ရန်ကုန်၊ဒီဇင်ဘာ၊ ၂၃ ရက်။
စုံစမ်းစစ်ဆေးရေးကော်မရှင်၏
စစ်ဆေးချက်များနှင့် အစိုးရ၏ ဆုံးဖြတ်ဆာင်ရွက်ဆောင် ရွက်မှုများသည်
တရားမျှတမှုမရှိခဲ့လျှင် ပိုမိုပြင်းထန်သော အရေးတော်ပုံကို ကိုယ်တိုင်
ဦးဆောင်၍ ပြုလုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်ဆေးရုံကြီးအရးပေါ်ဌာန မှ ဒဏ်ရာရ သံဃာတော်များအား လာရောက်ကြည့်ရှုစဉ် ဦးဝီရသူက မိန့်ကြားသွားခဲ့သည။်
“သံဃာကိုထိလို့မကျေနပ်တာက နိုင်ငံရေးမဟုတ်ဘူး။ ဦးဇင်းတို့လိုလားတဲ့ လိုချင်တဲ့ဆန္ဒတွေ အကုန်လုံးပြည့်ဝအောင် အမျိုးသားအကျိုးစီးပွား မထိခိုက်နိုင်အောင်ဆိုနိုင် မှနိုင်ငံရေးလို့ ဦးဇင်းတို့ကမြင်တယ်"ဟုဦးဝီရသူကမိန့်သည်။ ဆရာတော်မှသံဃာ့ ဆန္ဒလည်းပြည့်ဝအောင်၊ အမျိုးသားအကျိုးစီးပွားလည်း မထိခိုက်စေပဲ အားလုံးပါဝင် ပူးပေါင်းသောနည်းဖြင့်ဖြေရှ င်း
သင့်ကြောင်း ဆရာတော်အနေဖြင့် ရွာသူရွာသားများနှင့် ဦးဇင်းတို့က
တစ်သားတည်း ရှိကြကြောင်း နှင့်လက်ပံတောင်းတောင် အရေးဆောင်ရွက်နေသော
သံဃာတော်များနှင့် ဆရာတော်သည် တစ်သားတည်းရှိကြောင်း လည်းပြောကြားသည်။
“ဆေးရုံပေါ်ကထိခိုက်ဒဏ်ရာရနေ တဲ့သွေးမြေကျခဲ့ရတဲ့သံဃာတော်တွေနဲ့ပြည်သူတွေကလည်းတစ်သားတည်းရှိတယ်၊ ဒီအရေးတ်ာပုံကြီးမအောင်မခြင်း ပြည်သူတွေရဲ့ ဆန္ဒမပြည့်ဝမခြင်း အမျိုးသားအကျိုးစီးပွားကိုမ ထိခိုက်တဲ့နည်းလမ်းနဲ့ ဆောင်ရွက်မျာပါ" ဟု ထပ်မံမိန့်ကြား ခဲ့သည်။
၎င်းအပြင်ဆရာတော်က လက်ပံတောင်းတောင် အရေးဆိုသည်မှာပြည်သူ့ အရေးဖြစ်ကြောင်းနှင့် ပြည်သူ့အရေးတွင် ဦးဝီရသူသည် ဘယ်တော့မှ လက်မနှေးကြောင်း၊ လက်မရှောင်ကြောင်းကို ပြည်သူများအနေနှင့် သိစေချင်ကြောင်း ဆရာတော်က မိန့်ကြားသွားခဲ့သည်။
ဟိန်းကို The Myanma Age
စုံစမ်းစစ်ဆေးရေးကော်မရှင်၏
“သံဃာကိုထိလို့မကျေနပ်တာက နိုင်ငံရေးမဟုတ်ဘူး။ ဦးဇင်းတို့လိုလားတဲ့ လိုချင်တဲ့ဆန္ဒတွေ အကုန်လုံးပြည့်ဝအောင် အမျိုးသားအကျိုးစီးပွား မထိခိုက်နိုင်အောင်ဆိုနိုင်
“ဆေးရုံပေါ်ကထိခိုက်ဒဏ်ရာရနေ
၎င်းအပြင်ဆရာတော်က လက်ပံတောင်းတောင် အရေးဆိုသည်မှာပြည်သူ့ အရေးဖြစ်ကြောင်းနှင့် ပြည်သူ့အရေးတွင် ဦးဝီရသူသည် ဘယ်တော့မှ လက်မနှေးကြောင်း၊ လက်မရှောင်ကြောင်းကို ပြည်သူများအနေနှင့် သိစေချင်ကြောင်း ဆရာတော်က မိန့်ကြားသွားခဲ့သည်။
ဟိန်းကို The Myanma Age
No comments:
Post a Comment