Saturday, 9 February 2013

ရင်ထဲက ရင်ထိုးလေး




မင်္ဂလာပါ အမေစု
အမေစုကျမ်းမာပါစေ  အမေစ သက်တော်ရာကျော်ရှည်ပါစေ စတဲ့အသံများက  ဘယ်နိုင်ငံဘယ်ကမ္ဘာ ဘယ်အရပ်ဆုတွေသွားယူယူ ကျနော်ရဲ့ နားထဲမှာ ကြားနေရမြဲ ဖြစ်ပါတယ်။ အခုလည်း  ဓါတ်ပုံအယ်လ်ဘန်ထဲက  ပုံတွေရှာရင်းနဲ့  ကျနော်ရင်ထိုးလေး တွေ့ လို့ သိမ်းထားတာ  အခုမှထွက်လာပါလားဆိုပြီးကိုင်ကြည့်လိုက်တော့  တော်တော်ကြာနေပြီဘဲဟုစိတ်ထဲမှာ ရေရွတ်မိပါတယ်။ ဒီရင်ထိုးလေး ဂျပန်မှာ ဘယ်နှစ်ခုနှစ်ကတည်းကထုတ်တာလဲဆိုတာမမှတ်မိတာအမှန်ပါ။အမေစုကို မြန်မာပြည်သူလူထု၊ လူကြီး၊ ကလေးမကျန် သိရှိကြသလို ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတိုင်းပြည်များရှိ နိုင်ငံခေါင်းဆောင်များအပြင် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်  နိုင်ငံရှိ ပြည်သူများပါမကျန်သိရှိကြခြင်း၊ ကြည်ညိုကြခြင်းတို့မှာကျွန်တော်တို့မြန်မာနိုင်ငံပြည်သူ/သားများအဖို့များစွာဂုဏ်ယူဖွယ်ဖြစ်တယ်လို့ စိတ်ထဲမှာတနုတ်နုတ်တွေးရင်း  ခံစားမိပါတယ်။

ပြည်သူတိုင်းကအမေစုကိုမေတ္တာအစစ် မေတ္တာအမှန် နဲ့  အားပေးနေကြတာလည်းဂုဏ်ယူစရာတစ်ခုမှတ်ကျောက်တင်ရန် သေချာနေပါလားလို့  ထပ်လောင်းကာ ပြောပြချင်ပါသေးတယ်။ ဒါကြောင့်အမေစုရဲ့ 
အနစ်နာခံတာတွေ့ ပေးဆပ်စွန့် လွှတ်မှုတွေ ဟာ သူ့ စေတနာ သူပြန်အကျိုးပေးတာလို့ လည်း တဖွဖွ သုံးသပ်မိပါတယ်။


ရင်ထိုးလေးနဲ့ အမေစုတန်ဖိုးကိုသိသူတိုင်း တန်ဖိုးထားကြရေးကြ အပြစ်ပြောကြနဲ့ 
ပြည်သူတစ်ရပ်လုံး ပိုပြီး အဆင်ပြေအောင်လုပ်တဲ့ကိစ္စမျိုးတွေမှာတော့
ဒီလိုခေါင်းဆောင်ကောင်းကို တန်ဖိုးထားတတ်ကြပါ့မလား လို့  စိုးရိမ်မိပါတယ်။ ဘာကြောင့်လည်းဆိုတော့  အပင်မြင့်လေလေ  လေတိုက်လှုပ်ရမ်းတာကြမ်းလေလေဟုမှတ်သားဘူးပါတယ်။ဘယ်လိုကိစ္စဘဲဖြစ်စေပြသနာရဲ့  အတိမ်အနက်ကိုအများအကျိုး၊ ရေရှည်အကျိုးနဲ့သာ ချိန်ထိုးဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
ယခုလည်းကမ္ဘာကပြည်သူ အပေါင်း ဆင်းရဲချမ်းသာမရွေး၊ မြန်မာနိုင်ငံခေါင်းဆောင်ဟူသမျှလေးစား အသိမှတ်ပြုကြသည်မှာ အမေစုရဲ့ ပြည်သူလူထုအပေါ်ထားရှိသော မှန်ကန်သည့် သဘောရိုး သားဖြောင့်မတ်မှု့ ၊ ခေါင်းဆောင်ကောင်းတို့ ၏အရည်အချင်းပြည့်ဝ ပါးနပ်မှု သစ္စာတရား၊ တိုင်းပြည်နှင့်လူမျိုးအပေါ်ထားရှိသော စစ်မှန်သည့် မေတ္တာတရားတို့၏ စွမ်းပကားအတုမရှိသော ပေးဆပ်စွန့် လွှတ်ခြင်းတို့မှာ အရှိန်အဝါထုထည်ကြီးမားမှုကို လက်တွေ့ပြသ နေပါတယ် ရင်ထိုးလေးကိုကျနော်ကိုင်ကြည့်ရင်း  သြော်..တော်တော်ဘုန်းကြီးပါလားအမေ ရယ်..ဟုရည်ရွတ်ရင်းပြည်သူများအတွက် တိုင်းပြည်အတွက်အလုပ်လုပ်ပေးနေတာတွေအားလုံးဟာ ဖြူစင်လွန်းလို့ 
ကိုယ့်စေတနာ ကိုယ့်ဆီ ပြန်လာမှာသေချာပါတယ်ဟု သုံးသပ်လိုက်ပါတယ်.။

ကိုထွန်းဝေ
9.2.2013

No comments:

Post a Comment