Saturday, 27 October 2012

တရုတ်နိုင်ငံသို့ ကားတင်ပို့မှု Nissan ရပ်ဆိုင်းထားမည်



ဂျပန်နိုင်ငံမှ မော်တော်ကားကုမ္ပဏီ Nissan Motor သည် တရုတ်နိုင်ငံသို့ ကားသစ်များတင်ပို့ခြင်းကို လာမည့်နှစ် ဇန်နဝါရီအထိ ရပ်ဆိုင်းထားမည်ဖြစ်သည်။ ဂျပန်နှင့်တရုတ် နှစ်နိုင်ကြား ပိုင်ဆိုင်မှုအငြင်းပွားလျက်ရှိသော Senkaku ကျွန်းစုကို ဝယ်ယူသွားရန် ဂျပန်အစိုးရက ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း တရုတ်လူမျိုးများအကြား ဂျပန်ဆန့်ကျင်ရေး လှုပ်ရှားဆန္ဒပြမှုများ ဆက်တိုက်ေ
ပ်ါပေါက်လာခဲ့သည်။

ဂျပန်ဆန့်ကျင်ရေး ဆန္ဒပြမှုဂယက်က တရုတ်နိုင်ငံရှိ ဂျပန်ကားဈေးကွက်ကို ကြီးမားစွာ ရိုက်ခတ်လာခဲ့ရာ Nissan အနေဖြင့်လည်း တရုတ်တွင် ၎င်းတို့၏ ကားသစ်များရောင်းချရေး ရုန်းကန်ခဲ့ရသည်။ ထိုသို့သော အခြေအနေများကြောင့် တရုတ်နိုင်ငံသို့ ကားသစ်များတင်ပို့ခြင်းကို ရပ်ဆိုင်းထားရန် Nissan က ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း The Asahi Shimbun သတင်းတွင် ဖော်ပြသည်။

  Planet Myanmar Network

No comments:

Post a Comment