Friday, 8 February 2013

ဗဟိုကော်မတီ စုံညီအစည်းအဝေး ၁/၂၀၁၃ ထုတ်ပြန်ချက် ABSDF ထုတ်ပြန်


 

 
ဖေဖော်ဝါရီလ ၂ ရက်မှ ၆ ရက်ထိ မဲဆောက်မြို့အရှေ့ပိုင်း နောင်ဘွားရွာတွင် ပြုလုပ်ခဲ့သော ဗဟိုကော်မတီ စုံညီအစည်းအဝေး ဆုံးဖြတ်ချက်အဖြစ် အချက် ၆ ချက်ပါ ထုတ်ပြန်ချက်တစ်စောင်ကို ABSDF အဖွဲ့မှ ယနေ့ထုတ်ပြန်လိုက်ကြောင်းသိရသည်။
 
ယင်းထုတ်ပြန်ချက်တွင် လက်ရှိအစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေးအလုပ်အဖွဲ့နှင့် နှစ်ဖက်နိုင်ငံရေးဆွေးနွေးပွဲများ လုပ်ဆောင်ရာတွင် ပြည်သူလူထုရှေ့မှောက်၌ ဂုဏ်သိက္ခာရှိရှိ ဆက်လက်လုပ်ဆောင်သွားရန် သဘောထားရှိသကဲ့သို့ တစ်တိုင်းပြည်လုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်မြောက်လာရေးအတွက်လည်း မကဒတ (ကျောင်းသားတပ်မတော်) အနေဖြင့် အင်အားစု အားလုံးနှင့်အတူ တက်တက်ကြွကြွ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယနေ့နိုင်ငံရေးလိုအပ်ချက်ဖြစ်သည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ အင်အားစုအားလုံးပါဝင်သသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရေး အပါအဝင်အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တစ်ရပ်ပေါ်ထွန်းရေး အတွက် ပြည်တွင်း၊ ပြည်ပ ရှိ ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားအင်အားစုများနှင့် အတူ အခိုင်အမာလက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစရှိသဖြင့်ဖော်ပြထားကြောင်းသိရသည်။
 
ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ABSDF အတွင်းရေးမှူး (၁) ရဲဘော်မြင့်ဦးက ““ တိုင်းပြည်ရဲ့ ပဋိပက္ခထဲမှာ ပါဝင်ပတ်သက်နေတဲ့အင်အားစုအားလုံးပါဝင်တဲ့ နိုင်ငံရေးအရတန်းတူရည် တူ ဆွေးနွေးနိုင်မယ့် ဆွေးနွေပွဲတွေကို အမြန်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှသာ ရေရှည်တည်တံ့ခိုင်မြဲနိုင်မယ့် ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်မယ်လို့မြင်ပါတယ်။”” ဟု မှတ်ချက်စကားပြောကြားခဲ့သည်။
 
ဇော်သူရ (မဲဆောက်) + NLA

No comments:

Post a Comment