(The Gulf Today မှ 9 feb 2013 ရက်စွဲပါ “ADB to assist in Myanmar’s infrastructure development” သတင်းကို ဘာသာပြန်ဆိုသည်)
အာရှဖွံ့ဖြိုးရေးဘဏ် ADB ကမြန်မာနိုင်ငံ၏ နည်းပညာ၊ ဘဏ္ဍာရေး၊ ဖက်သွယ်ရေး၊ စဉ်ဆက်မပြတ်စွမ်းအင်စသော အခြေခံအဆောက်အဦးကဏ္ဍများ ဖွင့်ဖြိုးရေးကို ကူညီရန် ကတိပြုလိုက်ကြောင်း မြန်မာနိုင်ငံပိုင်မီဒီယာက သောကြာနေ့တွင် သတင်းထုတ်ပြန်သည်။
ADB ဥက္ကဋ္ဌ ဟာရူဟီကိုကူရိုဒါ နှင့် သမ္မတဦးသိန်းစိန်တို့ ကြာသာပတေးနေ့က နေပြည်တော်တွင် တွေ့ဆုံကြစဉ် ယင်းသို့ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်ဟု New Light Of Myanmar သတင်းစာက ဆိုပါသည်။
ခေါင်းဆောင်နှစ်ဦးဆွေးနွေးကြရာတွင် မဟာမဲခေါင်ဒေသခွဲနိုင်ငံများ ဖွံ့ဖြိုးအောင်ကူညီရေး၊ စားနပ်ရိက္ခာအတွက် အရေးပါသော မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ်ဒေသဖွံ့ဖြိုးရေး၊ မြန်မာနိုင်ငံ၏ မြစ်ကြီး ၃ သွယ် နှင့် ရေအားလျှပ်စစ်တမံများမှ သန့်ရှင်းသောရေကို အသုံးပြုရေး၊ အိန္ဒိယ-မြန်မာ-ထိုင်း နိုင်ငံချင်းဆက် ကားလမ်းတည်ဆောက်ရေးစသော ကိစ္စများလည်းပါဝင်သည်ဟု သိရှိရသည်။
မြန်မာနိုင်ငံသည် ဇန်နဝါရီလအတွင်းက ပါရီကလပ် မြီရှင်နိုင်ငံများအဖွဲ့နှင့် အောင်မြင်စွာ ဆွေးနွေးညှိနှိုင်းပြီးနောက်တွင် နော်ဝေနှင့်ဂျပန်ချေးငွေ အပါအဝင် နိုင်ငံတကာကြွေးမြီ ဒေါ်လာ ၆ ဘီလျံခန့်ကို လျှော့ချနိုင်ခဲ့ပြီ ဖြစ်သည်။ နောက်ဆက်တွဲအဖြစ် ADB သို့ ပေးရန်အကြွေးဒေါ်လာ ၅၁၂ သန်းနှင့် ကမ္ဘာ့ဘဏ် သို့ပေးရန် အကြွေးဒေါ်လာသန်း ၄၃၀ တို့ကိုလည်း ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဘဏ် JBIC ၏ ပေါင်းကူးချေးငွေဖြင့် ဇန်နဝါရီလ ၂၅ ရက်တွင် ပြန်လည်ပေးဆပ်လိုက်ပြီဖြစ်သည်။
ထိုနေ့၌ပင်အလားတူငွေပမာဏကို ADB နှင့်ကမ္ဘာ့ဘဏ်တို့ထံမှ ချေးငွေသစ်ပြန်လည်ရရှိကာ JBIC ဘဏ်၏ ပေါင်းကူးချေးငွေကို ပြန်လည်ပေးဆပ်လိုက်ပြီ ဖြစ်သည်။
ယခုအခါ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏လယ်ယာကဏ္ဍ၊ ကားလမ်းများ၊ ကျန်းမာရေးဌာနများ၊ နိုင်ငံတဝှမ်းကျေးရွာ ၆၄၀ မှ စာသင်ကျောင်းများ စသော အခြေခံအဆောက်အဦးစနစ် ဖွံ့ဖြိုးရေးအတွက် တစ်မျိုးသားလုံးဆိုင်ရာ လူထုအားပြု ဖွံ့ဖြိုးရေးစီမံကိန်းကို ဆောင်ရွက်ရန် ဒေါ်လာ သန်း ၈၀ ထောက်ပံ့ကူညီ သွားမည်ဟု ဘဏ္ဍာအခွန်ဝန်ကြီးဌာန အဆိုအရသိရှိရသည်။
No comments:
Post a Comment