Wednesday 30 January 2013

ထူးထူးဆန်းဆန်း ကာကွယ်ရေးဝန်ကြီးဌါနမှ ကချင်ထိုးစစ်အပေါ် ပထမဦးဆုံးအကြိမ် ထုတ်ပြန်ကြေညာချက်





ဒီကနေ့ထူးထူးဆန်းဆန်း ကချင်ပြည်နယ်မှာ  ၁ နှစ်ခွဲကျော်ကြာဖြစ်ပွါးနေတဲ့ အစိုးရနဲ့  ကေအိုင်အေတပ်တွေကြား ထိုးစစ်တွေရပ်စဲဖို့နဲ့ ထာဝရငြိမ်းချမ်းရေးဆက်လက်တည်ဆောက်သွားဖို့အတွက် အထူးလိုလားကြောင်း ကာကွယ်
ရေးဝန်ကြီးဌါနမှ ပထဦးဆုံးအကြိမ် ၂၉. ၁. ၂၀၁၃ ဒီကနေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အပေါင်းလက္ခဏာဆောင်တဲ့ အဆိုပါသဘောထားထုတ်ပြန်ကြေညာချက်ကို ကေအိုင်အေဘက်ကလည်းကြိုဆို
တယ်လို့...ကေအိုင်အေတပ်ရင်း ၆  တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အင်ခွန်ဇော်ဒွဲက ပြောကြားလိုက်ပါတယ်။
အခုလို
ကာကွယ်ရေးဝန်ကြီးဌါနကထုတ်ပြန်တာဟာ အကောင်းဘက်ကိုရည်ညွန်းပြီးထုတ်ပြန်တယ်လို့ ကေအိုင်အေဘက်က
ယူဆပါတယ်။ မနက်ဖန်- တဘက်ခါဆို ကေအိုင်အိုအနေနဲ့လည်း ထုတ်ပြန်ကြေညာချက်တစောင်ထုတ်ပြန်နိုင်လိမ့်
မည်ဟုမျှော်လင့်ကြောင်း အဆိုပါဒုတိယဗိုလ်မှူးကြီးကယူဆပါထားပါတယ်။
တပ်မတော်က အခုလိုထုတ်ပြန်တဲ့အတွက် ၎င်းတို့ဘက်ကလည်း ထုတ်ပြန်ကြေညာချက် မထုတ်ပြန်စရာအကြောင်းမရှိ
ကြောင်းထပ်မံပြောဆိုခဲ့ပါတယ်။ တပ်မတော်အနေနဲ့ အခုလိုပွင့်ပွင့်လင်းလင်းရှိလာတဲ့အတွက်ကြိုဆိုပြီး၊ ဘာပဲဖြစ်ဖြစ်
အကောင်းဘက်မှာ  အပေါင်းလက္ခဏာဆောင်ဖို့များပါတယ်ဆိုတဲ့ အပိုင်းကိုလက်ခံပါတယ်လို့ ဒုတိယဗိုလ်မှူးကြီးက
ဆက်လက်ပြောကြားခဲ့ပါတယ်။ ဒီကနေ့ ကာကွယ်ရေးဝန်ကြီးရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ အစိုးရတပ်မတော်အနေနဲ့ မိမိကိုယ်မိမိ ခုခံကာကွယ်မျိုးမှအပ ပစ်ခတ်တိုက်ခိုက်တာကိုမပြုလုပ်ပဲ သမ္မတ- ဦးသိန်းစိန်ရဲ့ ညွှန်ကြားချက်အတိုင်း တိတိကျကျလိုက်နာသွားမယ်လို့လည်းပဲ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

( တဖက်နဲ့ တဖက်နားလည်မှုအပြည့်အဝရရှိပြီး ထာဝရငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်ကြပါစေ...။ )

( ကိုဗလိုင် )



စဉ်းစားတွေးခေါ်တတ်ဖို့လိုပါတယ် ( တပ်မတော်ထိပ့်ပိုင်းခေါင်းဆောင်များ
ထံသို့ )
af Ko Baloi den 19. januar 2013 kl. 17:03 ·

ချမ်းသာအတိနှင့် ပြီးပြည့်စုံစွာနေထိုင်နိုင်သည့် မြန်မာနိုင်ငံသည် စစ်တပ်ထိပ့်ပိုင်းခေါင်းဆောင်တွေရဲ့ နိုင်ငံတော်အာ
ဏာကို လက်ဆင့်ကမ်းမတရားသိမ်းပိုက်ခြင်းကြောင့်  နိုင်ငံတော်သည်ဖွတ်ဖွတ်ကြေမွကာ အလုံးစုံပျက်ဆီးရေးကိန်း
သို့ဆိုက်ရောက်ခဲ့ရသည်။ ဆိုလိုသည်မှာ နိုင်ငံရေးအရစားပွဲပေါ်တွင်ဖြေရှင်းရမည်ပြဿနာများကို နိုင်ငံရေးအရ စားပွဲ
ပေါ်တွင်မဖြေရှင်းပဲ စစ်ရေးအရဖြေရှင်နေခြင်းကြောင့် မြန်မာနိုင်ငံသည် ချမ်းသာပါလျှက်နှင့် မွဲပြာကျခဲ့ရသည့် ကိန်း
သို့ရောက်ရှိခဲ့ရသည်။ ထို့အပြင် စစ်ရေးစရိတ်ကို အဆမတန်အသုံးပြုပြီး၊ စစ်ရေးစရိတ်ကိုအကြောင်းပြကာ ငွေပေါင်း
မြောက်များစွာခိုးဝှက်မှုလုပ်ရတာလွယ်ကူ၍ အားအားနေ ရှေ့တန်းဆင်းခိုင်း၍ စစ်တိုက်နေသောနိုင်ငံလည်းဖြစ်သည်။
အခုလည်းကြည့် ကျနော့်အထင် ငွေများမြောက်များစွာ ခိုးဝှက်ခွဲယူထားကြပြီး စစ်ရေးစရိတ်ပြစရာအခက်ကြုံနေရတဲ့
အတွက် ကချင်ကိုမီးကုန်ရမ်းကုန်ထိုးစစ်ဆင်နေတာလားလို့ ကျနော့်အနေနဲ့ သံသယဝင်မိပါတယ်။ ဒါမှမဟုတ် အစွယ်
ကျိုးတော့မယ့် စစ်တပ်ရဲ့ လက်ကျန်တန်ခိုးသြဇာအာဏာပါဝါထုတ်ပြနေတာလား။ ဒါမှမဟုတ် နောက်ကွယ်က ကြိုးဆွဲ
နေတဲ့ ဗိုလ်သန်းရွှေက တရုတ်အစိုးရရဲ့ အလိုကျလက်ဝါးချင်းရိုက်ပြီး ကေအိုင်အေကိုထိုးစစ်ဆင်နေတာလားဆိုတဲ့
လားပေါင်းများစွာအပေါ် စာရေးသူအနေဖြင့်သံသယဝင်နေမိပါသည်။

စဉ်းစားစရာတခုက ၁၇ နှစ်ကျော်ကြာအပြစ်ခတ်ရပ်စဲထားပြီးမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအများ အပစ်
ခပ်ရပ်စဲရေးလုပ်နေချိန်မှာ ကချင်မှာ ဘာကြောင့်စစ်ပွဲတွေဖြစ်နေတာလဲ။ လွန်ခဲ့တဲ့ ၁၇ နှစ်ကျော်ကြာကာလက တိုင်းရင်း
သားလက်နက်ကိုင်အဖွဲ့အစည်းများအပစ်ခတ်ရပ်စဲရေးအားငြင်းဆန်နေတဲ့အချိန်မှာ ဘာမပြောညာမပြောနဲ့တော်လှန်ရေး
အဖွဲ့အစည်းအသီးသီးကိုကျောခိုင်းကာ ဘရမ်ဆိုင်းဦးဆောင်ပြီး ဘုံရန်သူနဲ့ ဘာအတွက်ကြောင့်အပစ်ခတ်ရပ်စဲရေး
အစောတလျှင်ပြုလုပ်ခဲ့သလဲ။ အရင်ကလည်း ( နအဖ ) စစ်ခေါင်းဆောင်တွေနဲ့ ကချင်ခေါင်းဆောင်တွေဟာ မရိုးမသားနဲ့
ပွင့်လင်းမှုမရှိသလို၊ အခုလည်းအများသူငှါ ငြိမ်းချမ်းရေးအတွက် အပစ်ခတ်ရပ်စဲရေးလုပ်နေချိန်မှာ ဘာအတွက်ကြောင့်
ကျည်တွေဖောက်နေရသလဲ။ ဒီအတွက် ပြောစရာနဲ့ မေးစရာတွေတပုံကြီးဖြစ်လာပါတယ်။ ဒီအချိန်မှာ ဘာအတွက်
စစ်ဖြစ်နေရတာသလဲဆိုတာ နှစ်ဖက်စလုံးပွင့်လင်းမှုရှိဖို့လိုပါတယ်။ နှစ်ဖက်စလုံးက အရမ်းစစ်တိုက်နေချင်ရင်လည်း
ဆက်သားတွေနဲ့ စာပို့ခိုင်းပြီး ဘယ်နေရာမှာတိုက်မလဲဆိုတာ  စိန်ခေါ်ပြီးတိုက်ကြပါ၊ သုံးမရတဲ့ခေါင်းဆောင်တွေကြား
တိုင်းရင်းသားပြည်သူတွေကိုမြေစာပင်မဖြစ်ပါစေနဲ့။  ကျနော်တို့က အခုပြုပြင်ပြောင်းလဲရေးဟာ တိုင်းရင်းသားပြည်သူ
တွေအပေါ် သွေးထွက်သံယိုမှုနည်းပါးမှာမို့  လက်ခံနေတာပါ။ ဆိုကြပါစို့ တိုက်ပွဲတွေဆက်ဖြစ်နေရင် ဘာဖြစ်မလဲ...ဘာ
အကျိုးကျေးဇူးတွေဖြစ်ထွန်းလာမလဲ....တိုက်တာလည်းကြာခဲ့ပြီး တိုင်ပြည်သာဖွတ်ဖွတ်ကြေသွားတယ်...ဘာမှဖြစ်မ
လာဘူး။ အခုဖြစ်နေတဲ့စစ်ပွဲက ကိုးလိုးကန့်လန့်နဲ့ ကပ်ဖဲ့ရပ်ဖဲ့လုပ်နေတဲ့စစ်ပွဲလို့ပဲ ခံစားနေရပါတယ်။ အခုလိုစစ်တိုက်
နေတဲ့အတွက်ကြောင့်   ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အောင်မင်းကြီးလည်း ဖင်ကြားခဲခုထိုင်မိနေသလို ခုလုခုလုနဲ့
ကိုးလိုးကန့်လန့်ဖြစ်နေမှာတော့ ကျိန်းသေတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုကမ္ဘာကအသိအမှတ်ပြုနေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်နေစဉ်ကာလမှာ တပ်မတော်ခေါင်းဆောင်
တွေအနေနဲ့ရော၊ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေပါ တိုင်းပြုပြည်ပြုလုပ်ငန်းများကို ပြည်သူနဲ့အတူထမ်း
ဆောင်စေလိုပါတယ်။ အခုလို ကချင်ကို တိုက်လေယာဉ်တွေနဲ့ စစ်ရဟတ်ယာဉ်တွေနဲ့ ထိုးစစ်ဆင်နေတာဟာ လက်ရှိ
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေလုပ်နေတဲ့ကာလမှာ   တပ်မတော်ရဲ့လုပ်ရပ်ဟာ  အင်မတန်မှအရုပ်ဆိုးအကျဉ်း
တန်စေပါတယ်။ အမှန်မှာ ဒီနေ့- ဒီအချိန်ကာလမှာ  တပ်မတော်ရဲ့ အရင်ကဆိုးပစ်တွေကို   ဆေးကြောလျှော်ဖွတ်ရ
မယ့် အကောင်းဆုံးအချိန်ကာလလို့  စာရေးသူအနေနဲ့   ထင်မြင်ယူဆမိပါတယ်။ တပ်မတော်ခေါင်းဆောင်တွေဟာ အရင်ကဆိုးမွေတွေကို လက်ဆင့်ကမ်းသည်ပိုးနေရင်တော့ သမိုင်းကတနေ့ သင်နဲ့ သင်ရဲ့ မျိုးဆက်မိသားစုအသိုင်းဝိုင်းကို
ကောင်းကောင်းဒဏ်ခတ်သွားမယ်ဆိုတာမေ့မလျှော့ကြဖို့ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေကို အလေးနက်ထားပြီး
ဒီနေရာကသတိပေးပြောကြားလိုပါတယ်။ သင့်ကြောင့် တနေ့- တချိန်ကြရင် သင့်မျိုးဆက်နှင့် သင့်မိသားစု အသိုင်းဝိုင်း
ခေါင်းမဖော်နိုင်လောက်အောင် အရှက်တကွဲအကျိုးနဲစေမယ့် လုပ်ရပ်များကိုရှောင်ကျဉ်ရပါလိမ့်မယ်။ ဒါမှမဟုတ်ဖြစ်ချင်
ရာဖြစ်ဆိုပြီးလုပ်ချင်ရာဆက်လုပ်နေဦးမယ်ဆိုရင် သမိုင်းရဲ့ဒဏ်ပြုခြင်းကိုမလွဲမသွေခံရမှာအမှန်ပါပဲ..။

နောက်ဆုံးအနေနဲ့ တပ်တော်ထိပ့်တန်းခေါင်းဆောင်တွေကို အထူးသတိပေးပြောကြားလိုသည်မှာ သင်၏လုပ်ရပ်ကြောင့်
သင်၏ မျိုးဆက်နှင့် သင်၏ အသိုင်းဝိုင်းလောကအလယ်မှာ မောကြွားပြီး လက်မထောင်စေချင်သလား၊ ဒါမှမဟုတ် သင်
၏ လုပ်ရပ်မှားကြောင့် သင်၏ မျိုးဆက်နှင့် အသိုင်းဝိုင်း လောကအလယ်မှာခေါင်းမဖော်နိုင်အောင် အရှက်တကွဲအကျိုး
နည်းစေမယ့် လုပ်ရပ်မှားတွေနဲ့ ဆက်မိုက်နေမှာလားဆိုတာကို စဉ်းစားတွေးခေါ်တတ်ဖို့လိုပါတယ်။ အဲဒီလိုမှ စဉ်းစား
တွေးခေါ်မျှော်မြင်ဥာဏ်မရှိရင် လူ့ပြည်မှာလူလာဖြစ်တာ အလားကားပဲ..။

( ကိုဗလိုင် )

(( မှတ်ချက်။  ။ ဘာပဲဖြစ်ဖြစ် အခုချိန်ခါမှာ စစ်ပဲတိုက်တိုက်- ငပိပဲဖုတ်ဖုတ် ပွင့်လင်းမြင်သာမှုရှိပြီး အကျိုးကြောင်းခိုင်
လုံမှုရှိဖို့လိုပါတယ်။ ဥပမာ။  ။ ငပိဖုတ်တာဟာ ငပိထောင်းစားချင်လို့ဖုတ်တာဆိုပြီး ပွင့်လင်းမြင်သာမှုရှိပြီး အကျိုး
ကြောင်းခိုင်လုံမှုရှိဖို့လိုသလို၊ စစ်တိုက်တာလည်း ဘာအတွက်စစ်တိုက်နေတာလည်းဆိုတာ ပွင့်လင်းမမြင်သာမှုရှိပြီး အကျိုး
ကြောင်းခိုင်လုံစွာနဲ့ ပြည်သူတွေကိုချပြဖို့တော့လိုပါတယ်။ ဒါက ငပိဖုတ်နဲ့ နှိုင်းတဲ့ ခပ်ရှင်းရှင်း ခပ်ရိုးရိုးဥပမာလေးပါ..။ ))
( စာအရေးအသားပြင်းထန်ရိုင်းပြမှုရှိရင် ခွင့်လွှတ်ပေးပါလို့ တောင်းပန်ရင်း....အားလုံးကိုလေးစားလျှက်/  ကိုဗလိုင် )
 Ko Baloi on Wednesday, January 30, 2013

No comments:

Post a Comment