Friday 14 June 2013

ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက သွေးအလှူ


ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကနှင့် တပည့်ဒါယကာ၊ ဒါယိကာမများ၏ (၂၅)ကြိမ်မြောက်ငွေရတု ဒါနဥပပါရမီစုပေါင်း သွေးလှူဒါန်းပွဲကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးဌာန၌ ဇွန်လ ၉ ရက်နေ့က မနက် ၉ နာရီမှ နေ့လယ် ၂ နာရီအထိ ကျင်းပခဲ့ပါတယ်။ သွေးလှူရှင်ပေါင်း ၉၅၈ ဦး လာရောက်လှူဒါန်းပြီး အကြောင်းမညီညွတ်၍ သွေးလှူဒါန်းခွင့်မရသူ ၁၄၄ ဦးရှိပါတယ်။ သတ်မှတ်ထားသော စံချိန်စံညွှန်းပြည့်ဝ၍ သွေးလှူဒါန်းခွင့်ရရှိသူ ၈၁၄ ဦးရှိသဖြင့် သွေးအိတ်ပေါင်း ၈၁၄ အိတ်ရရှိပါတယ်။ ရွှေပါရမီသွေးလှူဒါန်းပွဲကို (၄)လတစ်ကြိမ်ပုံမှန်ကျင်းပပါတယ်။
ဓာတ်ပုံ - နေခြည်
ပြန်လည်မျှဝေပါတယ်။


No comments:

Post a Comment