Wednesday 17 October 2012

ပြင်ပတွင် ဖြစ်ပေါ်နေသော တန်ဖိုးငယ် ငွေစက္ကူ (Small Notes) များနှင့် ပတ်သက်သော သတင်းမှာ မဟုတ်မှန်ကြောင်း မြန်မာ နိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်ကြေညာ



ယခုရက်ပိုင်း ကာလတွင် မြန်မာ နိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ဝေထားသော ငွေစက္ကူ များအနက် တန်ဖိုးငယ် ငွေ စက္ကူများ ဖြစ်သော ၅ိ/၊ ၁ဝိ/၊ ၂ဝိ/၊ ၅ဝိ/ ကျပ်တန်များအား ပြန်လည် ရုပ်သိမ်းမည် ဟူသော ကောလာဟလ များ ဖြစ်ပေါ်နေကြောင်း ကြားသိ ရပါသည်။ ၁၉၉ဝ ပြည့်နှစ် မြန်မာ နိုင်ငံတော်
ဗဟိုဘဏ် ဥပဒေ အခန်း(၃) ဖြစ် သည့် မြန်မာ နိုင်ငံတော် ဗဟိုဘဏ်၏ လုပ်ငန်း တာဝန်နှင့် လုပ်ပိုင်ခွင့်များ အပိုဒ်(၈)၊ အပိုဒ်ခွဲ (က)တွင် ငွေစက္ကူများ (သို့) ငွေဒင်္ဂါးများ ဖြစ်သော ပြည်တွင်း သုံးစွဲငွေကို တစ်ဦးတည်း ထုတ်ဝေသူ အဖြစ် ဆောင်ရွက်ခြင်းဟု ဖော်ပြ ပါရှိပါသည်။ ထို့အတူ အခန်း(၆) သုံးစွဲ ထုတ်ဝေခြင်း အပိုဒ် (၄၅)တွင် မြန်မာ နိုင်ငံတော် ဗဟိုဘဏ်သည် လှည့်လည် သုံးစွဲနေသော မည်သည့် ငွေစက္ကူများ (သို့) ဒင်္ဂါးများကို မဆို ရုပ်သိမ်းရန် လိုအပ်ပါက အစိုးရ၏ ခွင့်ပြုချက်ဖြင့် အများ ပြည်သူသို့ ကြေညာချက် ထုတ်ပြန်၍ ကြိုတင်အသိပေးပြီး ယင်းငွေစက္ကူများ (သို့) ဒင်္ဂါးများအတွက် တန်ဖိုးအလိုက် လဲလှယ်ပေး၍ ရုပ်သိမ်း နိုင်သည်ဟု ပါဝင်ပါသည်။

http://myawady.net.mm/index.php/all-news/local-news/small-notes

မူရင်းသတင်း----မြ၀တီ

No comments:

Post a Comment