" ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB) ၏ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်အား တာဝန်မှ ထုတ်ပယ်ခြင်း" ဆိုတဲ့ ရုံးစာတစောင်ကို သောကြာနေ့က ဧရာဝတီဘလော့မှာ ဖော်ပြခဲ့ပါတယ်။
ဒီကနေ့ NCUB အဖွဲ့ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမြင့်သိဏ်းကို ဆက်သွယ် မေးမြန်းရာမှာ
အဲဒီစာကို NCUB က ထုတ်ပြန်ခဲ့ခြင်း မရှိကြောင်း ဧရာဝတီကို ပြောပါတယ်။
"ကျနော်တို့ဆီက ထုတ်တယ်ဆိုတာ မဟုတ်ဘူး၊ ဘာ အစည်းအဝေး ဆုံးဖြတ်ချက်မှလည်း မရှိဘူး" လို့ ဦးမြင့်သိဏ်းက ပြောပါတယ်။
"အဲဒါကို ကျနော်တို့ ဒီကနေ့ ရှင်းလင်းချက် ပြန်ထုတ်ထားပါတယ်" လို့ ဦးမြင့်သိဏ်းက ဆက် ပြောပါတယ်။
NCUB ရဲ့ ရှင်းလင်းချက်ကို လက်ခံရရှိတဲ့အခါ ဒီဘလော့မှာ မပျက်မကွက် ဖော်ပြပေးမှာ ဖြစ်ပါတယ်။
No comments:
Post a Comment