Saturday 29 December 2012

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ချုပ်ထားသော ဆွယ်တာ သိန်း ၆၃၀ ဖြင့် လေလံအောင်မြင်




ရန်ကုန်၊ဒီဇင်ဘာ ၂၉။

ဒီဇင်ဘာလ ၂၈ ရက် ည ၁ နာရီ ၁၀ မီနစ်ခန့်တွင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရက်လုပ်ထားသော ဆွယ်တာ အင်္ကျီအား ကျပ်သိန်း ၆၃၀ ဖြင့် အမည်မဖော်လိုသူ တစ်ဦးက လေလံအောင်မြင်သွားကြောင်း သိရသည်။

အဆိုပါ ဆွယ်တာအင်္ကျီအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပညာရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲတွင် လေလံတင်အခန်းအနားပြုလုပ်ခြင်းဖြစ်ပြီး ည ၁၂ နာရီ ၀န်းကျင်ခန့် အချိန်တွင် ကျပ်သိန်း ၆၂၅ ထိရှိကြောင်းသိရသည်။

လေလံအောင်မြင်သွားသော ဆွယ်တာ အင်္ကျီအား အထက်ပါ အမည်မဖော်လိုသူက ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် လာရောက် ထုတ် ယူမည်ဖြစ်ကြောင်း သိရသည်။

စူးရှ
ဓာတ်ပုံ - ဆုဝေ

No comments:

Post a Comment