Thursday 7 February 2013

မေမေစု ကိုယ်တိုင်ရေးဆွဲထားတဲ့အမျိုးသားခေါင်းဆောင်ဖခင် ဦးအောင်ဆန်း၏ ပန်းချီ



"National Leader U Aung San"
Original art work created by Aung San Suu Kyi
ယခုဖခင်ဦးအောင်ဆန်း၏ မွေးနေ့ မှာထပ်မံဖော်ပြပေးလိုက်ပါတယ်။၁၃ရက်နေ့ ၂လပိုင်း၂၀၁၃နေ့ မှာ ရောက်ရှိလာတော့ မည့်ကျွန်ုပ်တို့ အမျိုးသားခေါင်းဆောင် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏၉၈ နှစ်မြောက်မွေးနေ့ ကိုနောင်လာနောင်သားများ ခေတ်သစ်မျိုးဆက်သစ်များ မြန်မာနိုင်ငံ၏သမိုင်းမှန်ကို သိရှိစေရန် ရည်ရွယ်ချက်ကြီးကြီးမားမားဖြင့်သိမ်းထားကြစေရန် မှတ်တမ်းကောင်းဖြစ်ပါတယ်။
အရင်တုံးက အာဏာရှင်များက ဗိုလ်ချုပ်အောင်ဆန်းပုံဆိုရင် ရုံးတွေမှာ အစစစ်တပ်ထဲအထိ မဖော်ပြဖို့ အာဏာရှင်ဆန်ဆန်ဖိနှပ်အုပ်ချုပ်တဲ့ တကိုယ်ကောင်းစိတ်နဲ့  ဘယ်သူသေသေငတေမာရင်ပြီးရောစိတ်မျိုးနဲ့ အတ္တဆန်သောဖက်ခွက်စားဆန်ဆန်အကျင့်စရိုက်များကြောင့်ဖခင်ဗိုလ်ချုပ်၏ ပုံများ ငွေစက္ကူများ ဖယ်ရှားခြင်းခံခဲ့ရတာက ယနေ့ အထိဖြစ်ပါတယ်။

ယနေ့ လူငယ်နောင်ဝယ်လူကြီးများသိရှိစေရန် ဖခင် ဗိုလ်ချုပ် ၏ မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဖခင်ဗိုလ်ချုပ်ဦးအောင်ဆန်းကို အမျုားပြည်သူအသိအမှတ်ပြုစေရန်  သမီးဖြစ်သူအမေဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဆွဲထားတဲ့  လက်ရေးမူအားတန်ဖိုးထားအလေးထားလက်ဆင့်ကမ်း သမိုင်းဝင်အောင် ပြန်လည်မှတ်တမ်းပြုလုပ်ပေးကြရန်  လေးနက်စွာ တောင်းဆိုအပ်ပါတယ်.

ကိုထွန်းဝေ
7.2.2013
အမျိုးသားခေါင်းဆောင်ဖခင် ဦးအောင်ဆန်း၏  မွေးနေ့ ကိုဂုဏ်ပြုတင်ဆက်အပ်ပါတယ်။

0riginal  ....https://www.facebook.com/photo.php?fbid=312679228843148&set=pb.100003032208873.-2207520000.1360215802&type=3&theater

No comments:

Post a Comment