Saturday 8 June 2013

" ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းလိုသူ နိင်ငံသားတိုင်း ပါဝင်ခွင့် "


ငြိမ်းချမ်းရေးအတွက် မငြိမ်းနိင်သေးတဲ့ စစ်တွေကြားမှာ သေဆုံးခဲ့ရသူတွေအတွက် . . . ဂျိုးကူသံတွေပေးရင်း ငြိမ်းချမ်းလိုခြင်းကို ပြကြပါစို့ . . .

ငြိမ်းချမ်းရေးကို ပြည်သူလူထုတွေက ဘယ်လောက်မျှော်လင့် လိုချင်နေလဲဆိုတာ ဒီလူငယ်တွေက
ရန်ကုန်ကနေ လိုင်ဇာထိ လမ်းလျှောက်ပြီး ငြိမ်းချမ်းရေးအတွက် သူ့တို့ အချိန် ၊ သူတို့ဘ၀ ၊ သူတို့ကိုထင်မြင်မှု မျိုးစုံ အောက်ကနေ အမှုဖွင့်ခံပြီး လမ်းလျှောက်ပြခဲ့ပြီးပါပြီ ။

မနက်ဖြန် မနက် (၉) နာရီမှာတော့ ရန်ကုန် မြို့တော်ခန်းမရှေ့ကနေစပြီး ပြည်တွင်းစစ်ကြောင့် သေဆုံးခဲ့ရသူအားလုံးကို ရည်စူးပြီး
ပန်းတွေနဲ့ အမျှဝေဖို့ အလုံကို လမ်းလျှောက်ကြအုန်းမယ် ။ ကိုင်း ရန်ကုန်သားတို့ ငြိမ်းချမ်းလိုမှုကို
ကိုယ်စီ ပါဝင်နိင်ခွင့်ကနေ ကြုံလာပါပြီ ။
အော် . . . ခွင့်ပြုချက်လဲ ကြပြီးတာမို့ ပုဒ်မ (၁၈) တော့ မကပ်တော့ပါဘူး ။ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်ဝင်များမှလဲ ငြိမ်းချမ်းရေးအတွက် လိုင်ဇာလမ်းလျောက် ညီငယ်ညီမငယ်တွေရဲ့ ဦးဆောင်မှုနောက်မှာ ဖ၀ါးထပ် လိုက်ပါကြပါမည် ။

ငြိမ်းချမ်းရေးအတွက် မငြိမ်းနိင်သေးတဲ့ စစ်တွေကြားမှာ သေဆုံးခဲ့ရသူတွေအတွက် . . . ဂျိုးကူသံတွေပေးရင်း ငြိမ်းချမ်းလိုခြင်းကို ပြကြပါစို့ . . .


သတင်း    ကိုဝေလု 

No comments:

Post a Comment