တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ကျွန်တော့်ရဲ့ http://www.facebook.com/photo.php?fbid=4094336789788&set=a.3927018726941.2148929.1023841997&type=1&relevant_count=1 စာစုမှာပါတဲ့
ဇနီးဖြစ်သူမီးရှို့သတ်လိုက်တဲ့ အရာရှိအကြောင်းလေး ဒီနေ့သတင်းစာမှာ
ကြော်ငြာတွေ့လိုက်လို့ တင်ပေးလိုက်ပါတယ်။ ကွယ်လွန်သူရဲ့ မိသားစု အတွက်
ရိုင်းပျသလို ဖြစ်စေမိရင်တော့ တောင်းပန်ပါကြောင်း
လုံခြုံရေးအင်မတန်တင်းကျပ်လှတဲ့
စစ်ရုံးထဲမှာ လူသတ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ ၂၀၁၀ နှစ်ကုန်ပိုင်းလို့
ထင်ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သတ်ပြီး စုံစမ်းစစ်ဆေးရေး
အစီရင်ခံစာတစ်စောင်ရှိပေမဲ့
ပြန်ရှာတာမတွေ့တော့တာမို့ မှတ်မိသလောက်ပဲ ရေးလိုက်ပါတယ်။ အသတ်ခံရတဲ့သူက
စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ အနီးကပ် လုံခြုံရေး၊ အတွင်းစည်းလုံခြုံရေးအတွက်တာဝန်ယူထားရတဲ့
လုံခြုံရေး တပ်ရင်းက တပ်ခွဲမှူး၊ ကြည်း-၃၂၁၀၉ ဗိုလ်မှူးနေဇာထွေး ပါ။
စစ်တက္ကသိုလ် အပတ်စဉ် (၄၂) က ဆင်းတာထင်ပါတယ်။ သူ့ကို သတ်တဲ့သူက တခြားသူ
မဟုတ်ပါဘူး။ သူ့ဇနီး ကိုယ်တိုင်ပြန်သတ်လိုက်တာပါ ။ သူ့ဇနီးနာမည်ကို ကျွန်တော်ပြန်စဉ်းစားပေမဲ့ လေးလုံးနဲ့ နာမည်လှလှလေးဆိုတာကလွဲရင် မမှတ်မိတော့ပါဘူး။
သတ်လိုက်ရတဲ့ အကြောင်းရင်းကလည်း အချစ်ကြီးလို့ အမျက်ကြီးတယ်ပဲ ပြောရပါလိမ့်မယ်။ နေဇာထွေး ကနောက်ကောင်မလေးတစ်ယောက်နဲ့
ဟိုတယ်မှာ အချစ်စခန်းဖွင့်ခဲ့တာ၊ အတည်မဟုတ်ပေမဲ့ မယားငယ်လို အိမ်တစ်ဆောင်
မီးတစ်ပြောင်ထားဖို့ ကြိုးစားနေတာတွေကို သက်သေနဲ့တကွ လက်ပူးလက်ကြပ်
မိသွားလို့ပါပဲ။ အရင်ကတော့ နောက်တစ်ယောက်နဲ့ တွဲနေတယ်ဆိုတာ သတင်းပဲ
ကြားခဲ့ရပြီး မသေချာခဲ့သေးဘူးပေါ့။ အဲဒီလို သက်သေအထောက်အထားနဲ့
သေချာသိသွားတဲ့နေ့က နေဇာထွေးနဲ့သူ့မိန်းမ အကြီးအကျယ် စကားများကြ ပါတယ်။
နေဇာထွေးကလည်း သူ့မိန်းမကို ထိုးတြိတ်ပြီး မကျေနပ်ရင် ကွာရှင်းပေးမယ်
ဘာညာတွေဖြစ်ကုန်ပါတယ်။ ရန်ပွဲပြီးတော့ ရန်ဖြစ်ထားတဲ့ အရှိန်ကြောင့်
ပင်ပန်းပြီး နေဇာထွေး တစ်ယောက်အိပ်နေတုန်း သူ့မိန်းမက ဓာတ်ဆီလောင်းပြီး
မီးရှို့သတ်ပစ် လိုက်ပါတယ်။ အဲဒီတုန်းက လုံခြုံရေးတပ်ရင်းရဲ့
တပ်ရင်းမှူးဖြစ်နေတဲ့သူက ဒုဗိုလ်မှူးကြီးရဲရင့်ဝင်းပါ။ သူလည်း ပရိုမိုးရှင်း ထွက်ခါနီးမှာ အုပ်ချုပ်မှု လျော့နည်းဖြစ်စဉ် ဖြစ်သွားမို့ တော်တော်လေး ပျာယာခတ် သွားပါသေးတယ်။
နေဇာထွေးရဲ့ကိစ္စကြောင့် ပျဉ်းမနားထဲမှာ ခြေရှုပ်နေတဲ့ စစ်ရုံးထဲက အရာရှိတွေ/
အခြားအဆင့်တွေ အတော်များများလည်း ကိုယ်ရှိန်သတ် သွားပါတယ်။ စစ်တပ်က
အရာရှိတွေအဖို့ မယားငယ်ထားရတာ အင်မတန်လွယ်ပါတယ်။ စစ်တပ်က အရာရှိတွေဟာ
အာဏာလည်းရှိ၊ တရားမ၀င်ရတဲ့ ပိုက်ဆံတွေကလည်း သောက်သောက်လဲဆိုတော့
ပျဉ်းမနားမြို့ထဲမှာရှိတဲ့ KTV တွေ၊ အနှိပ်ခန်းတွေ အတော်များများကလည်း
သူတို့ကို VIP တွေလို ဆက်ဆံကြပါတယ်။ ကြိုက်တာကို ခေါင်းခေါက်ရွေးလို့
ရတယ်ပေါ့။ KTV တွေ၊ အနှိပ်ခန်းတွေကလည်း သူတို့ရဲ့ လုံခြုံမှုအတွက်
စစ်တပ်ကအရာရှိတွေကို ရှယ်ယာခွဲပေးပြီးပေါင်းတာတို့၊ လူပေးပြီး ပေါင်းတာတို့
လုပ်ထားကြရပါတယ်။ တချို့အရာရှိတွေကျတော့လည်း KTV ၊ အနှိပ်ခန်းက
ကောင်မလေးကို မယားငယ်ထား၊ ငွေထုတ်ပေးပြီး KTV ၊ အနှိပ်ခန်းတွေ
ပြန်ထောင်ခိုင်းပြီး စီးပွားပြန်ရှာခိုင်းပါတယ်။
စစ်တပ်က အရာရှိချင်း တူတာတောင်မှ သာမန်တပ်တွေထက် စစ်ရုံးက အရာရှိတွေက
ပိုပြီး လုပ်ပိုင်ခွင့် ရှိတယ်လို့ အထင်ရှိတဲ့အတွက် စစ်ရုံးက
အရာရှိတွေဆိုရင် KTV ၊ အနှိပ်ခန်း အတော်များများမှာ ဖရီးရိုက်လို့ရပါတယ်။
နန်းထိုက်တော်ဝင်လို ပျဉ်းမနားရဲ့ ထိပ်ထိပ်ကြဲ KTV ကြီးတွေမှာဆိုလည်း ဗိုလ်ချုပ်တွေ ရှယ်ယာပါတယ်ဆိုတဲ့ အရှိန်နဲ့တော်တန်ရုံဝင်မဖမ်းရဲကြပါဘူး။
စစ်တပ်က အခြားအဆင့် (တပ်ကြပ်ကြီးလို၊ တပ်ကြပ်လို) တွေကလည်း သူတို့မှာ
ရှိသလောက် အာဏာတွေ ထုတ်သုံးပြီး အနိုင်ကျင့်ကျတာတွေ ရှိပါတယ်။ အနှိပ်ခန်းက
ကောင်မလေးကို “မနက်ဖြန် နင် ငါနဲ့ တည်းခိုခန်းကို လိုက်ခဲ့၊ မလိုက်ခဲ့ရင်
နင်တို့ဆိုင်ကို ၀င်ဖမ်းပလိုက်မယ် ” စသဖြင့် အနိုင်ကျင့် တာမျိုးတွေ
ခဏခဏကြားရပါတယ်။ ကောင်မလေးက သဘောမတူရင် သူ့အထက်အရာရှိကို “ ကျွန်တော့်ကို
အဲဒီဆိုင်က ဘယ်လို စော်ကားလွှတ် လိုက်ပါတယ်” လို့ သနားစရာမျက်နှာလေးနဲ့
ငိုပြပါတယ်။ အရာရှိကလည်း အဟုတ်မှတ်ပြီး ပျဉ်းမနားကရဲတွေကို ဖိအားပေးလို့
အဖမ်းခံရတဲ့ အနှိပ်ခန်းတွေ၊ KTV တွေ အတော်များများရှိခဲ့ဖူးပါတယ်။
ပျဉ်းမနားမှာရှိတဲ့ အနှိပ်ခန်းတွေ၊ KTV တွေအကြောင်းကိုတော့ နောက်မှပဲ
ပြန်စဉ်းစားလို့သတိရရင်ရေးပါဦးမယ်။
မိုးဇေညိမ်း
လုံခြုံရေးအင်မတန်တင်းကျပ်လ
သတ်လိုက်ရတဲ့ အကြောင်းရင်းကလည်း အချစ်ကြီးလို့ အမျက်ကြီးတယ်ပဲ ပြောရပါလိမ့်မယ်။ နေဇာထွေး ကနောက်ကောင်မလေးတစ်ယောက်နဲ့
နေဇာထွေးရဲ့ကိစ္စကြောင့် ပျဉ်းမနားထဲမှာ ခြေရှုပ်နေတဲ့ စစ်ရုံးထဲက အရာရှိတွေ/
နန်းထိုက်တော်ဝင်လို ပျဉ်းမနားရဲ့ ထိပ်ထိပ်ကြဲ KTV ကြီးတွေမှာဆိုလည်း ဗိုလ်ချုပ်တွေ ရှယ်ယာပါတယ်ဆိုတဲ့ အရှိန်နဲ့တော်တန်ရုံဝင်မဖမ်
ပျဉ်းမနားမှာရှိတဲ့ အနှိပ်ခန်းတွေ၊ KTV တွေအကြောင်းကိုတော့ နောက်မှပဲ
ပြန်စဉ်းစားလို့သတိရရင်ရေးပ
မိုးဇေညိမ်း


No comments:
Post a Comment