Thursday 31 January 2013

ဦးသန်းရွှေကွယ်လွန်သွားတဲ့ နာရေး ကြော်ညာ

ဦးသန်းရွှေကွယ်လွန်သွားတဲ့ နာရေး ကြော်ညာပါ။ ဦးသန်းရွှေ ဟာ လွန်ခဲ့တဲ့ ဇန်န၀ါရီလ ၂၉ ရက်နေ့က ကွယ်လွန်သွားခဲ့တာကို ၀မ်းနည်းကြေကွဲခြင်း အဖြစ် ယနေ့ ဇန်န၀ါရီလ ၃၁ ရက်နေ့ ကြေးမုံ သတင်းစာမှာ မထင်မရှား ဖော်ပြထားတာပါ။

ဒီနာရေး ကြော်ညာမှာ ဖော်ပြထားတဲ့ ဦးသန်းရွှေကွယ်လွန်ခြင်းဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ

တော့ မဟုတ်ပါဘူး။ အသက်ကလည်း ၉၇ နှစ်ဖြစ်ပါတယ်။ ၇၉ နှစ်လည်း မဟုတ်ပါဘူး။

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေကတော့ နေပြည်တော်မှာ ကျန်းမာစွာ ရှိကြောင်း မကြာသေးမီက ကြံ့ခိုင်ရေး ပါတီ ထိပ်တန်း ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးဌေးဦးက ဧရာဝတီ တွေ့ဆုံခန်းမှာ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီးကတော့ လက်ရှိ နိုင်ငံရေး ဖြစ်စဉ်တွေကို မျက်ခြေမပြတ်ဘူးလို့ဆိုထားပြီး စိတ်ဝင်စားလျှက် ရှိနေကြာင်းပါတဲ့။

No comments:

Post a Comment