Monday 5 November 2012

ထိုင်းနိုင်ငံ နှင့် မလေးရှား နိုင်ငံရောက် ပအိုဝ်းလူငယ် ဗွီဒီယိုဇာတ်ကားရိုက်ကူးဖြန့်ချီ




5.11.2012
"လွိုဆန်မွိုးဖာ ဒုက္ခအာ" အမည်ရှိ ဗွီဒီယိုဇာတ်လမ်း နှင့် တမားဟံး တပြက့်သာ့ အမည်ရှိ ဗွီဒီယိုဇာတ်ကား (၂) ကားကို ထိုင်းနိုင်ငံ နှင့် မလေးရှား
နိုင်ငံရောက် ပအိုဝ်းလူငယ်များမှ တစ်ပြိုင်ထဲ ထွက်ရှိလာခဲ့ပါသည်။
တမားဟံး တပြက့်သာ့ အမည်ရှိ ဗွီဒီယိုဇာတ်ကားကို မလေးရှားနိုင်ငံရောက် ၀တ္ထု ဇာတ်ညွန်း ဒါရိုက်တာ ခွန်အုံထွား ရိုက်ကူးထုတ်လုပ်တာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းက အချစ် အလွမ်း အကြမ်း စုံလင်စွာဖြင့် တင်ဆက်ထားသည့် ပထမဆုံးခြေလှမ်းအနေဖြင့် စီစဉ်ရိုက်ကူး ဖြန့်ချီလိုက်သော ဇာတ်ကား တစ်ကားဖြစ်ကြောင်းလည်း သိရပါသည်။

"တမာ;ဟံ; တပြက်,သာ," အမည်ရှိ ဗွီဒီယိုဇာတ်ကား မှာ ပါဝင်သရုပ်
ဆောင်ကြတဲ့ မင်းသား မင်းသမီးတွေကတော့ ခွန်အုံထွား- ခွန်ကျော်အောင်၊ ခွန်ရဲထွန်း၊ ခွန်လှအောင်၊ ခွန်ကျော်နီ၊ ခွန်စိုးသူ၊ ခွန်တယား၊ ခွန်သိန်းမွေး၊ နန်းနင်း၊ နန်းနွဲ့ယဉ် တို့ဖြစ်ပြီး ဇာတ်ကား ကြော်ငြာကို မိတ်ဆွေများ သွားရောက်ကြည့်ရှနိုင်ပါသည်

လွိုဆန်မွိုးဖာ ဒုက္ခအာ အမည်ရှိ ဗွီဒီယိုဇာတ်လမ်းကို ထိုင်းနိုင်ငံရောက် ၀တ္ထု ဇာတ်ညွန်း ဒါရိုက်တာ ၀တ္တု စီစဉ်သူကတော့ ခွန်ဖြူလေး၊ ခွန်အေးမောင် တို့ဖြစ်ပါတယ်။ တည်းဖြတ်ကိုတော့ ခွန်ဟော်ခံ ဖြစ်တယ်။ ဒီဇာတ်လမ်းမှာ အထူးဖြင့် ကျေးလက်ဒေသကို အခြေခံပြီး မိဘမေတ္တာကို တန်းဖိုးထားဖို့ ရိုက်ကူးတင်ဆက်ထားသော ဇာတ်ကားတစ်ကား ဖြစ်ပါသည်။

ဒီဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ကြတဲ့ မင်းသား မင်းသမီးကတော့ သရုပ်ဆောင် ဦးခွန်မြ၊ နန်းခမ်းရောင်း၊ ဦးခွန်လောင့် ။ နန်းခမ်း၊ ခွန်ဖြူလေး(ခ) ခွန်ရန်းထို၊ ခွန်အေးမောင်(ခ) ခွန်ကုဝေ၊ ခွန်ထွန်းသာ၊ ခွန်စိုင်းအောင်၊ ခွန်မောင်ဝိန်း၊ ခွန်မောင်သိန်း၊ ခွန်ထွန်းရီ၊ ခွန်မောင်သန်း(၂)။ ခွန်ကျော်လှ၊ နန်းဒါ (ခ) နန်းဟွမ် ၊ နန်းခမ်းလွဉ်း၊ နန်းမနီ တို့ဖြစ်ကြောင်း သိရပါသည်။

လွိုဆန်မွိုးဖာ ဒုက္ခအာ အမည်ရှိ ဗွီဒီယိုဇာတ်လမ်းမှာ သီချင်းစာသားကို နာမည်ကြီး ပအိုဝ်းတေးရေးဆရာ ဝေးခွန်မောင်၊ ခွန်ဖြူလေး၊ ခွန်ဟော်ခံ တို့က ရေးပေးပြီး နာမည်ကြီး အဆိုတော် ခွန်တွုက်းအောင်း ၊ ခွန်ဟော်ခံ တို့က သီဆိုထားပါသည်။

"မိဘစကားကို နားမထောင်သော သားသမီး များက ဒုက္ခနဲ့ ရင်ဆိုင်ကြုံရ
တတ်သည့် ဆိုတဲ့ အကြောင်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံရောက် ပအိုဝ်း
ရွေ့ပြောင်းအလုပ်သမားများကို ပညာပေးတဲ့ ဇာတ်ကားမျိုးလဲဖြစ်ပါတယ်" ဟု ဒါရိုက်တာမှ တောင်ကြီးတိုင်းမ်ကို ပြောပါသည်။

လွိုဆန်မွိုးဖာ ဒုက္ခအာ အမည်ရှိ ဗွီဒီယိုဇာတ်လမ်းကို ခွန်အေးမောင် ။ ခွန်ဖြူလေး (0804, 960, 083) / (0827, 600, 147) တဆင့် ၀ယ်ယူ
အားပေးနိုင်ကြောင်း သိရှိရပါသည်။

အမိမြန်မာနိုင်ငံနဲ့ ဝေးကွာပြီး တိုင်းတစ်ပါး ရောက်နေကြပေမယ့်လဲ မိမိတို့ ၀ါသနာကိုတော့ ဖြစ်အောင် ဖန်တီး ရိုက်ကူး တင်ဆက်ထားသော ဇာတ်
လမ်းကောင်းဖြစ်ကြောင်း သိရသည်။
taunggyi time
Shan News

No comments:

Post a Comment