Friday 8 February 2013

၈၈မျိုးဆက်များ၏ ငြိမ်းချမ်းပွင့်လင်းခရီးစဉ်..(မကွေးတိုင်း )



ဖေဖေါ်ဝါရီလ၊(၆)ရက် ည(၁၁းဝဝ)နာရီက ကိုကိုကြီးဦးဆောင်၍ အဖွဲ့ဝင်(၉)ဦး ပါဝင်သော ၈၈မျိုးဆက်ကျောင်းသားများသည် မကွေးတိုင်မြို့သစ်မြို့သို့ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းဖေါ်ဆောင်ရေး ခရီးစဉ်အဖြစ်ထွက်ခွာခဲ့ကြပြီး မင်းကိုနိုင်ဦးဆောင်၍အဖွဲ့ဝင်(၈)ဦးပါဝင်သော ၈၈မျိုးဆက်ကျောင်းသားများသည်လည်း ဖေဖေါ်ဝါရီလ၊(၇)ရက်နံနက်(၁းဝဝ)နာရီက မကွေးတိုင်းတောင်တွင်းကြီးမြို့သို့ထွက်ခွာခဲ့ကြသည်။ ကိုကိုကြီးဦးဆောင်သော၈၈မျိုးဆက်ကျောင်းသားများသည် ဖေဖေါ်ဝါရီလ၊(၇)ရက် နံနက်(၇း၃၀)နာရီတွင်ရောက်ရှိခဲ့ကြပြီး မြို့သစ်မြို့နယ် လယ်ပြင်ရပ်ကွက်၌ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းဖော်ဆောင်ရေး ဟောပြောပွဲအခမ်းအနားသို့တက်ရောက်ခဲ့ကြသည်။ ယင်းအခမ်းအနားတွင် တက်ရောက်လာသည့်ဒေသခံပြည်သူများနှင့်၈၈မျိုးဆက်ကျောင်းသားများကို ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဂျင်မီက တစ်ဦးချင်းမိတ်ဆက်ပေးသည်။ ဆက်လက်၍ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းဖော်ဆောင်ရေး အတွက်ဟောပြောဆွေးနွေးခဲ့ပြီး မမီးမီးက နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ၄င်းနောက် မြိုးသစ်မြို့နယ်ဒေသခံပြည်သူများ၏ သိရှိလိုသည့်မေးခွန်းများကို ကိုဂျင်မီကပြန်လည်ဖြေကြားခဲ့ပြီး အခမ်းအနားကိုရုတ်သိမ်းကာ မြို့သစ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့သွားရောက်၍ မြို့နယ်အဖွဲ့ဝင်များနှင့်တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး တောင်တွင်းကြီးမြို့နယ်သို့ ဆက်လက်ထွက်ခွာခဲ့ကြသည်။







No comments:

Post a Comment