Tuesday 5 February 2013

အမေ့အရိပ်တွေကိုတစိမ့်စမ့်ကြည့်နေပါ့မယ်..



အမေ့ကိုမချစ်နိုင်သူတွေ ချစ်အောင်နေကြဖို့ ပြောဖို့ ထက် တကယ်လုပ်ကြည့်ရင် မခက်ပါဘူး ။ အမေစုကိုအသစ်အသစ်တွေနဲ့ တိုက်ခိုက်နေတဲ့ဂျာနယ်လေးတွေရယ် ကိုကိုလူဆိုးတို့ လုပ်ထားတဲ့ဖေ့ဘုတ်စာမျက်နှာများရယ် ..အားမနာတမ်းရေးနေကြတဲ့ အမေ့အကြောင်းကို အဖက်ဖက်က နည်းပေါင်းစုံသုံးပြီး တက်ရေးနေသူများရယ်..လျှာအရိုးမရှိဘဲ အာဘူးပေးနေကြသူများရယ် ကိုလဲ သနားမိပါတယ်..မေမေစုကိုထောက်ခံသူများအားပေးသူများကိုဆီးကြိုချင်ပါတယ်။ပြည်သူလူထုကိုစည်းရုံးပြောဆိုနေတဲ့မေမေက ဘယ်နေရာဘယ်ဘက်ကကြည့်ကြည့် ရိုးသားတယ်..ဖြူစင်တယ်ဆိုရင် သင်လက်ခံပါသလား..
ချစ်လာလေနိုးနိုးမျှော်ကိုးစည်းရုံးနေရင်တောင်
အပြစ်ဆိုတာမမြင်ပါဘူး။ အေး..ချစ်အောင်လုပ်ဖို့ ကခက်ပါတယ်..မုန်းအောင်လုပ်တာလွယ်လွယ်လေးပါ..မိမိရဲ့ စိတ်ထဲမှာ တချက်လောက်အမေ့အတွက်နဲ့ ပြုံးကြည့်ဘူးပါသလား..အဆုံးအထိမပြောရင်လဲကမ္ဘာကိုမေတ္တာဓါတ်နဲ့  ဘယ်နှစ်ကြိမ် ဒေါ်စုက အကြည်ညိုပျက်တဲ့စကားပြောဘူးပါသလဲ ..သင်သိမှာပါ..ဆုတွေယူတဲ့သူတစ်ယောက်ကို မြန်မာပြည်ရဲ့ သတင်းစာတွေမှာဝေေ၀ဆာဆာဘယ်နှစ်ခါဖော်ပြဘူးလို့ လဲ .အ်ာပြန်ကြားရေးကထုတ်တတဲ့သတင်းစာတွေမှာ သမာသမတ်ကျကျရဲရဲကြီးဘာကြောင့်မဖော်ပြရဲတာလဲရှက်တတ်ရင်လဲသေလို့ ရပါတယ်..ဒါမျိုးတွေက အမှန်ဆိုရင် တရားဝင် ဖော်ပြပေးရမှာဖြစ်ပါတယ်
ဒါပေမဲ့အမေပြုံးပြီးအလုပ်တွေအများကြီးလုပ်ပေးနေပါတယ်..။လောကဓမ္မတာအရပြောရရင်မမြဲတဲ့တရားဆိုတာ
မမြဲခြင်းတရားသာရှိတယ်ဆိုတော့ကာ...အမေ့မိန့် ခွန်းတွေထပ်တလဲလဲနားထောင်ကြည့်ပါဦးလို့  အကဲပိုပြီးပြောလိုက်ချင်သေးရဲ့  ။ဒီဇမ္မူမှာ အမေစုသာမရှိခဲ့ရင် ကျနော်တို့ မြန်မာပြည်ကြီးစစ်ကျွန်ဘ၀အောက်ကဘယ်တော့မှလွတ်မြောက်မှာမဟုတ်ပါဘူး။အသွင်ကူးပြောင်းရေးအကြိုကာလမှာ မြန်မာလူထုက ခေတ်ပျက်သူဌေး
တွေကို စက်ဆုပ်ရွံ့ရှာစရာ အကောင်းဆုံးလူတွေအဖြစ် သတ်မှတ်မယ်ဆိုရင်သတ်မှတ်လို့ ရပါတယ်။ ဒါပေမဲ့ ဒီကနေ့ မေမေစုကို လေးစားအားကျလာသူထဲမှာ သင်ဟာပါလာမယ်ဆိုရင်တော့ သင့်ကို အတိုင်းနဲ့ အလွန်စင်မြင့်ထက်မှာ ကျနော်စောင့်ကြိုဆိုနေမယ်ဆိုဆာ မြေကြီးလက်ခတ်မလွဲဘဲလို့ ပြောချင်ပါရဲ့ ။

အမေစု ကတော့ဘယ်သွားသွား ဘယ်လာလာဘယ်ကမ္ဘာပတ်ပတ်
ပြည်သူအများရဲ့ သစ္စာတွေချစ်တာတွေ မေတ္တာအဟုန်
ခြုံထားသူမို့ အမြဲလုံနေမှာပ်ါဖြစ်ပါတယ်။
သို့ပါသော်ငြားလည်းအမေ့အရိပ်တွေကိုတစိမ့်စမ့်
အမေစုအားကြည့်နေသူအဖြစ်
စေတနာကောင်းနဲ့တင်ပြလိုက်ပါတယ်။

ကိုထွန်းဝေ
5.2.2013
လေးစားစွာဖြင့်မျှဝေအပ်ပါတယ်။

No comments:

Post a Comment