Thursday 13 June 2013

မလေးရှား အသေအပျောက် မြန်မာ"အုပ်စု အချင်းချင်း"အကြား ရိုက်ပွဲဟု ဒု-ဝန်ကြီး ဦးဇင်ယော် ပြော


မလေးရှားတွင် လတ်တလော ဖြစ်ပွားခဲ့သော မြန်မာအလုပ်သမားများ သေဆုံးခဲ့မှုများအပေါ် မလေးရှား ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့ဝင်များ၏ ကိုင်တွယ်ပုံနှင့် မြန်မာကိုယ်စားလှယ်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းများအား ကျေနပ်ကြောင်း မြန်မာ ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးဇင်ယော်က ပြောဆိုသည်ဟု မလေးရှားသတင်းစာ The Star က ရေးသားလိုက်သည်။ သတင်းတွင် မလေးရှားနိုင်ငံတွင် နေထိုင်နေသော မြန်မာ"အုပ်စု အချင်းချင်း"အကြား ရိုက်နှက်သတ်ဖြတ်ခြင်းတို့ဖြစ်ပြီး မြန်မာပြည်တွင် ဖြစ်သော ပဋိပက္ခများနှင့် မသက်ဆိုင်ဘဲ နယ်မြေခံ မလေးရှားနိုင်ငံသားများလည်း မပါဝင်ဟု ဦးဇင်ယော်က ပြောဆိုကြောင်း ရေးသားထားသည်။ (မူရင်း သတင်းကို ဤလင့်တွင် ဖတ်ပါ http://thestar.com.my/news/story.asp?file=%2F2013%2F6%2F13%2Fnation%2F20130613143724&sec=nation )

No comments:

Post a Comment