Sunday, 4 November 2012

အဂတိအကြောင်း တစ်စေ့တစ်စောင်း (၁) (၂)


HIV AIDS Counseling လုပ်တုန်းက ပြည့်တန်ဆာကောင်မလေးတွေရဲ့ အတွေ့အကြုံကို မျှဝေပါရစေ။ သူတို့က Night Club မှာလုပ်စားတာတဲ့။ သူတို့ရဲ့ ခေါင်းက လင်မယားနှစ်ယောက်တဲ့။ Club မှာ အလုပ်ဖြစ်လို့ ရှိရင် ခေါင်းကို ပိုက်ဆံအပ်ရတယ်၊ ပြီးမှ အကုန်အကျ အကုန်နှုတ်ပြီး လစာရှင်းပေးတယ်။ အကုန်အကျထဲမှာ လမ်းကြောင်းခ၊ လိုင်းကြေး၊ လုံခြုံရေးခတွေပါတယ်။ တစ်ပတ်တစ်ခါ နယ်ထိန်းကိုရှင်းပေးရတယ်တဲ့။ အော် ငါတို့ရဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကြီးဟာဆိုရင်ဖြင့် အများပြည်သူရဲ့ လုံခြုံရေးအပြင် သီးခြားဆောင်ရွက်တဲ့ လုံခြုံရေးဝန်ဆောင်မှုများလဲရှိသေးပါလားလို့ ဂုဏ်ယူမဆုံးဖြစ်မိပါတယ်။
တခါတည်း အဂတိ အဂတိနဲ့ တစ်ဂတိတိုင်း ဂတိနေတာပဲ။ ကိုယ်တွေကတော့ လုပ်လိုက်ရတာ စဉ်းစားလိုက်ရတာ။ သူတို့ကတော့ဘာမှမထူးဘူး၊ စားလို့ကောင်းနေကြတုန်းပဲ။ နိုင်ငံအခြေအနေအရ အတိုင်းအတာတစ်ခုထိ အဂတိတရားကို လက်ခံတယ်။ ဘာတဲ့ အူမတောင့်မှ သီလစောင့်လို့ရမှာတဲ့။ အူမတောင့်ရုံတင်ဆိုတော်သေးတာပေါ့ဗျာ။ အခုဟာက ပျိုပျိုအိုအို အစိုးရ၀န်ထမ်းပဲဖြစ်ဖြစ် ကုမ္ပ္ပ္ပ္ပဏီဝန်ထမ်းလောကမှာပဲဖြစ်ဖြစ် နည်းနည်းလေးရတော့လည်း နည်းနည်း၊ များများရတော့လည်းများများ၊ အင်းရသလောက်ချိုင်နေကြတော့တာပဲ။

အဂတိဆိုလို့ အစိုးရ၀န်ထမ်းပဲ အဂတိရှိတယ်လို့မထင်နဲ့အုံး။ အပြင်ကုမ္ပဏီ၊ လူမှုရေးလောကမှာလည်း အဂတိကခေတ်စားတယ်ဗျ။ အစိုးရ၀န်ထမ်းပိုင်းကလည်း ငယ်တဲ့သူကငယ်လို့ နည်းနည်းရ နည်းနည်းအဂတိလိုက်တာပဲ။ ကြီးကြီးပိုင်းကြတော့ ဒီထက်ကြီးချင်လို့၊ ကြီးတာလေးမြဲချင်တာနဲ့ များများအဂတိကြတာပဲ။ ထားပါတော့ ၀န်ထမ်းငယ်ငယ်က နည်းနည်းအဂတိတာ၊ တစ်ချို့ဌာနတွေကြပြန်တော့ ၀န်ထမ်းကငယ်၊ လစာက တစ်သိန်းမပြည့်၊ စီးတဲ့ကားတွေက မော်ဒယ်နောက်ဆုံးနဲ့ အလှအပအပြိုင်အဆိုင်၊ ပိုက်ပိုက်ကပေါတော့ တစ်ချို့ ၀န်ထမ်းယောက်ျားလေးများဆို ဆတ်တယ်ဆိုလား၊ ဆွတ်တယ်ဆိုလားလုပ်ကြရင်းနဲ့ကိုက်ကြတာလည်းမနည်း၊အသောက်ပြိုင်အမှောက်ပြိုင်ရင်းနဲ့ နောက်ဆုံး ဒေါက်တာခင်မောင်ဝင်းနဲ့ တွေ့သွားကြတာလည်း အသက်အရွယ်အစုံပါတဲ့။

နေ့စားဝန်ထမ်းတစ်ဦးတောင် သူ့လစာရဲ့ ၃ ဆ လောက်ကို ရှာနိုင်တယ်တဲ့။ အော်ဒီလိုလူတွေရဲ့လက်ထဲကို နိုင်ငံတော်ရဲ့ ကုန်ဝင်ကုန်ထွက်ဂိတ်ပေါက်ကို အပ်နှံထားရတာ ဒါကြောင့်လည်း ပြည်သူတွေ သောက်ကျိုးနည်းနေတာ။ ဖမ်းကြပြန်တော့လည်း သူတို့လည်းဘာထူးလို့လဲတဲ့၊ အဆဲခံရတယ်။ ပြုတ်ကြပြန်တော့လဲ အစိုးရကရက်စက်တယ်၊ ကိုယ့်သားသမီကိုယ်မကြည့်ဘူးတဲ့။ အင်းပြီးလည်းပြီးရော ခံရတဲ့သူတွေခံရမှာပေါ့တဲ့ သူတို့က မနပ်တာကိုး၊ ယူလည်းယူရဲရတယ် အပေးကမ်းလည်းရက်ရောရတယ်။ ဒါကြောင့် ငါအခုထိကြီးပွားနေတာလို့ စတဲ့
ဝန်ထမ်းလက်ကျန်ကြီးများရဲ့ စနက်ကြောင့် ၀န်ထမ်းအသစ်အသစ်တို့မှာလဲ အဟောင်းအဟောင်းတို့သွားရာလမ်းအတိုင်း လိုက်ကြသတဲ့။ ခက်တော့လည်း ခက်နေပြီ။ မင်းဆိုတာ ကျောသားရင်သားတင်သားပါ မခွဲခြားရဘူးလို့ ရှေးလူကြီးတွေပြောကြတာပဲ။

တစ်ခါက အဂတိအစည်းအဝေးတစ်ခုမှာ သမ္မတကြီးရဲ့ ဥပဒေအကြံပေးတွေ၊လွှတ်တော်ကြီးရဲ့ဥပဒေအကြံပေးတွေ ပြောတာကြားဖူး ပါတယ်။ ဆရာ့ဆရာကြီးတွေပေါ့။ ဒီနိုင်ငံမှာ အဂတိကို တိုက်ဖျက်လို့မရဘူးတဲ့။ အဟန့်အတားလောက်ပဲလုပ်နိုင်မယ်။ အဂတိကို ကြီးကြီးမားမားဟန့်တားချင်ရင် သူများမွေးထားတဲ့ ငါးထက် ကိုယ်မွေးထားတဲ့ကန်ထဲက ငါးတစ်ကောင်ကို မျှားပြီး ကြော်ပြရမယ်၊ မျှားခံရတဲ့ ငါးကလည်း ငါးကြီးကြီးဖြစ်ဖို့လိုတယ်လို့ပြောသွားဖူးတယ်။ အခုခေတ်မှာတော့ ငါးကြီးကြီးလည်း ကြော်သင့်ရဲ့သားနဲ့ မကြော်တော့ အရိုးရင့်သွားပြီ။ နောက်ပေါက်ငါးတွေကလည်း ငါးကြီးကြီးတွေဖြစ်လာတော့မယ်။ သူတို့သာ အစာ၀၀ပြီး ငါးကန်လည်းကွဲရော တိုင်းပြည်လည်း အင်းမပြောချင်တော့ပါဘူး။ တိုင်းသူပြည်သားတွေအတွက် ရသင့်ရထိုက်တဲ့ အခွန်အခရဲ့ သုံးပုံတစ်ပုံလောက်က သူတို့စီးနေတဲ့ကားတွေ၊ အပြိုင်အဆိုင်ဝယ်နေတဲ့ အိမ်တွေ၊ အ၀တ်အစားတွေ၊ သူတို့အားပေးနေကြ ကာရာအိုကေဆိုင်တွေ၊ ဘီယာဆိုင်၊ အ၇က်ဆိုင်တွေ၊ ဟိုတယ်တွေ၊ ဆတ်ဆတ်ဆွတ်ဆွတ်တွေဆီ ရောက်သွားကြတော့။

အင်းတိုင်းသူပြည်သားတွေခင်မျာ တိုင်းပြည်ဘဏ္ဍာအတွက် အခွန်အခတွေ ဆထက်ထမ်းပိုး ပိုမိုတိုးတက်ပြီး ဆောင်နေကြရတာပေါ့ခင်ဗျာ။ အင်းသူတို့ကတော့ပြောကြပါတယ် ပေးလို့ယူရတာတဲ့ အပြစ်မရှိပါဘူးတဲ့။ ဟုတ်သလိုလိုတော့ရှိတာပေါ့၊ ပေးတဲ့သူကလည်းပေးတာပေါ့ သူတို့ အကျိုးရှိပြီးရောကိုး၊ ဘယ်သူသေသေ ငတေရော ငပေရော အားလုံးမာဖို့လိုတယ်ဆိုတဲ့ ၀ိသမလောဘသား စီးပွားရေးလုပ်ငန်းရှင်တွေကိုး။ သူတို့လည်း ယမမင်းနဲ့ မိတ်ဖွဲ့မယ့်သူတွေထဲမှာပါတယ်။ အခွန်သက်သာအောင်နည်းအမျိုးမျိုးနဲ့ မှောင်ခိုသွင်း၊ ခိုးသွင်း၊ ရောသွင်း၊ အတုသွင်း အကုန်လုပ်တယ်။ ပြီးရင် ပစ္စည်းမသိမ်းအောင်၊ ဒဏ်ငွေနည်းအောင်၊ မရိုက်အောင် ညှိကြေးလေးပေးပြီးညှိတယ်။ ပြီးတော့မှ ကုန်ပစ္စည်းအရင်းထဲကို အခွန်အခရော၊ ညှိခလေးတွေနဲ့ ဂါခလေးတွေပါထည့်ပေါင်း ပြီးရင်အမြတ်တင်ပြီး ရိုက်တော့ စားသုံးသူတို့ခင်မျာ ကုန်ဈေးနှုန်းရေယဉ်ကြောမှာ အလျားလိုက်လက်ပစ်ကူကြပါရောလား။ စားသုံးသူဆိုတာလဲ ၀န်ထမ်း၊လုပ်ငန်းရှင်မပါ ၅၉ သန်းသော ပြည်သူလူထုခင်ဗျ။ တိုးတက်တဲ့နိုင်ငံတွေမှာ စားသုံးသူကို မွေးမြူတယ်တဲ့၊ ဒီမှာတော့ လားလားမျှ မဟုတ်၊ စားသုံးသူက လုပ်ငန်းရှင်ကို ပြန်မွေးမြူလိုက်ရတာ ၅ နှစ်သာကလေးလုပ်စာ ၄၀ အရွယ်လူကြီး ထိုင်စားနေတဲ့အတိုင်းပဲ။ အင်းဒီနေ့တော့ ဒီလောက်ပဲပေါ့။ နောက်များမှ အရိုးရင့် ငါးကြီးကြီးတွေအကြောင်း ပြန်ဆက်ကြတာပေါ့။ အဂတိအကြောင်း တစ်စေ့တစ်စောင်း (၂)

ဒီနေ့မနက် ဆိုက်ကားဂိတ်တစ်ခုမှာ ဘောစိနှစ်ယောက်နဲ့ စကားလက်စုံကြနေကြတာ။ ပြောနေကြတဲ့ အကြောင်းက ရှေးအခေါ် ပုလိပ်၊ လွတ်လပ်ရေးရပြီးနောက် ကျပ်မပြည့်တဲ့ ခုနှစ်ပဲ (၇ဲ)၊ အခုတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အကြောင်းပါ။ ဘောစိတစ်ယောက်က သူခံခဲ့ရပုံလေးကိုပြောပြတာ တော်တော်ရင်နာစရာပါ။ သူ့ကားကို ၀ယ်မယ်ဆိုပြီးစရံရိုက်ပြီး ကားစမ်းမောင်းရင်းခိုးသွားတာ။ အဲဒါ ရဲစခန်းသွားတိုင်တော့ တာဝန်ကျအရာရှိက အမှုဖွင့်ပေးမယ် အမှုဖွင့်ခမစခိုင်းတယ်တဲ့။ ပြီးတော့ ကားသူခိုးနောက်လိုက်ဖို့ ကုန်ကျစရိတ်တတ်နိုင်လား? တဲ့။ အော်ကားသူခိုးနောက်လိုက်ဖို့ ကုန်ကျစရိတ်ကတော့ ပေးချင်တာပေါ့၊ မြန်မြန်တွေ့မြန်မြန်ဖမ်း ကိုယ့်ကားပြန်ရ အဆင်ပြေတာကိုး။ ဒါပေမယ့် အမှုဖွင့်ခကြီးက နည်းနည်းလွန်တယ်ထင်လို့ မဖွင့်ဖြစ်ဘူးတဲ့။

ဒါနဲ့နှစ်ရက်လောက်နေတော့ ခိုးသွားတဲ့ကားကို တစ်နေရာမှာရပ်ထားတာတွေ့လို့ ရဲစခန်း ကို အကြောင်းကြားတော့ အရာရှိတစ်ယောက်လိုက်လာတယ် ကားကိုဖမ်းခိုင်းတော့ အမှုမဖွင့်ရသေးတော့ဖမ်းလို့မရဘူးတဲ့။ ကဲနောက်ဆုံးတော့ဂျာအေးသူ့အမေရိုက်သွားတယ်။ အမှုဖွင့်ဖို့ စခန်းမှူး (၂) သိန်း၊ မြို့နယ်မှူး (၂) သိန်း၊ သူ (၁) သိန်း ပေါင်း (၅)သိန်း ၀ိုက်သွားတာခံရဖူးတယ်တဲ့။ အင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ မှုခင်းကျဆင်းရေး ပညာပေးတယ်ဆိုတာ ဒီလိုပါလားလို့ သဘောပေါက်လိုက်မိတယ်။ ဒီနှုန်းအတိုင်းသာ ဆက်သွားရင် ရာဇ၀တ်မှုတော့ တော်တော်လျော့သွားမှာ၊ စာရင်းဇယားတွေအရပေါ့။

မတရားမှုတွေကတော့ ဒီရေအလား တိုးတက်များပြားလာမှာ အမှန်ပဲ။ ကြည့်ပါလား အခုတစ်လောဖြစ်နေတဲ့ လူသတ်မှုတွေ ကားတိုက်မှုတွေ လူတစ်စုက အနိုင်ကျင့် ၀ိုင်းရိုက်ကြတာတွေ အနှိမ်ခံအိမ်ဖော်အသတ်ခံရတာတွေ ၊ တစ်ချို့က အမှုမပေါ်ဘူး၊ အစပျောက်နေတယ်၊ တစ်ချို့ အမှုက ရှင်းရှင်းဘွင်းဘွင်းကြီးဆိုတော့ ဖျောက်လို့မရ၊ ဒီတော့ အန္တရာယ်ရှိ ရုပ်ရှင်ရိုက်ကွက်လို လူစားလဲလိုက်တာတွေ၊ အများကြီးပဲ ကြားလဲကြားနေရတယ်။ မြင်လည်းမြင်နေရတယ်။ ဘာတဲ့ လုံနယ်ဝကကို တက်ရိုက်တာ ဘယ်လောက်၊ လုံနယ်မကယ်နိုင်ရင် ၀ကခကို ဘာနဲ့ရိုက် တည့်မ၀င်နိုင်ရင် ပီကေ၀ါးပြီးဝင် အဲလေ ပီအေနဲ့ ပေါင်းဝင် အားလုံးလုံခြုံစေရမယ်တဲ့။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲ့ အဓိကဆောင်ပုဒ်ဖြစ်တဲ့ တရားဥပဒေစိုးမိုးရေးတို့ ရပ်ရွာအေးချမ်းသာယာရေးတို့ လုံခြုံရေးတို့ဆိုတာ ပြည်သူအားလုံးအတွက်လား အကန့်အသတ်နဲ့ပဲလားဆိုတာ မေးစရာပေါ်နေပြီ။ မြို့ပေါ်မှာဆိုရင်တော့ ဆိုဒ်လေးဂိုက်လေးနဲ့ လူလုံးထွားတာပေါ့။ အစွန်အဖျားကြပြန်တော့ ရဲဆိုတာ အတိုးကြီးချေးစားသူတွေရဲ့ လက်ကိုင်တုတ်ဗျ။ တစ်ချို့ဆို Percentage နဲ့ ကြွေးတောင်းပေးတဲ့ စနစ်တောင်ရှိသေးတယ်။ တစ်ရာကို သုံးဆယ်ဆိုလားပဲ။ အင်း ရဲထဲမှာတောင် အချင်းချင်းဇာတ်တူသားစားတဲ့သူတွေတောင်ရှိသေး။ တစ်ချို့ခင်မျာ အရာရှိသာဆိုတယ်၊ စုတ်တီးစုတ်ပြတ်လေးတွေပါ။ ပိုက်ဆံလည်း အဆင်မပြေကြဘူး။ မိန်းမကလေးမွေးဖို့တောင် အခက်အခဲရှိတယ်။ သူတို့နဲ့ စကားပြောကြည့်တော့ ရဲကျင့်ဝတ်နဲ့ ညီတဲ့ ရဲတွေကိုးဗျ။ ဒါနဲ့ သူတို့ကို ကျွန်တော် ပြန်နောက်မိတယ် ခင်ဗျားတို့ ဘယ်အဆင်ပြေမတုန်းဗျ။ ရဲက ရဲနဲ့ တူနေတာကိုး၊ သူများရဲတွေလို ကြီးပွားချင်ရင် ရဲက ပုလိပ်နဲ့တူအောင်ကျင့် မကြီးပွားရင် ဖိနပ်တံတွေးဆွတ်ပြီး ပါးလာရိုက်လို့။ အင်း ပုလိပ်ပါးဝတဲ့ ရဲအိုကြီးတွေမပြောနဲ့။ တစ်ခါ ဒုရဲအုပ် ၀င်ခွင့်ဝင်ဖြေတဲ့ ကောင်လေးတွေကို မေးဖူးတယ်။ မင်းတို့ဘာလို့ ရဲထဲဝင်ချင်တာလဲလို့။ သူတို့က ပြန်ဖြေပါတယ် အရာရှိဖြစ်ချင်လို့တဲ့ အဲဒီအထိအဆင်ပြေသေးတယ်။ဒါနဲ့ နောက်တစ်ခွန်းမေးလိုက်တယ် ဘာလို့အရာရှိဖြစ်ချင်တာလဲလို့ဆိုတော့ အကုန်လုံးက တစ်ညီတစ်ညွတ်ထဲ ၀ိုင်းဖြေတယ်။ ရဲအရာရှိဖြစ်တော့ အချိုအခြံလေး ဖန်တီးလို့ရတာပေါ့တဲ့။ နယ်ထိန်း In check ဆို တစ်ပတ်ဘယ်လောက်။ အမှုစစ်ဆို တစ်မှုဘယ်လောက် စခန်းမှူးဆို တစ်လ ကိုတာဘယ်လောက်တဲ့။

အင်း ဒီလို ရည်ရွယ်ချက်ကြီးမားတဲ့ အရာရှိလောင်းပေါင်း ဘယ်နှစ်ယောက်ကို မွေးထုတ်ကြပြီးပြီလဲဆိုတာ။ အခုလက်ရှိဖြစ်ပေါ်နေတဲ့ ကိစ္စတွေကြည့်ရင် သိသာနေပြီ။ အင်း ငါတို့ပြည်သူတွေကို ဘယ်လောက်အတိုင်းအတာအထိ ဇာတ်တူသားစားနေကြဦးမှာလဲလို့ပါ။ ရဲမှာ အဂတိလိုက်စားတာက ငွေတင်မဟုတ်ဘူး။ လူကိုယ်တောင် အဂတိလိုက်တယ်။ ပြည့်တန်ဆာမှု ဖမ်းရင် ဘယ်အချိန်ဖမ်းဖမ်း မနက်ကျမှ တရားခံတွေ စခန်းကိုရောက်တယ်။ သူတို့ပြောတော့ သက်သေရှာတယ်လို့ပြောတာပဲ။ အင်း ကိုယ်တွေ့ကြုံဖူးတဲ့ ကောင်မလေးတွေပြောတာတော့ အင်း မပြောတော့ပါဘူးလေ။

တစ်ခါတစ်လေ တရားခံများရင် ဝေစုခွဲတာ နည်းနည်းကြာတတ်တယ်လို့ပဲ အကျဉ်းဖျင်းသိထားပေါ့။ HIV AIDS Counseling လုပ်တုန်းက ပြည့်တန်ဆာကောင်မလေးတွေရဲ့ အတွေ့အကြုံကို မျှဝေပါရစေ။ သူတို့က Night Club မှာလုပ်စားတာတဲ့။ သူတို့ရဲ့ ခေါင်းက လင်မယားနှစ်ယောက်တဲ့။ Club မှာ အလုပ်ဖြစ်လို့ ရှိရင် ခေါင်းကို ပိုက်ဆံအပ်ရတယ်၊ ပြီးမှ အကုန်အကျ အကုန်နှုတ်ပြီး လစာရှင်းပေးတယ်။ အကုန်အကျထဲမှာ လမ်းကြောင်းခ၊ လိုင်းကြေး၊ လုံခြုံရေးခတွေပါတယ်။ တစ်ပတ်တစ်ခါ နယ်ထိန်းကိုရှင်းပေးရတယ်တဲ့။ အော် ငါတို့ရဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကြီးဟာဆိုရင်ဖြင့် အများပြည်သူရဲ့ လုံခြုံရေးအပြင် သီးခြားဆောင်ရွက်တဲ့ လုံခြုံရေးဝန်ဆောင်မှုများလဲရှိသေးပါလားလို့ ဂုဏ်ယူမဆုံးဖြစ်မိပါတယ်။ စားဝတ်နေရေးအတွက် လစာငွေမလုံလောက်လို့ အောက်ဆိုက်ဖန်တီးတာ သဘာဝကျပါတယ်။ ဒါပေမယ့် အများပြည်သူ ရဟန်းရှင်လူတွေရဲ့ အပူစာကို စားပြီး အသက်ဆက်ရှင်နေရတာ သံရည်ပူမြိုချထားသလိုပဲလို့ ဒင်းတို့ မသိသေးတာ ၀မ်းနည်းဖို့ကောင်းတယ်။ ပြည်သူတွေရဲ့ လုံခြုံရေးကို ကောင်းကောင်းမွန်မွန်စောင့်ရှောက်မှုပေးနိုင်ရင် သင်းတို့ ထမင်းမငတ်စေရပါဘူး။ အာမခံရဲပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ ကျေးဇူးတရာသိတတ်တဲ့၊ သနားငဲ့ညှာတတ်တဲ့ မြန်မာနိုင်ငံသားတွေပါ။ သင်းတို့လုပ်ရမယ့်အလုပ်ကိုသာ ကောင်းကောင်းလုပ်ပြီး အောက်ဆိုက်ရှာစရာမလိုဘူး။ အောက်ဆိုက်တွေ ၀င်လာမစဲတသဲသဲဖြစ်လာမယ်ဆိုတာ အသေအချာပါ။

ကိုယ့်တာဝန်ကိုယ်ကျေပြီးရတဲ့ ငွေက အောက်ဆိုက်မဟုတ်တော့ဘူး၊ ဘောနပ်စ်ဖြစ်သွားလိမ့်မယ်ဆိုတာ သင်းတို့သိပါလေ။ ဒုစရိုက်အမှောင်ခွင်းပြီး သုစရိုက်အလင်းယူဆောင်နိုင်တဲ့ ပြည်သူ့သားကောင်းများဖြစ်ကြပါစေလို့ တိုက်တွန်းရေးသားလိုက်ပါတယ်။

Myo Nyi Nyi- people development For Knowledge

No comments:

Post a Comment