"Y-talk အိမ်နှင့်ရုံးသို့ တိုးချဲ့တော့မည်"
အိမ်သုံးရုံးသုံး ကွန်ပျူတာများ၌ Y-talk ဖုန်းခေါ်ဆိုနိုင်သည့် စနစ်ကို ယခုလကုန်တွင် ဝန်ဆောင်မှု ပေးမည်ဖြစ်ကြောင်း VMG TELECOMS ကုမ္ပဏီမှ သိရသည်။ လက်ရှိတွင် အွန်လိုင်းမှသာ တရားဝင် ဖုန်းခေါ်ဆိုနိုင် သည့် Y-talk စနစ်ကို အင်တာနက်ဆိုင် များသာ အသုံးပြုနိုင်ပြီး ကိုယ်ပိုင် ကွန်ပျူတာများ သုံးစွဲခွင့်မရရှိသေး ကြောင်းသိရသည်။ ”ကိုယ်ပိုင် ကွန်ပျူ တာတွေ့ Y-talk သုံးစွဲခွင့

်ပေးဖို့
မြန်မာ့ဆက်သွယ်ရေးကို ခွင့်ပြုချက် တင်ထာ တာ အခု ခွင့်ပြုချက်ကျလာပါပြီ။
ဒါကြောင့် ဒီလ ကုန်မှာ ဝန်ဆောင် မှု ပေးနိုင်မှာပါ။ လောလောဆယ် မပေးသေးတာက
အကောင့်နှုန်း ထားတွေ ပြန်လည်ပြင်နေတဲ့ အတွက် မပေးသေးတာပါ”ဟု VMG TELECOMS
ကိုနေလင်းက ပြောသည်။ ယင်းစနစ်ဝန်ဆောင်မှု စတင်ပါက
လက်ရှိဖုန်းခေါ်ဆိုခနှုန်းများ
အတိုင်း ဝန်ဆောင်မှုပေးမည်ဖြစ် သော်လည်း အကောင့် ဝယ်ယူခွင့်နှုန်း
ထားနှင့်ငွေဖြည့်ကတ် ဝယ်ယူသည့် နှုန်းထား များ ပြောင်းလဲဖွယ်ရှိကြောင်း
၎င်းက ဆက်လက်ပြောသည်။ ”ကတ်နှုန်း ထားတွေ သတ်မှတ်တာ အတည်ဖြစ်တာနဲ့
တရားဝင်ကြေညာချက် ထုတ်ပြန် ပြီး ဝန်ဆောင်မှု စတင်သွားမှာပါ။ ပွဲသီး
သန့်လုပ်ပြီး ထုတ်ပြန်တာမျိုးတော့ မလုပ်တော့ပါဘူး” ဟု ၄င်းက ဆက်ပြောသည်။
လက်ရှိ ဖုန်းခေါ်ဆို ခနှုန်း ထား များမှာ တရားမဝင် ဖုန်းခေါ်ဆိုသည့်
နှုန်းများကဲ့သို့ တစ်မိနစ်လျှင် ဝ ဒသမ ဝ၅ FEC နှုန်းဖြစ်ပြီး အင်တာနက်ဆိုင်
များတွင် Y-talk အကောင့်နှင့် ငွေဖြည့် ကတ်များ ဝယ်ယူခြင်းမရှိဘဲ
အသုံးပြုနိုင် ကြောင်း သိရသည် ။ Y-talk စနစ်ကို လက်ရှိတွင် ရန်ကုန်၊
မန္တလေး၊ တောင်ကြီး ၊ ပြည်၊ မိတ္ထီလာစသည့်မြို့များနှင့်
ရတနာပုံ ဝက်ဘ်ပေါ်တယ်တွင် အ သုံးပြုနိုင်ကြောင်း၊ ယင်းအပြင် ရတနာပုံ Call
Center တွင်လည်း ဝန်ဆောင်မှုပေးရန် အစီအစဉ်ရှိကြောင်း ယင်းကုမ္ပဏီက သိရသည်။
Y-talk စနစ်ကိုVMG TELECOMS ကုမ္ပဏီမှ ရတနာပုံ တယ်လီပို့ မြန်မာ့ ဆက်သွယ်ရေး
နှင့် ပူးပေါင်းဝန်ဆောင်မှု ပေးခြင်း ဖြစ်ကြောင်းသိရသည်။
News AF Ijournal
News AF Ijournal

No comments:
Post a Comment