Monday 3 June 2013

ပွင့်လင်းမြင်သာမှု တကယ်ရှိခဲ့မယ်ဆိုရင် ဖိတ်ခေါ်ပါရစေ



သို့
စစ်သံမှူး
မြန်မာနိုင်ငံဆိုင်ရာသံရုံး
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့။
ရက်စွဲ ။ ။ ၃ ရက် ၊ ဇွန်လ ၊ ၂၀၁၃

အကြောင်းအရာ။ ။ မြန်မာနိုင်ငံသား အလုပ်သမားများအား မွတ်စလင်ဘာသာဝင်အချို့ မှအကြောင်းမဲ့ အသက်ရန်ရှာ တိုက်ခိုက်မူများအတွက် ကာကွယ်စောင့်ရှောက်ပေးစေလိုခြင်း။

မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသား အလုပ်သမားများအား မွတ်စလင်ဘာသာဝင်အချို့ (မြန်မာမွတ်စလင် သို့မဟုတ် ရိုဟင်ဂျာမွတ်စလင် ခန့်မှန်းခြေ) မှအကြောင်းမဲ့ အသက်ရန်ရှာ တိုက်ခိုက်မူများအတွက် လိုအပ်သလို ကာကွယ်စောင့်ရှောက်မှုများ အရေးတကြီး လိုအပ်နေပါသဖြင့် လူကြီးမင်းတို့မှ ပြုလုပ်ပေးပါရန်တင်ပြခြင်း။ အသတ်ခံရသူများ လက်ရှိအသက်သေဆုံးသွားသောသူများအား မည်သူမည်ဝါဖြစ်ကြောင်းအတည်ပြုပေးရန်
ဆေးရုံတွင်ဆေးကုသမှုခံယူနေသောလူနာတချို့ နှင့်ထွက်ပြေးတိမ်းရှောင်နေကြသောသူများ
အား လိုအပ်သောကူညီပံ့ပိုးမှုများပေးနိုင်ရန် မိမိတို့ဘက်မှတဖက် လူကြီးမင်းတို့သံရုံးမှ
တဖက် ဝိုင်းဝန်းညှိနှိုင်း ဆောင်ရွက် သွားနိုင်ရေးအတွက်လူကြီးမင်းနှင့်တွေ့ဆုံ ဆွေးနွေး
လိုပါသဖြင့် ခွင့်ပြုပေးပါရန်တင်ပြပါသည်။

တွေ့ဆုံလိုသည့်နေ့ရက် - ၃ ရက် ၊ ဇွန်လ ၊ ၂၀၁၃ (တင်္နလာနေ့)
အချိန် - မွန်းလွဲ ၂ နာရီ
နေရာ - မြန်မာသံရုံး ၊မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့။
တွေ့ဆုံမည့် အဖွဲ့အစည်း - အထွေထွေသပိတ်ကော်မတီ - မလေးရှား။
General Strike Committee – 88 Malaysia. (GSC)

တွေ့ဆုံဆွေးနွေးရန်တက်ရောက်မည့်သူများ-

၁) အောင်ကြီး UN ID NO. 354-12C08498
၂) ဆန်းဝင်း UN ID NO. 354-03C11167 (သာရေးနာရေးကူညီမှုအသင်း - Kepong)
၃) ဝင်းနိုင် UN ID NO. 200118 (လူမှုရေးအသင်း - Subang)

မိတ္တူကို - Bukit Aman Polis Station , 50560 Kuala Lumpur , Malaysia.
- UNHCR Office, 570, Jalan Bukit Petaling, 50460 Kuala Lumpur, Malaysia.

မူရင်း Kyaw Swar Myint

ပေးပို့ လာပါတယ်။
3.6.2013

1 comment:

  1. မ လေးရှားနိုင် ငံ ရှိ အိပ်ချင်ယောင်ဆောင်နေတဲ့ မြန်မာသံအမတ်ကို ရေနဲ့  ပက်ပြီနိုးကျစို့ ခေါင်းရှောင်နေတဲ့သံအမတ်

    ReplyDelete