Friday, 8 February 2013

ဖခင်မွေးနေ့ 

အမျိုးသားအားလုံး... ခေါင်းဆောင်ကြီးများမိန့် မှာစကားကို ရင်ဝယ်ထားလို့ 
ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ မြန်မာ့နိုင်ရေးသို့ 
ရှေ့ ရှုဦးတည်ခြင်းဖြင့်၂၀၁၃ ခုနှစ်မှစပြီး ကျနော်တို့ နိုင်ငံအနာဂါတ်ကောင်းသို့ 
ဦးတည်လျှောက်လှမ်းကြရမည်ဖြစ်ပါတယ်

ကျွန်ုပ်တို့ အမျိုးသားခေါင်းဆောင် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၁၃ရက်နေ့ တွင်ကျရောက်သော ၉၈ နှစ်မြောက်မွေးနေ့ ကိုနောင်လာနောင်သားများ ခေတ်သစ်မျိုးဆက်သစ်များ မြန်မာနိုင်ငံ၏သမိုင်းမှန်ကို သိရှိစေရန်ဖခင်မွေးနေ့ သို့  ကျနော်၏စပ်ဆိုရေးသားထားသောသီချင်းဖြစ်ပါတယ်။
************************************************
ဖခင်မွေးနေ့ 


အဖေအောင်ဆန်းခေတ်မှသည် ++ အာဇာနည်မျိုးရိုးသမိုင်းမှာ ++စံတင်ထားတဲ့ ဒို့  ခေါင်းဆောင် ++ ထိန်းသိမ်းစောက်ရှောက်ခဲ့တာ ကမ္ဘာပေါ်မှာထင်ပေါ် မြတ်သောအကျင့်နှင့် အောင်ပွဲဆင်မည်...။

အဖေအောင်ဆန်းသမီးရှင်++ မေမေစုနှင့်ထပ်တူ ++ဂန္တ၀င်ကဗျာဂီတ ကဗ္ဗည်းမော်ကွန်းစာ
နှလုံးသွေးများနဲ့ ဆပ်မည်++ ဆုတွေထပ်ယူပြ ညွှန်ပြနေတယ်....စုရာဇ၀င်

မြင့်မြတ်တဲ့ အမျိုးဂုဏ်ကို အဖိုးထိုက်တန်တဲ့ အဖလက်ရာလေးစားဂုဏ်ယူ အခမ်းအနားဆုံး ရတနာ..
လက်ဆင့်ကမ်းရိုးရာအမွေ ထမ်းလို့ ကျေပြွန်စွာ အောင်ဆန်းစုကြည် ကမ်းလို့ ကြိုဆိုမည်.....

(လာပါ လာပါ ရောက်အောင်လာ သခင်အောင်ဆန်း မွေးနေ့ မှာ ဒီအချိန်မှာ အရောက်လာပါ ဗမာဆိုတဲ့ အသိရှိရင်လာ)2


ဘယ်လိုခေတ်က ဆိုးပစေ ဖြူစင်ရိုးသားတဲ့စိတ်ကြင်ကြင်နာနာ..ကိုယ့်အမျိုးဂုဏ်သိက္ခာ ညှိုးနွမ်းပျောက်ပျက်မသွားအောင်ပြန်လည်ဆင်ချင်ရင်း အောင်ဆန်းမွေးနေ့ ကို ထုတ်ဖော်ကာ)2

Music

ရိုးရိုးကျင့် မြင့်မြင့်ကြံ အဖိုးထိုက်တန်တဲ့ အဖလက်ရာလေးစားဂုဏ်ယူ အခမ်းအနားဆုံး ရတနာ..
လက်ဆင့်ကမ်းရိုးရာအမွေ ထမ်းလို့ ကျေပြွန်စွာ အောင်ဆန်းစုကြည် ကမ်းလို့ ကြိုဆိုမည်.....

(လာပါ လာပါ ရောက်အောင်လာ သခင်အောင်ဆန်း မွေးနေ့ မှာ ဒီအချိန်မှာ အရောက်လာပါ ဗမာဆိုတဲ့ အသိရှိရင်လာ)2

...........................။

feal out


ကိုထွန်းဝေ
လေးစားလျက်
မျှဝေပါတယ်။

No comments:

Post a Comment