ဟင်္သာတ-ဇလွန် အဝေးပြေးလမ်းမကြီးတွင် အောက်တိုဘာလ ၂၇ ရက်နေ. နေ.လည်ပိုင်းအချိန်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သဖြင့် ၁၀ ဦး သေဆုံးပြီး ၉
ဦး ဒါဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။၁၁ နာရီအချိန်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် လူနာ ၁၉ ဦးအား ဇလွန်ဆေးရုံသို.ပို.ဆောင်ခဲ့ရပြီးဇလွန်ဆေးရုံအရောက်တွင် လူနာ ၁၀ ဦး ( ကျား ၂၊ ကလေး(ကျား) ၂၊ မ ၆ ဦး) သေဆုံးသွားခဲ့ကြောင်းသိရပါသည်။ ကျန်ရှိသောလူနာ ၉ ဦး ( ကျား ၄၊ မ ၅ ဦး) အနက် ဒဏ်ရာပြင်းထန်သူ ၆ ဦး (ကျား ၂၊ မ ၄ ဦး) အား ဟင်္သာတခရိုင် ဆေးရုံကြီးသို.
ဇလွန်ဆေးရုံမှ တစ်ဆင့် လွှဲပြောင်းပေးခဲ့ရကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဇလွန်ရဲစခန်းမှ လုပ်ထုံး
လုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။
Eleven Media Group
No comments:
Post a Comment