Monday 31 December 2012

ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် နှစ်သစ်ကူးဆန္ဒထုတ်ဖော်ဆုတောင်းပွဲ







ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့စစ်ပွဲတွေအမြန်ဆုံးရပ်တန့်ပြီးစစ်ဘေးသင့်ဒုက္ခသည် များ အိမ်ပြန်နိုင်ဖို့နဲ့ငြိမ်းချမ်းရေး ရရှိဖို့ ဆန္ဒထုတ်ဖော်တဲ့အနေနဲ့ နှစ်သစ်ကူးအခါသမယဖြစ်တဲ့ ဇန်န၀ါရီလ ၁ရက်နေ့မှာ ပြည်သူများအားလုံး အဖြူရောင်အင်္ကျီများဝတ်ဆင်ပေးကြပါရန် မေတ္တာရပ်ခံနှိုးဆော်အပ်ပါတယ်။

ဒါ့အပြင် ဇန်န၀ါရီလ ၁ရက် ၂၀၁၃ခုနှစ် ညနေ ၂နာရီမှ ၅နာရီထိမဟာဗန္ဓုလပန်းခြံရှေ့မှာ ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေးလိုလားသူပြည်သူများကနှစ်သစ်ကူးငြိမ်းချမ်းရေးဆုတောင်းပွဲတခုပြုလုပ်သွားမှာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးလိုလားသူများပါဝင်ဆုတောင်းနိုင်ပါတယ်။

ယနေ့နေ့လည်ကသက်ဆိုင်ရာမှခွင့်ပြုမိန့်ရရှိခဲ့ပါတယ်။ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ ကျောင်းသားများ၊ငြိမ်းချမ်းရေးလိုလားသူများ ပူးပေါင်းပါဝင်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါတယ်။

Moe thway (Generation Wave)

No comments:

Post a Comment