၂.၁၁.၂ဝ၁၂ ရက်နေ့ နံနက်နေထွက်သည့် အချိန်မှစ၍ ကျွန်တော့်၏တယ်လီဖုန်းနှင့် ကွန်ပြူတာ (အင်တာနက်စာမျက်နှာ)ထက်တွင် ကျွန်တော့်မွေးနေ့အား ဆုတောင်းမေတ္တာပို့ခြင်းတို့ လွှမ်းခြုံခဲ့သည်။ ဟုတ်ပါသည်။ ၂.၁၁.၂ဝ၁၂ ရက်နေ့သည် ကျွန်တော် (၅၃) နှစ်ပြည့်သော မွေးနေ့အခါသမယတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ အသင်းသူ/ သားများသည်၎င်း၊ မိတ်ဆွေအပေါင်းအသင်းများသည်၎င်း၊ ပြည်ပမှမိတ်ဆွေ အပေါင်းအသင်း၊ Blogger များသည်ပင် ကျွန်ေ
တာ့်အား
မွေးနေ့ပွဲမလုပ်ဘူးလား ? ဘာကျွေးမှာလဲ ? စသဖြင့် မေးမြန်းကြသည်။
ကျွန်တော်ပြည်ပမှ ပြန်ရောက်သည်မှာ (၂) ရက်ခန့်သာ ဖြစ်သောကြောင့်
နာရေးကူညီမှုအသင်း(ရန်ကုန်)တွင်
တွေ့ဆုံရမည့်သူများ၊ မိမိလုပ်ကိုင်ရမည့် အသင်း တာဝန်ကိစ္စရပ်များနှင့် (၅)
နှစ်တာကာလ ဝေးကွာခဲ့သော ကျွန်တော်၏သမီး မြင့်မိုရ်ဦးတို့ဇနီးမောင် နှံနှင့် ကျွန်တော်၏ မြေးငယ်နှစ်ယောက်တို့နှင့် ပြန်လည်ဆုံတွေ့နေသောကြောင့်
မိမိ၏ မွေးနေ့မွေးရက်ကိုပင် သတိမထားမိခဲ့ချေ။ ယခင့်ယခင်နှစ်များတွင်
ကျွန်တော်၏ မွေးနေ့မွေးရက်၌ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင်
မိမိကျင်လည်ခဲ့သော ရုပ်ရှင်လောကအချိန်တွင် သရုပ်ဆောင်မင်းသားအဖြစ်
ဝတ်ဆင်မြန်း ခဲ့သော အဝတ်အထည်များအား မဲဖောက်၍ ဝန်ထမ်းများ၊ လုပ်အားပေး
လူမှုရေးသမားများအား ဝေငှ ကုသိုလ်ဒါနပြုခြင်း၊ အကျွေးအမွေးဒါနပြုခြင်း၊ ဇနီး
ရွှေဇီးကွက်နှင့်အတူ ကိုယ်တိုင်ကိုယ်ကျ မုန့်လုပ်ကာ ဒါနပြု ကျွေးမွေးခြင်း
စသည့်ကုသိုလ်ရေးများကို လုပ်ဆောင်ပေးခဲ့သည်။ သို့သော် ယခုမွေးနေ့ရက်တွင်
နံနက်အိပ်ယာထထချင်း မွေးနေ့ဆုတောင်း မေတ္တာပို့ကြသော တယ်လီဖုန်းသံများ၊
အင်တာနက်မှ ပို့သ သော မွေးနေ့ဆုတောင်းများကို တွေ့ရှိခံစားမိကာမှ
ကျွန်တော်၏ အသက် (၅၃) နှစ် မွေးနေ့ရက်ဖြစ် ကြောင်း သတိထားမိသည်။ သို့သော်
အသင်းသူ/သားများအား ကျွေးမွေးဧည့်ခံ ကုသိုလ်ယူမည့် ကိစ္စရပ် များအား
အချိန်မီ (ချက်ခြင်း) မစီစဉ်နိုင်ခဲ့ချေ။ ကျွန်တော်၏ ထမ်းဆောင်နေရသော
လူမှုရေး အသင်းအဖွဲ့ တာဝန်များဖြင့် မအားမလပ် ဖြစ်နေရသည်။
ထိုနေ့ နံနက် (၁းဝဝ) နာရီအချိန်တွင်လည်း ကျွန်တော်အိပ်ယာမှ ဆတ်ခနဲ နိုးလာသည်။ အိပ်ယာနိုး၍ စက္ကန့်ပိုင်းအတွင်း တယ်လီဖုန်းသံမြည်လာသည်။ ဤအချိန်တွင် မည်သူကများ ဖုန်းဆက် သနည်းဟု တွေးတောမိကာ တယ်လီဖုန်းအား ကောက်ကိုင်လိုက်သောအခါ “ဦးကျော်သူရေ … ကျွန်တော် ဦးမောင်ညွန့်ရဲ့သားပါ။ အဖေတော့ဆုံးသွားရှာပြီ။” ဟူ၍စတင်ကြားရတော့သည်။ ယင်းကဲ့သို့ ကျွန်တော်၏ မွေးနေ့ဖြစ်သော နံနက်အစောပိုင်း (၁းဝဝ) နာရီအချိန်တွင် ကျွန်တော့်ထံသို့ အစောဆုံးဖုန်းဆက်၍ နာရေး သတင်းအား ကျွန်တော်ကြားသိရခြင်းသည် “မွေးနေ့တွင် သေနေ့အတွက် ပြင်ဆင်ရန်” ဟူ၍ သတိပေး နှိုးဆော်ခြင်းတစ်ရပ်ပင် ဖြစ်တော့သည်။ ဦးမောင်ညွန့်သည် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) တွင် လုပ်အားပေးနေသော ဝါရင့်လူမှုရေးသမားတစ်ဦး ဖြစ်သည်။ ဦးမောင်ညွန့်သည် နာရေးကူညီမှု အသင်း(ရန်ကုန်)တွင် သစ္စာရှိစွာ၊ စည်းကမ်းရှိစွာဖြင့် အများပြည်သူတို့အတွက် ပေးဆပ်နေသော လူမှုရေး သူရဲကောင်း တစ်ဦးဖြစ်ပေသည်။ ထို့ကြောင့် ကျွန်တော်သည် ဦးမောင်ညွန့်၏ နာရေးကိစ္စရပ်အား အသင်းမှကူညီမှု ပြုလုပ်ရန်အတွက် အသင်းသူ/ သားများအား
ဆောင်ရွက်စေခဲ့သည်။ ကျွန်တော်၏ မွေးနေ့ဖြစ်သော (၂.၁၁.၂ဝ၁၂) ရက်နေ့
နေ့လည်အချိန်တွင် ထူးခြားမှုဖြစ်သော နာရေးလမ်းကြောင်း တစ်ခု ပေါ်ပေါက်ခဲ့သည်။
ထိုနာရေးလမ်းကြောင်းသည် ကျိုက္ကဆံရဲဝင်းရှိ ရဲရိပ်သာ၊ တိုက်အမှတ်၂ဝ၊ အခန်း
(၄) နေအိမ်တွင် ဖြစ်ပေါ်ခဲ့သည်။ ရဲရိပ်သာဝင်းအတွင်း နေထိုင်သူ
အချုပ်ကားမောင်းနှင်သည့် ဦးမြင့်ဇော်နေအိမ်သို့ ဦးမြင့်ဇော်၏ညီဖြစ်သူ
ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နေ ဦးအောင်မင်း၊ ဇနီး မပူစူးတို့နှင့် အတူ
ရင်သွေးငယ် မောင်နှမသုံးယောက်တို့သည် ရက်တစ်ပါတ်ခန့်က ရောက်ရှိလာခဲ့သည်။
မိသားစုဝင် များသည် ရန်ကုန်မြို့သို့မရောက်ခင် မန္တလေးမြို့တွင် သမီးဖြစ်သူ
မမိုးမိုးထံတွင် ငှက်ဖျားဝေဒနာကို ခံစား လာခဲ့သည်။ ထို့ကြောင့်
ရန်ကုန်မြို့သို့ရောက်ရှိသောအခါ ဦးလေးဖြစ်သူ ဦးမြင့်ဇော်နေအိမ်တွင်
နေထိုင် ရင်း ခံစားနေရသော ငှက်ဖျားဝေဒနာအား နီးစပ်ရာဆိုင်များမှ
ဆေးမှီးတိုများဖြင့်သာ ကုသခဲ့သည်။ သို့ရာ တွင် ဝေဒနာပြင်းထန်စွာ
ခံစားနေရသောကြောင့် ရဲဝင်းအတွင်းရှိ ရဲမိသားစုဝင်များမှ
စုပေါင်းအကူငွေဖြင့် ရန်ကုန်မြို့ရှိ မြောက်ဥက္ကလာပဆေးရုံကြီးသို့
သမီး မမိုးမိုး အသက် (၁ဝ) နှစ်နှင့် သားငယ် မောင်သားငယ် အသက် (၅)
နှစ်တို့အား လက်ဆွဲ၍ မိခင်ဖခင်တို့သည် သွားရောက်ကုသရန် ခေတ္တနေထိုင်သော
ကျိုက္ကဆံ ရဲရိပ်သာနေအိမ်မှ ထွက်ခွာခဲ့သည်။ ဆေးရုံသို့ရောက်ရှိသောအခါ
သက်ဆိုင်ရာဆရာဝန်များမှ မမိုးမိုး၏ ဦးနှောက်ထဲသို့ ရောက်ရှိနေသော
ငှက်ဖျားပိုးအား ကုသရန် ပြင်ဆင်နေချိန်တွင် မမိုးမိုးသည် ရုတ်တရက်
ဇက်ကျိုးကျကာ ဘဝတစ်ပါးသို့ ကူးပြောင်းသွားတော့သည်။ အစ်မဖြစ်သူ မမိုးမိုး
အသက် (၁ဝ) နှစ်သည် ကွယ်လွန်သွားရှာပြီး (၅) မိနစ်ခန့်အတွင်း မိဘများနှင့်
အတူလက်ဆွဲ၍ လမ်းလျှောက်ပါရှိလာသော မောင်လေးတစ်ယောက်သည် အစ်မဖြစ်သူ
ဇက်ကျိုး၍ သေဆုံးသွားသည်ကို မြင်တွေ့ပြီး မောင်သားငယ် အသက် (၅) နှစ်သည်လည်း
အစ်မဖြစ်သူ မမိုးမိုး သွားရာနောက်သို့ လိုက်ပါသွားတော့သည်။ မိနစ်ပိုင်း
စက္ကန့်ပိုင်းအတွင်း မိဘများဖြစ်သူ ဦးအောင်မင်း၊ မပူစူးတို့အား
သမီးငယ်နှင့် သားငယ်တို့သည် နှုတ်မဆက် ဘဲ ကမ္ဘာမြေပြင်မှ ထွက်ခွာသွားတော့သည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လုပ်အားပေးဖြစ်သူ မစန်းစန်းနွယ်မှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့
အကြောင်းကြား အကူညီတောင်းမှုကြောင့် နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ
အသင်းသူ/သားများ၊ ဝန်ထမ်းများတို့သည် မြောက်ဥက္ကလာပဆေးရုံသို့ သွားရောက်ကာ
နိဗ္ဗာန်ယာဉ်နှစ်စီးဖြင့် သယ်ဆောင်၍ ရေဝေးသုဿန်သို့ ကူညီပို့ဆောင်
သင်္ဂြိုလ်ပေးခဲ့ သည်။
ယင်းဖြစ်ရပ်အား မွေးနေ့ရှင် ကျွန်တော်သိရှိသောအခါ ကျွန်တော်၏မွေးနေ့ဖြစ်သော … ကျွန်တော် ကမ္ဘာမြေပြင်သို့ ရောက်ရှိခဲ့သောနေ့ရက်တွင် ကမ္ဘာ့မြေပြင်မှ မထင်မှတ်ဘဲ ထွက်ခွာသွားရရှာသော သားငယ်သမီးငယ်၊ မောင်နှမနှစ်ဦးတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သင်္ဃန်း (၂) စုံနှင့်အတူ ကျန်ရစ်သူချို့တဲ့အားငယ်နေေ သာ
မိသားစုဝင်များနှင့် ယင်းမိသားစုဝင်တို့အား ကူညီစောင့်ရှောက်
နေထိုင်ခွင့်ပေးခဲ့သော ကျိုက္ကဆံရဲရိပ်သာနေ အချုပ်ကားမောင်းနှင်သူ
ကိုမြင့်ဇော် မိသားစုတို့အား လူသား ချင်းစာနာစိတ်ဖြင့် ကျွန်တော်၏
ကိုယ်ပိုင်ငွေထဲမှ သားငယ် မောင်သားငယ်၊ သမီးငယ် မမိုးမိုးတို့အား ရည်စူး၍
အလှူငွေ (ငါးသောင်း)ကျပ်နှင့် ကိုမြင့်ဇော် မိသားစုတို့အား အလှူငွေ
(နှစ်သောင်း) ကျပ်တို့အား လှူဒါန်းမှု ပြုလုပ်ပေးခဲ့သည်။ ထို့ပြင် ယနေ့
(၃.၁၁.၂ဝ၁၂) ရက်နေ့ နေ့လည် (၁းဝဝ) နာရီအချိန်တွင်
လူမှုရေးသူရဲကောင်းတစ်ဦးဖြစ်သူ ဦးမောင်ညွန့် အသက် (၇၃) နှစ်၏ ဈာပန အခမ်းအနားအားလည်း အသင်းသူ/ သားများ၊ ဝန်ထမ်းများတို့ဖြင့် စည်းကားသိုက်မြိုက်စွာဖြင့် နောက်ဆုံးနှုတ်ဆက်ခရီးအား အောင်မြင်စွာ ပြုလုပ်ပေးခဲ့သည်။
ကျွန်တော်သည် အသက် (၅၃) နှစ်သို့ ရောက်ရှိသည်နှင့်အညီ လူ့ဘဝသက်တမ်းအား မည်မျှ နေထိုင်ရဦးမည်ကို မခန့်မှန်းနိုင်၊ မတွက်ချက်နိုင်။ ထို့ကြောင့် မိမိနေထိုင်ခွင့်ရရှိသည့် စက္ကန့်၊ မိနစ်၊ နာရီ၊ နေ့ရက်များတွင် ကုသိုလ်ကောင်းမှုများနှင့်သာ
ငြိမ်းချမ်းစွာ နေထိုင်လိုတော့သည်။ ထို့ကြောင့် မိမိ၏
မွေးနေ့အတွက်ပြုလုပ်ခဲ့သော ကောင်းမှုများအား မိမိဘဝတစ်ပါးသို့
ပြောင်းလဲရမည့်နေ့၊ မိမိသေဆုံး ရတော့မည့်အချိန်၊ မိမိကမ္ဘာမြေပြင်မှ
ထွက်ခွာရတော့မည့် နေ့ရက်များအားရည်စူး၍ ယခုကဲ့သို့သော
လက်တွေ့ကျသောလုပ်ရပ်များ၊ သဘာဝကျသော ကုသိုလ်ကောင်းမှုများ၊ သီလလုံသော
ပေးဆပ်မှုများ ဖြင့်သာ ကျင်လည်နေထိုင်တော့မည်ဖြစ်ေ ကြာင်း
ကျွန်တော်၏ မွေးနေ့ (၅၃) နှစ်တွင် သေနေ့အတွက် ပြင် ဆင်နေပြီဖြစ်ကြောင်း
အများပြည်သူအပေါင်းတို့အား အသိပေး၊ သတိပေးစကား ဆိုလိုက်ရပါတော့သည်။
(ကျော်သူ)
ထိုနေ့ နံနက် (၁းဝဝ) နာရီအချိန်တွင်လည်း ကျွန်တော်အိပ်ယာမှ ဆတ်ခနဲ နိုးလာသည်။ အိပ်ယာနိုး၍ စက္ကန့်ပိုင်းအတွင်း တယ်လီဖုန်းသံမြည်လာသည်။ ဤအချိန်တွင် မည်သူကများ ဖုန်းဆက် သနည်းဟု တွေးတောမိကာ တယ်လီဖုန်းအား ကောက်ကိုင်လိုက်သောအခါ “ဦးကျော်သူရေ … ကျွန်တော် ဦးမောင်ညွန့်ရဲ့သားပါ။ အဖေတော့ဆုံးသွားရှာပြီ။” ဟူ၍စတင်ကြားရတော့သည်။ ယင်းကဲ့သို့ ကျွန်တော်၏ မွေးနေ့ဖြစ်သော နံနက်အစောပိုင်း (၁းဝဝ) နာရီအချိန်တွင် ကျွန်တော့်ထံသို့ အစောဆုံးဖုန်းဆက်၍ နာရေး သတင်းအား ကျွန်တော်ကြားသိရခြင်းသည် “မွေးနေ့တွင် သေနေ့အတွက် ပြင်ဆင်ရန်” ဟူ၍ သတိပေး နှိုးဆော်ခြင်းတစ်ရပ်ပင် ဖြစ်တော့သည်။ ဦးမောင်ညွန့်သည် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) တွင် လုပ်အားပေးနေသော ဝါရင့်လူမှုရေးသမားတစ်ဦး ဖြစ်သည်။ ဦးမောင်ညွန့်သည် နာရေးကူညီမှု အသင်း(ရန်ကုန်)တွင် သစ္စာရှိစွာ၊ စည်းကမ်းရှိစွာဖြင့် အများပြည်သူတို့အတွက် ပေးဆပ်နေသော လူမှုရေး သူရဲကောင်း တစ်ဦးဖြစ်ပေသည်။ ထို့ကြောင့် ကျွန်တော်သည် ဦးမောင်ညွန့်၏ နာရေးကိစ္စရပ်အား အသင်းမှကူညီမှု ပြုလုပ်ရန်အတွက် အသင်းသူ/
ယင်းဖြစ်ရပ်အား မွေးနေ့ရှင် ကျွန်တော်သိရှိသောအခါ ကျွန်တော်၏မွေးနေ့ဖြစ်သော … ကျွန်တော် ကမ္ဘာမြေပြင်သို့ ရောက်ရှိခဲ့သောနေ့ရက်တွင် ကမ္ဘာ့မြေပြင်မှ မထင်မှတ်ဘဲ ထွက်ခွာသွားရရှာသော သားငယ်သမီးငယ်၊ မောင်နှမနှစ်ဦးတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်)မ
ကျွန်တော်သည် အသက် (၅၃) နှစ်သို့ ရောက်ရှိသည်နှင့်အညီ လူ့ဘဝသက်တမ်းအား မည်မျှ နေထိုင်ရဦးမည်ကို မခန့်မှန်းနိုင်၊ မတွက်ချက်နိုင်။ ထို့ကြောင့် မိမိနေထိုင်ခွင့်ရရှိသည့် စက္ကန့်၊ မိနစ်၊ နာရီ၊ နေ့ရက်များတွင် ကုသိုလ်ကောင်းမှုများနှင့်သာ
(ကျော်သူ)
No comments:
Post a Comment