Monday 31 December 2012

လက်ပတောင်းကိစ္စချေးထုတ်ကြီး ကိစ္စ


သေချာတာကတော့...၈၈ လဲ နက်ဖန်new year နှစ်စကြီးမှာကချင်သွားစေ့စပ်မယ်..
၊ဒေါ်စုကလဲလက်ပတောင်းကိစ္စချေးထုတ်ကြီးကို..ဘာမဆိုင်ညာမဆိုင်ဝင်ထမ်းနေရတယ်...

နှစ်သစ်ကူးမှာ...လေးစားစွာဂါရ၀ပြုပါတယ်....
------------------------------------------------------
တစ်ဘက်ကကြည့်ရင်လဲ...နိုင်ငံတော်အတွက်...ကောင်းတယ်..ပေါ့..

တစ်ဖက်ကကြည့်ရင်လဲ.တိုင်းပြည်အရေးဆို..မနေနိုင်တဲ့.
နှစ်ဘက်စလုံးကို Problem တွေပေးပြီး..
"အုံး"စား..ခိုင်းထားသလိုပဲနော်...

ကျွန်တော်တို့ကိုလဲ...
ဒီကောင်တွေအဲဒီလောက်တောင်ရေးချင်နေကြတာ..
ရေးကြကွာဆိုပြီး..
အနော်တို့အတွက်..
အဆိုင်းမင့်လေးတွေချပြ..
Topic လေးတွေဖန်တီး..
ကျွန်တော်တို့က..မြောပါကြ..

ယုန်တောင်ပြေး..
ခွေးမြောက်လိုက်.ဖြစ်.ကြ...

ဟီးဟီး....

==================================
"ကချင်အရေး ဒေါ်အောင်ဆန်းစုကြည် နှုတ်ပိတ်နေခြင်း မဟုတ်ကြောင်း ဦးဝင်းတင်ငြင်းဆို"
ဆိုတဲ့အရင်သတင်းတစ်ခုထဲကကောက်နှုတ်ချက်လေးပါ---

“ဒေါ်စု ကတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လာရင်၊ ဒီမိုကရေစီရေးနဲ့ ပတ်သက်လာရင် ဘာမှ နှုတ်ပိတ်တယ်လို့ မရှိဘူး။ ဒေါ်စု ပြောနေတဲ့ အကြောင်းက ပထမဆုံး အပစ်အခတ်တွေ ရပ်စဲဖို့လိုတယ်၊ ပစ်နေခတ်နေကြရင် ဆွေးနွေးပွဲ ဆိုတာ မဖြစ်နိုင်ဘူး၊ နောက်တချက်က တိုင်းရင်းသား အရေးနဲ့ ပတ်သက်လာရင် တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်ဖြစ်တဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး၊ တန်းတူ အခွင့်အရေး ဆိုတဲ့အချက် ၂ ချက်ကို ကြည့်ပြီး စစ်မှန်သည့် ဒီမိုကရေစီ ပြည် ထောင်စု ဆိုတာဖြစ်ဖို့ ညှိနှိုင်း ဆွေးနွေးကြပါဆိုတာ ပြောနေတာ”

ဒေါ်အောင်ဆန်စုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာစဉ် ကတည်းက သတင်းမီဒီယာများနှင့် ပြောဆိုမှုများ၊ ကြေညာချက်များက ထုတ်ဖော်ပြသလျှက်ကြောင်း၊ လွန်ခဲ့သည့် ဇူလိုင်လက ထုတ်ပြန်ခဲ့သည့် "ငြိမ်းချမ်းရေးအတွက် အိတ်ဖွင့်ပေးစာ" တွင်လည်း ငြိမ်းချမ်းရေး အတွက် စစ်ရေး တိုက်ခိုက်မှုများအစား နိုင်ငံရေး နည်းလမ်းအရ တွေ့ဆုံ ဆွေးနွေးရေး နည်းလမ်းဖြင့် လုပ်ဆောင်သွားကြရန် သမ္မတ ဦးသိန်းစိန်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့တို့ကို အိတ်ဖွင့်စာပေးပို့ မေတ္တာရပ်ခံ ကမ်းလှမ်းခဲ့ကြောင်း ဦးဝင်းတင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ထိုစဉ်က တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများနှင့် အစိုးရအကြား စွန့်စားပြီး ၀င်ရပ်မည်ဟု ပြောဆိုခဲ့ကြောင်း၊

အဆိုပါကိစ္စ လုပ်ဆောင်မပေးနိုင်ပါက ကြားညပ်ကာ အန္တရာယ်ကြီးသည့် ကိစ္စဖြစ် ကြောင်း သိလျှက် ရပ်တည်ခဲ့ကြောင်း သူက ဆက်ပြောသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ကျမတို့တော့ ကြားဝင်ရပ်ပေးမှဖြစ်မယ်၊ မလုပ်ရင်တော့ ပိုဆိုးလိမ့်မယ်ဆိုပြီး ဒေါ်စု ပြောတဲ့ စကား ကျနော် မှတ်မိနေသေးတယ်”
ဟု ဦးဝင်းတင်က ဆိုသည်။

ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေး ဆိုင်ရာ တတ်စွမ်းသမျှ ကူညီပေးသွားမည်ဟု ပြောဆို ကမ်းလှမ်းမှု တွင် တိုင်းရင်းသား အဖွဲ့များက ကြိုဆိုခဲ့ကြသည်။ သို့သော် အစိုးရဘက်က မည်သို့မျှ မတုံ့ပြန်ခဲ့ဟု သိရသည်။

“သဘောကတော့ ဒေါ်စုရဲ့ ကြားဝင်ပေးဖို့ ကမ်းလှမ်းချက်ကို အစိုးရဘက်ကလည်း ဘာမှ မတုံ့ပြန်ခဲ့ဘူး။ ကချင်ဘက် ကလည်း ဘာမှ မတုံ့ပြန်ခဲ့ဘူး”
ဟု ဦးဝင်းတင်က ဆိုသည်။

သို့သော် မကြာသေးမီက ဧရာဝတီ သတင်းဌာန အယ်ဒီတာနှင့် အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဦးအောင်မင်း တို့ တွေ့ဆုံရာတွင် ကချင်ပြည်နယ်အရေး အပါအ၀င် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ဒေါ်အောင်ဆန်းစုကြည် ၏ အခန်းကဏ္ဍနှင့် ပတ်သက်ပြီး အတိအလင်း အစိုးရဘက်က တုံ့ပြန်ပြောကြားလာခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်လည်း ၀ိုင်းကူမယ်လို့ ကတိပေးထားပြီးသားပါ။ လိုအပ်တာကိုပြောပါ၊ ၀ိုင်းကူမယ်လို့ ပြောထားပြီးသား။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း အခု လွှတ်တော် တက်နေရတာပေါ့ဗျာ။ လွှတ်တော် တက်နေရတော့ သူ မအားလပ်ဘူး။ အားလပ်တဲ့ နောက်ပိုင်း ကာလတွေမှာ သူ ကျနော်နဲ့ လိုက်မှာပေါ့ဗျာ။ ခင်ဗျားတို့ အဲဒါ စောင့်ကြည့်လိုက်ပေါ့” ဟု ဦးအောင်မင်းကလည်း ပြောထားသည်။

NLD ပါတီသည် အာဏာရပါတီမဟုတ်ကြောင်း၊ ညှိနှိုင်းဆွေးနွေးရေးနှင့် ပတ်သက်၍ ၂ ဘက်စလုံးကို တိုက်တွန်း၍ အပစ်အခတ် ရပ်စဲရေး မေတ္တာရပ်ခံသည့် အဆင့်သာလုပ်နိုင်ပြီး တကယ် ငြိမ်းချမ်းရေး ပြောဆိုရေးမှာ အစိုးရနှင့် ကချင်ပြည်နယ် လွတ်မြောက်ရေး အဖွဲ့ (KIO) တို့သာဖြစ်ကြောင်း ဦးဝင်းတင်က ဆိုသည်။

မူရင်းသတင်း...
http://burma.irrawaddy.org/archives/20769
 
မူရင်း  ..ကိုပုရစ်

No comments:

Post a Comment