Thursday 13 June 2013

ပရိသတ်အားကျေဇူးဆပ်သည့် အနုပညာရှင်ဇနီးမောင်နှံ


နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ စစ်ဘေးနှင့် သဘာဝဘေးများအား နေရာဒေသ၊ လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေး ကူညီဆောင်ရွက် ပေးနေသောအသင်းဖြစ်သလို အသင်းသို့လာရောက်လှူဒါန်းကြသော အလှူရှင်များသည်လည်း ဆင်းရဲ ချမ်းသာ၊ လူမျိုးဘာသာ၊ အလွှာမျိုးစုံတို့ပါဝင်လေသည်။ ယခုရက်ပိုင်းအတွင်း အနုပညာသမား တစ် ယောက်ဖြစ်ခဲ့သော ဦးကျော်သူ ဦးဆောင်သည့် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အနုပညာလောကမှ ညီအစ်ကို မောင်နှမများလာရောက်၍ လှူဒါန်းမှုများကို ကြည်နူးဂုဏ်ယူဖွယ်ရာ မကြာခဏတွေ့မြင် မုဒိတာပွားနေရလေသည်။ ထိုသို့သောလှူဒါန်းမှုများကို ထိုအနုပညာရှင်များ၏ ပရိသတ်များ မြင်တွေ့ ကြားသိရပါကလည်း ကျွန်တော်တို့နည်းတူ ထပ်တူထပ်မျှ ကြည်နူးဝမ်းမြောက် သာဓုခေါ်နိုင်ကြမည် ဖြစ်ပါသည်။ ၉.၆.၂ဝ၁၃ ရက်နေ့တွင်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အနုပညာရှင် သရုပ်ဆောင် ကိုနေထူးနိုင်နှင့်ဇနီး တေးသံရှင် မမြသင်းချယ် (မိသားစု)တို့မှ နာရေးကူညီမှုနှင့်အခြားသော လူမှုရေးများ အတွက် အလှူငွေ ၃ဝဝဝဝဝိ/- (သုံးသိန်း) ကျပ်တိတိအား လာရောက်လှူဒါန်းခဲ့သည်။ ကိုနေထူးနိုင်သည် လွန်ခဲ့သော တစ်ပါတ်ခန့်၌ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ဗီဒီယို ဇာတ်ဝင်ခန်းတခုအား လာရောက် ရိုက်ကူးခဲ့ရာ အသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် အားပေးကူညီလိုစိတ်များ ဖြစ်ပေါ်ကာ ယခု ကဲ့သို ဇနီးဖြစ်သူ မမြသင်းချယ်၏ မွေးနေ့နှင့် ၁၄.၆.၂ဝ၁၃ သောကြာနေ့တွင် Central Hotel တွင် စီးရီး သီချင်းခွေ မိတ်ဆက်ပွဲပြုလုပ်မည့် သူမ၏ “မောင်အရင်လိုမဟုတ်တော့ဘူး” အမည်ရှိ CD, DVD KAEAOKE အခွေထွက်ရှိမည့် အထိမ်းအမှတ်အဖြစ် လာရောက်လှူဒါန်းခြင်း ဖြစ်သည်။ ထိုကဲ့သို့သော ပရိတ်သတ်၏ အားပေးမှုဖြင့် အနုပညာလောကတွင် လျှောက်လှမ်းနေကြသော အနုပညာရှင်များ အနေ ဖြင့် ယခုကဲ့သို့ အများပြည်သူအကျိုးလုပ်ငန်းများအား လှူဒါန်းခြင်းသည် ပရိသတ်အား ကျေးဇူးဆပ်ခြင်း ပင်ဖြစ်သည်ဟု ကျွန်တော်တို့ လူမှုရေးသမားများ ခံယူမိပါသည်။ ထိုကြောင့် ပရိသတ်များအတွက် ကျေးဇူးဆပ်သောအားဖြင့် နာရေးကူညီမူအသင်း(ရန်ကုန်)၏ လူမှုရေးလုပ်ငန်းများအတွက် လာရောက်လှူဒါန်းခဲ့ကြသော သရုပ်ဆောင် ကိုနေထူးနိုင်နှင့် တေးသံရှင် မမြသင်းချယ် မိသားစုတို့၏ မြင့်မြတ်သောအလှူဒါနအား အနုပညာချစ်သော ပရိသတ်တို့အား မျှဝေ မုဒိတာပွားစေရင်း အနုပညာရှင် ဇနီးမောင်နှံမိသားစုတို့ လျှောက်လှမ်းရာ အနုပညာလမ်းတလျှောက် သာယာဖြောင့်ဖြူးမှုများနှင့်အတူ အောင်မြင်မှုများ တိုးတက်ရရှိကာ ပရိသတ်၏ ကျေးဇူးအား ပိုမိုပေးဆပ် နိုင်ကြပါစေဟု ကျွန်တော်တို့၏ နာရေးကူညီမူအသင်း(ရန်ကုန်)မှ ဆုတောင်းမေတ္တာပို့သ လိုက်ရပါတော့ သည်။
 


No comments:

Post a Comment