Monday, 5 November 2012

မြန်မာနှင့် ဒိန်းမတ် အစိုးရတို့ အကြား၊ ပြည်သူများ အကြား နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ချစ်ကြည် ရင်းနှီးမှု တိုးတက် ခိုင်မြဲစေရန် ကဏ္ဍသစ် ဖွင့်လှစ်



ယနေ့ နံနက် ၈ နာရီ မိနစ် ၅ဝ တွင် ဒိန်းမတ် နိုင်ငံ ဝန်ကြီးချုပ် H.E. Mrs. Helle Thorning Schmidt ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် အထူး လေယာ ဉ်ဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိ လာရာ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ဒိန်းမတ်နိုင်ငံ သံရုံးတို့မှ တာဝန် ရှိသူများက ရန်က

ုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် ၌ ကြိုဆို နှုတ် ဆက် ကြသည်။

ထို့နောက် ဒိန်းမတ် နိုင်ငံ ဝန်ကြီးချုပ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် နံနက် ၁ဝ နာရီ ခွဲတွင် ရန်ကုန်မြို့ နတ်မောက်လမ်းရှိ Chatrium Hotel ၌ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး များဖြစ်ကြသော ဦးအောင်မင်း၊ ဦးစိုးသိန်း ၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့် တို့နှင့် တွေ့ဆုံ ဆွေးနွေးကြ သည်။
...
အဆိုပါ ကိုယ်စားလှယ် အဖွဲ့သည် မွန်းလွဲပိုင်းတွင် ရွှေတိဂုံ စေတီတော်အား သွားရောက် ကြည်ညို ကြသည်။

http://www.myawady.com.mm/all-news/187-2012-09-22-17-00-53/5597-2012-11-05-02-34-22
သတင်း  မြ၀တီ

No comments:

Post a Comment