Monday 19 November 2012

အမေရိကန်သမ္မတ လေယာဉ် Air Force One အကြောင်း


Monday, November 19, 2012

နိုဝင်ဘာလ ၁၉ ရက်နေ့ မနက်က အမေရိကန် သမ္မတ အိုဘးမားဟာ ရန်ကုန်မြို့ ကို သမ္မတလေယာဉ် Air Force One နဲ့ ရောက်ရှိလာပါတယ်။

အမျိုးအစား အတိအကျကတော့ Boeing VC-25 ဖြစ်ပါတယ်။ သူက နယ်န

ယ်ရရ လေယာဉ် တော့ မဟုတ်ပါဘူး။ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၂၅ သန်း အကုန်ကျခံလို့ တည်ဆောက်ထားတဲ့ လေ ယာဉ် ဖြစ်ပါတယ်။ ၁၉၈၆ ခုနှစ်က တည်ဆောက်ပြီး ပုံတူ နှစ်စီး ဖန်တီးထားခြင်း ဖြစ်ပါတယ်။

အမှန်တော့ အမေရိကန် Boeing လေယာဉ် ကုမ္မဏီက သ
မ္မတစီးဖို့ပါဆိုပြီး လေယာဉ်ပျံ သပ်သပ် ထုတ်မထားပါဘူး။ Boeing 747 လေယာဉ်ကို အခြေခံပြီး ပြန်လည် Modify လုပ်ထားခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် ကုန်ကျစရိတ်က အဆပေါင်းများစွာ တက်သွားပါတယ်။

သုံးထပ်လေယာဉ် ဖြစ်ပြီး အပေါ်ဆုံးထပ် (Main Deck) က ခရီးသည်များအတွက် ဖြစ်ပါတယ်။ စုစုပေါင်း ၇၆ ဦး ဆံ့တဲ့ လေယာဉ် ဖြစ် ပါတယ်။ သမ္မတအတွက် ရုံးခန်း၊ အိပ်ခန်း၊ နားနေခန်း၊ ထမင်းစားခန်း၊ ဧည့်ခန်း၊ အခြား အရာရှိ ဧည့်သည်များအတွက် အိပ်ခန်း၊ နားနေခန်း၊ ထမင်းစားခန်း၊ နားနေခန်း၊ အစည်းအဝေးခန်းမ အစုံအလင် ပါရှိပါတယ်။ သမ္မတအခန်းရှေ့ က ကော်ရီဒါမှာလည်း လုံခြုံရေး သုံးယောက်လောက် ထားရှိနိုင်ပါတယ်။

အင်ဂျင် သုံးလုံး တပ်ထားပါတယ်။ ရည်ရွယ်ချက်ကတော့ မိုင်ပေါင် ၇၈၀၀ ကျော်ကို မနားတန်း မောင်းနှင်နိုင်ဖို့ အတွက် ဖြစ်ပါတယ်။ ဒီအတွကလည်း ဆီအလုံအလောက် ပါပါတယ်။ ယင်းခရီးအကွာအဝေးက ကမ္ဘာရဲ့ သုံးပုံတစ်ပုံမျှ ခရီးနှင်နိုင်မှု ဖြစ်ပါတယ်။ အထဲမှာလည်း အစားအသောက် အပြည့်အဝပါရှိပြီး လူ အယောက် ၁၀၀ တစ်ထိုင်တည်း စားလို့လောက်ရအောင် မီးဖိုချောင် ၂ ခုနဲ့ သိုလောင်ထားပါတယ်။

၁၉၈၆ ခုနှစ်က တည်ဆောက်ပြီး ၁၉၉၀ ခုနှစ်နောက်ပိုင်းမှ အမေရိကန် သမ္မတများအတွက် တရားဝင် အသုံးပြုစေခဲ့ပါတယ်။ အိမ်ဖြူတော် ပိုင် လေယာဉ် ဖြစ်ပါတယ်။ သမ္မတ တစ်ဦးချင်းစီ ပိုင်တဲ့ လေယာဉ် မဟုတ်ပဲ အမေရိကန် သမ္မတ ဖြစ်လာသူတိုင်း စီးဖို့အတွက် ဖြစ်ပါတယ်။

Boeing VC-25 က အတော်လေးကြာမြင့်နေပါပြီ။ လေယာဉ်ကနေ တိုက်ရိုက် မိန့်ခွန်းပြောလို့ရအောင် သမ္မတ ဘွတ်ရှ်ခေတ်
ကတည်းက ပြုလုပ်ခဲ့ပေမယ့် Boeing VC-25 ကို အစားထိုးတော့မှာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်နောင်းပိုင်းဆိုရင် ယင်း လေယာဉ် နှစ်စီးအား အသုံးပြုမှု ရပ်နားပြီး နှစ်တိုစီမံကိန်းနဲ့ သမ္မတသုံး လေးယာဉ် အသစ် လေးစီးနဲ့ အစားထိုးမှာ ဖြစ်တယ်လို့ သိရပါတယ်။
--
Ref: wiki
အောင်ခမ်း (TSJ team)
TechSpace Journal
Myanmar Online News က ကူးပြီးဖော်ပြပေးပါတယ်.။

Myanmar Online News က ကူးပြီးဖော်ပြပေးပါတယ်.။

No comments:

Post a Comment