Friday 25 January 2013

ရေလုပ်သား၃ ဦးကို ညောင်တုန်းရဲစခန်းက ဖမ်းဆီး

တရားဝင် ဆန္ဒပြခွင့်နဲ့ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ညောင်တုန်းမြို့နယ်က လယ်သမားတွေနဲ့ ရေလုပ်သားတွေထဲက ၃ ဦးကို ဇန်နာဝါရီ ၂၅ ရက်နေ့က ဖမ်းဆီးလိုက်တယ် လို့ ညောင်တုန်းရဲစခန်းက ဒီဗွီဘီကိုပြောပါတယ်။ ညောင်တုန်းမြို့နယ် ငှက်ပျောကျွန်းကျေးရွာနဲ့ အနီးအနားက တောင်သူလယ်သမား ရေလုပ်သား ၄၀၀ လောက်ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၇ ရက်နေ့က ညောင်တုန်းမြို့ ငါးလုပ်ငန်းဦးစီးဌာန ရှေ့မှာ ဆုံးရှုံး နစ်နာမှုတွေကို တောင်းဆို ဆန္ဒပြခဲ့တာပါ။ အဲ့ဒီထဲက ဦးလှမျိုးနိုင်၊ ဦးလှိုင်ဦးနဲ့ ဦးဝင်းကြိုင်တို့ဟာ ဆန္ဒပြခွင့် ပုဒ်မ ၁၉ နဲ့ ညှိစွန်းတဲ့အတွက် ဖမ်းဆီးခံထားတာလို့ ညောင်းတုန်းရဲစခန်းကပြောပါတယ်။
ဒီဗွီဘီ

No comments:

Post a Comment