှင့် ဖေ့ဘုတ်ပေါ်က ဦးရဲထွတ်သို့ )

မြန်မာ အစိုးရက မလေးရှားနိုင်ငံရှိ သံရုံးကို မေးမြန်းရာတွင်
သံအမတ်ကြီးက အဲဒီဖြစ်စဉ်တွေမှန်ကန်မှုမရှိကြောင်း၊
မြန်မာဘုန်းတော်ကြီးကျောင်းက ဆရာတော်နဲ့လည်း
ညနေက စပြီး အဆက်အသွယ်မပြတ်ရရှိနေကြောင်း၊
ဆရာတော်က အဲဒီလို တိုက်ခိုက်မှုများမရှိကြောင်းပြောတယ်လို့ အကြောင်းပြန်ပါတယ်။
မလေးရှားနိုင်ငံ ကေအလ်မြို့ ဆလန်ရမ်း မြို့နယ်တွင်း ဆလရန်းဈေးအနီးတွင်း မွတ်ဆလင် အကြမ်းဖက်သမားများရဲ့ သတ်ဖျက်မှုကြောင့် သေဆုံးသူနှင့် အသတ်အသေပဲ လွှတ်မြောက်လာသူပုံတွေပါ...ဒီနေ့ည ၁.၆.၁၃ မှာလည်း ထပ်မံသတ်ဖျတ် ခံရပါတယ်..ဒီလို ပြဿနာတွေကြောင့် ကပ်ဖုန်း ဘုန်းကြီးကျောင်းကို ထွတ်ပြေးပုန်းရှောင်နေသူ ၃၀ယောက်ကျော်ရှိပါတယ်...မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ မလေးရှာဆိုင်ရာမြန်မာသံအမတ်ကြီး သိစေရန် တင်ပြလိုက်ချင်းဖြစ်ပါတယ်။

 

မလေးရှားက အမှုကို တာဝန်တစ်ခုလို ကိုင်တွယ်ပေးပါ ။လူတွေလက်ခံနိုင်အောင် မြန်မာမိသားစုနှင့် မလေးရှားမှာအလုပ်လုပ်နေတဲ့ မြန်မာများကို ကာကွယ်ပေးပါ။ သတင်းအမှန်ကို အချိန်နဲ့ အညီဖော်ပြပေးပါ.။ မလေးရှားမှမြန်မာ လူမျိုး များသည့် မြန်မာအစိုးရ၏ သားသမီးများဖြစ်ကြပါသည်.။ သတင်းကို မထိန်ချန်ပါနှင့် အတိအကျဖော်ပြပေးရန် လေးစားစွာတောင်းဆိုပါတယ်။
အောက်က လင့်မှာလူကြီးမင်းများ ၀င်ရောက်ဖတ်ရှုပါ.။ဒီဗလာက်ပြောလျင် နားလည်မည်ဟုယူဆပါတယ်။

ထွန်းဝေ
ဂျပန်


http://www.ntv7.com.my/7edition/local-en/WB_1370054044.html

No comments:

Post a Comment