Thursday 31 January 2013

ဒေါ်အောင်ဆန်းစုကြည်အား လူ့အခွင့်အရေးဆိုင်ရာ ဂွမ်ဂျူးဆု ပေးအပ်ချီးမြှင့်






                           လူ့အခွင့်အရေးဆိုင်ရာ ဂွမ်ဂျူးဆု ပေးအပ်ချီးမြှင့်
 



အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အား၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် တောင်ကိုးရီး ယားနိုင်ငံ ဂွမ်ဂျူးမြို့၌ လူ့အခွင့်အရေးဆိုင်ရာ ဂွမ်ဂျူးဆု ပေးအပ်ချီးမြင့်ခဲ့ကြောင်းသိရသည်။

ယင်းဆုသည် ၂၀၀၄ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်နှင့် နေစဉ် ကာလအတွင်း တောင်ကိုရီးယား အစိုးရမှ ချီးမြှင့် ခဲ့သောဆု လည်းဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည်သည် တောင်ကိုရီးယားနိုင်ငံသို့ ဇန်န၀ါရီလ ၂၈ ရက်နေ့က ၄ ရက်ကြာ အလည်အပတ် ခရီးစဉ် အဖြစ်ရောက်ရှိနေခြင်းဖြစ်သည်။

တောင်ကိုးရီးယားနိုင်ငံ အနောက်တောင်ပိုင်း ဂွမ်ဂျူးမြို့တွင် မြန်မာ့နိုင်ငံ၏ အတိုက်အခံခေါင်းဆောင်ဒေါ်အောင် ဆန်းစုကြည်က လူ့အခွင့်အရေးဆိုင်ရာ ဂွမ်ဂျူးဆုကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့က လက်ခံရယူနေသည်ကိုတွေ့ရစဉ်။



No comments:

Post a Comment